အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။
Explanation
ဆောက်ထားသောဌာနဖြစ်သောကြောင့်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဈေးများသည် လိမ်လည်လှည့်ဖြားမှု၊ အတိုးစားသုံးမှု၊ မုသားကျိန်ဆိုမှု၊ ကတိဖျက်မှုနှင့် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမှ ဝေးကွာမှုစသည့်အရာများ ပေါများရာနေရာဖြစ်သောကြောင့်ဖြစ်သည်။
Benefits
အလ္လာဟ်အရှင်မြတ်၏ချစ်ခင်မှုနှင့် ကျေနပ်နှစ်သက်မှုကို ရှာဖွေသည့်အနေဖြင့် ဗလီများနှင့် အဆက်အသွယ်ထားခြင်း၊ မကြာခဏသွားရောက် (၍ဝတ်ပြုကိုးကွယ်)ခြင်းတို့ကို ပြုလုပ်ရန် တိုက်တွန်းထားသည်။ ထို့အပြင် စျေးများသို့ သွားရောက်ခြင်းကို လိုအပ်ချက်မရှိပါက လျှော့ချရန် တိုက်တွန်းထားသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် စက်ဆုပ်ရွံရှာမှုဖြစ်စေသော အကြောင်းရင်းများမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။
အိမာမ်နဝဝီက “ဗလီများသည် ရဟ်မသ်ကရုဏာတော်များ ကျရောက်ရာနေရာဖြစ်၍ ဈေးများမှာမူ ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သည်” ဟု မိန့်ဆိုခဲ့သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

