မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရားခြောက်ရပ်ရှိသည်။" ထိုအခါ ဆွဟာဗဟ်တို့က လျှောက်ထားမေးမြန်းကြသည်မှာ - "အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းဝတ္တရားများကား အဘယ်နည်း" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- " အသင် သူနှင့်တွေ့ဆုံသောအခါ သူ့အား စလာမ်ဆိုပါ၊ သူသည် အသင့်အား ဖိတ်ကြားသောအခါ ထိုဖိတ်ကြားချက်ကို လက်ခံပါ၊ အသင့်ထံ အကြံဉာဏ်တောင်းခံလျှင် သူ့အား အကြံဉာဏ်ပေးပါ၊ သူ နှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား အဖြေပေးပါ၊ (ဆိုလိုသည်မှာ 'ယရ်ဟမုကလ္လာဟ်' ဟု ဆိုပါ)၊ သူဖျားနာသောအခါ အသင် သူ့အား လူမမာသွားရောက်မေးမြန်းကြည့်ရှုပါ၊ သူကွယ်လွန်သွားသောအခါ သူ၏ဂျနာဇာအား လိုက်ပါပို့ဆောင်ပါ။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရားခြောက်ရပ်ရှိသည်။" ထိုအခါ ဆွဟာဗဟ်တို့က လျှောက်ထားမေးမြန်းကြသည်မှာ - "အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းဝတ္တရားများကား အဘယ်နည်း" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- " အသင် သူနှင့်တွေ့ဆုံသောအခါ သူ့အား စလာမ်ဆိုပါ၊ သူသည် အသင့်အား ဖိတ်ကြားသောအခါ ထိုဖိတ်ကြားချက်ကို လက်ခံပါ၊ အသင့်ထံ အကြံဉာဏ်တောင်းခံလျှင် သူ့အား အကြံဉာဏ်ပေးပါ၊ သူ နှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား အဖြေပေးပါ၊ (ဆိုလိုသည်မှာ 'ယရ်ဟမုကလ္လာဟ်' ဟု ဆိုပါ)၊ သူဖျားနာသောအခါ အသင် သူ့အား လူမမာသွားရောက်မေးမြန်းကြည့်ရှုပါ၊ သူကွယ်လွန်သွားသောအခါ သူ၏ဂျနာဇာအား လိုက်ပါပို့ဆောင်ပါ။"
Explanation
Benefits
၂။ အကယ်၍ စလာမ်ပေးခံရသူသည် တစ်ဦးတည်းဖြစ်လျှင် စလာမ်၏ အဖြေပြန်ပေးခြင်းသည် ဖရ်ဇ်အိုင်န် (လူတိုင်းအပေါ် တစ်ဦးချင်း မဖြစ်မနေလုပ်ရမည့် တာဝန်) ဖြစ်ပြီး၊ လူအုပ်စုကို စလာမ်ပေးခြင်းဖြစ်လျှင် ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်က ပြန်အ ဖြေပေးခြင်းဖြင့် လုံလောက်သည်။ သို့သော် စလာမ် စတင်ပေးခြင်းသည် မူလအခြေခံအားဖြင့် စွန္နသ် ဖြစ်သည်။
၃။ လူမမာ သွားရောက်မေးမြန်းကြည့်ရှုခြင်းသည် မွတ်စ်လင်မ်ညီနောင်များအပေါ်တွင်ရှိသော သူ(လူမမာ) ၏ အခွင့်အရေးများထဲမှ တစ်ခုဖြစ်သည်။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းသည် သူ၏စိတ်နှလုံးအတွင်းသို့ ပျော်ရွှင်မှုနှင့် စိတ်အေးချမ်းမှုကို ယူဆောင်ပေးသောကြောင့်ဖြစ်ပြီး၊ ၎င်း(လူမမာ သွားရောက်မေးမြန်းကြည့်ရှုခြင်း)သည်ဖရ်ဿ်ွကိဖာယဟ် (လူအချို့ ဆောင်ရွက်ခြင်းဖြင့် အခြားသူများအပေါ်မှ တာဝန်ကင်းသွားသော လုပ်ရပ်) လည်း ဖြစ်သည်။
၄။ ဖိတ်ကြားချက်ကို လက်ခံခြင်းသည် ထိုနေရာ၌ မကောင်းမှုအပြစ် အရာတစ်စုံတစ်ရာ မရှိသရွေ့ ဝါဂျိဗ် ဖြစ်သည်။ အကယ်၍ ဖိတ်ကြားချက်သည် ဝလီမာဧည့်ခံပွဲဖြစ်ပါက ပညာရှင်အများစု၏ အဆိုအရ လက်ခံရန် ဝါဂျိဗ် ဖြစ်သည်။ သို့သော် တရားဝင်အကြောင်းပြချက် ရှိလျှင်မူ ချွင်းချက်ဖြစ်သည်။ ဝလီမာမှလွဲ၍ အခြားသော ပွဲလမ်းသဘင်များအတွက် ဖိတ်ကြားလျှင်မူ ပညာရှင်အများစုက ဖိတ်ကြားချက်ကိုလက်ခံရန် မွစ်သဟဗ်ဖြစ်သည်ဟု ဆိုကြသည်။
၅။ နှာချေသူက "အလ်ဟမ်ဒုလိလ္လာဟ်" ရွတ်ဆိုလျှင် ကြားနာသူအပေါ် "ယရ်ဟမုကလ္လာဟ်" ဟု ပြန်အဖြေပေးခြင်းမှာ ဝါဂျိဗ် ဖြစ်သည်။
၆။ လူ့အဖွဲ့အ စည်း၏ ဆက်ဆံရေး ခိုင်မာစေရေး၊ အီမာန်ယုံကြည်ခြင်းနှင့် ၎င်း၏အဖွဲ့ဝင်များ(မုအ်မင်န်များ)အကြား ချစ်ခင်မှု၊ ဆက်သွယ်မှုများ ခိုင်မြဲစေရေးတွင် ရှရီအသ်တရားတော်၏ စုံလင်ပြည့်စုံမှုနှင့် အလေးထားမှုကို ဖော်ပြထားခြင်း။
၇။ "ဖဆမ်မစ်သ်ဟု" (فَسَمِّتْهُ) ဟူသော စကားလုံးကို အချို့ကျမ်းမူကွဲများတွင် "ဖရှမ်မစ်သုဟူ" (فشمّته) ဟု (ရှီးန်) ဖြင့် ရေးသားထားသည်။ နှစ်ခုလုံး၏ အဓိပ္ပါယ်မှာ ကောင်းကျိုးနှင့် ဗရကသ်မင်္ဂလာရရှိရန် ဒုအာဆုတောင်းခြင်း ဖြစ်သည်။ (التشميت) "သရှ်မီးသ်"၏ အဓိပ္ပါယ်မှာ "အလ္လာဟ်အရှင်မြတ် သင့်အား သူတစ်ပါး၏ ဘေးဒုက္ခကို ဝမ်းမြောက်ခြင်းမှ ဝေးကွာစေတော်မူပါစေ၊ သင်၏ ရန်သူ ဝမ်းမြောက်နိုင်သော အရာမှ သင့်အား ကင်းဝေးစေတော်မူပါစေ" ဟု ဆိုလိုသည်။ (التسميت) "သတ်စ်မီးသ်" ၏ အဓိပ္ပါယ်မှာ "အလ္လာဟ်အရှင်မြတ်သည် သင့်အား ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်သို့ ပို့ဆောင်တော်မူပါစေ" ဟု ဆိုလိုသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

