ကလိမဟ်တော်“လာအိလာဟအိလ်လလ္လာဟ်”ကို ရွတ်ဆိုလိုက်ပါ။ ၎င်းကလိမဟ်တော်ဖြင့်ကျွန်တော်သည် သင့်အတွက် ကိယာမသ်နေ့၌ သက်သေခံပေးမည်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘကြီးတော်အား ပြောကြားတော်မူသည်မှာ ကလိမဟ်တော်“လာအိလာဟအိလ်လလ္လာဟ်”ကို ရွတ်ဆိုလိုက်ပါ။ ၎င်းကလိမဟ်တော်ဖြင့်ကျွန်တော်သည် သင့်အတွက် ကိယာမသ်နေ့၌ သက်သေခံပေးမည်ဖြစ်သည်။ ဘကြီးတော်ကပြန်လည်ပြောကြားသည်မှာ အကယ်၍ ကုရိုင်ရှ်တို့က ကျွန်ုပ်အားအပြစ်မတင်ကြလျှင်၊ သေရမည်ကို ကြောက်ရွံ့ခြင်းက ကျွန်ုပ်အား ဤသို့ရွတ်ဆိုစေသည်ဟု ၎င်းတို့ပြောကြမည်ကို မစိုးရိမ်လျှင် အမှန်တကယ်ပင် ကျွန်ုပ်သည် ဤကလိမဟ်တော်ကိုရွတ်ဆိုကာ သင်၏မျက်စိကိုအေးမျှစေမည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဤအာယသ်တော်အား ချပေးတော်မူခဲ့သည်။(ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆)
Explanation
Benefits
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တရားလမ်းမှန်သို့ ညွှန်ကြားပြသပေးသည့် ဟိဒါယသ်ကို ပိုင်ဆိုင်သော်လည်း တရားလမ်းမှန်ပေါ်တွင် လိုက်နာကျင့်သုံးနိုင်စွမ်း ချီးမြှင့်သည့် ဟိဒါယသ်ကို မပိုင်ဆိုင်ပေ။
နာမကျန်းဖြစ်နေသော ဘာသာခြားကာဖိရ်အား အစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်ရန်ရည်ရွယ်ချက်ဖြင့် သတင်းမေးမြန်းခြင်းကို ခွင့်ပြုထားသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အခြေအနေတိုင်းတွင် အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်ရန် စိတ်အားထက်သန်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

