မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။
Explanation
ဒုတိယဝတ္တရားမှာ လူမမာကို သွားရောက်တွေ့ဆုံကာ သတင်းမေးခြင်းဖြစ်သည်။
တတိယဝတ္တရားမှာ ဂျနာဇဟ်အား ၎င်း၏အိမ်မှ ဂျနာဇဟ်ဆွလာသ် ဝတ်ပြုရာသို့လည်းကောင်း၊ ကဗရ်သင်္ချိုင်းသို့လည်းကောင်း မြှုပ်နှံပြီးသည်အထိ လိုက်ပါပို့ဆောင်ခြင်းဖြစ်သည်။
စတုတ္ထဝတ္တရားမှာ ဝလီမဟ် မင်္ဂလာဧည့်ခံပွဲသို့ဖြစ်စေ၊ အခြားကျွေးမွေးပွဲများသို့ဖြစ်စေ ဖိတ်ကြားသည့်အခါ လက်ခံခြင်းဖြစ်သည်။
ပဉ္စမဝတ္တရားမှာ နှာချေသူကို ဆုတောင်းပေးခြင်းဖြစ်သည်။ ဤသည် နှာချေသူက “အလ်ဟမ်ဒုလိလ္လာဟ်" (ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်)ဟု ဆိုသည့်အခါ ကြားသူက “ယရ်ဟမုကလ္လာဟ်” (အသင့်ကို အလ္လာဟ်အရှင်မြတ် ကရုဏာ သက်တော်မူပါစေ)ဟု ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ ထို့နောက် နှာချေသူက “ယဟ်ဒီကုမွလ္လာဟု ဝယွတ်စ်လိဟ် ဗားလကွမ်” (အသင်တို့ကို အလ္လာဟ်အရှင်မြတ် လမ်းမှန်ပြပေးတော်မူပါစေ၊ အသင်တို့၏ အရေးကိစ္စကို ကောင်းမွန်အောင် ပြုလုပ်ပေးတော်မူပါစေ) ဟုဆိုရမည်။
Benefits
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

