အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နှာချေသောအခါတွင် မိမိ၏လက်ကို ( သို့မဟုတ် မိမိ၏အဝတ်ကို) ပါးစပ်ပေါ် တင်ထားမူပြီး၊ ၎င်း( လက် (သို့) အဝတ် ) ဖြင့် မိမိ၏အသံကို နှိမ့်ချတော်မူလေသည် ( သို့မဟုတ် ဖုံးဖိတော်မူလေသည် )။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နှာချေသောအခါတွင် မိမိ၏လက်ကို ( သို့မဟုတ် မိမိ၏အဝတ်ကို) ပါးစပ်ပေါ် တင်ထားမူပြီး၊ ၎င်း( လက် (သို့) အဝတ် ) ဖြင့် မိမိ၏အသံကို နှိမ့်ချတော်မူလေသည် ( သို့မဟုတ် ဖုံးဖိတော်မူလေသည် )။
Explanation
( ) မိမိအနားရှိလူကို အနှောင့်
အယှက်ဖြစ်စေနိုင်သော အရာများ (အညစ်အကြေးများ ) ပါးစပ် (သို့) နှာခေါင်းမှ မထွက်စေရန် မိမိ၏လက် (သို့) အဝတ်ကို ပါးစပ်ပေါ်တင်ထားတော်မူလေ့ရှိသည်။
( ၂ ) နှာချေသံကို ကျယ်အောင်မလုပ်ဘဲ နှိမ့်ချစွာပြုတော်မူသည်။
Benefits
နှာချေသည့်အခါတွင် မိမိအနားရှိလူကို အနှောင့်အယှက်ဖြစ်စေနိုင်သော အရာများ ပါးစပ်နှင့် နှာခေါင်းမှ မထွက်စေရန် မိမိ၏အဝတ်ဖြစ်စေ၊လက်ကိုင်ပဝါဖြစ်စေ (သို့) အလားတူပစ္စည်းဖြင့် အုပ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
နှာချေသံကို နှိမ့်ချစွာထားရှိခြင်းသည် လိုက်နာဆောင်ရွက်ရမည့် အချက်ဖြစ်ပြီး၊ ယင်းသည် ပြီးပြည့်စုံသော ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကာ ကောင်းမွန်သော အကျင့်စာရိတ္တများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

