HadeethEnc · 1.34.0
“လူတစ်ဦးသည် မိမိနှင့် ရင်းနှီးသောမိတ်ဆွေ၏ သာသနာပေါ်တွင်ရှိသည် (ဆိုလိုသည်မှာ၎င်း၏အမူအကျင့်များကို လိုက် နာတတ် သည်။) ထို့ကြောင့် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မည်သူ့နှင့် မိတ် ဆွေဖွဲ့နေသည်ကို ကြည့်ရှုပါ။ ”
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “လူတစ်ဦးသည် မိမိနှင့် ရင်းနှီးသောမိတ်ဆွေ၏ သာသနာပေါ်တွင်ရှိသည် (ဆိုလိုသည်မှာ၎င်း၏အမူအကျင့်များကို လိုက် နာတတ် သည်။) ထို့ကြောင့် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မည်သူ့နှင့် မိတ် ဆွေဖွဲ့နေသည်ကို ကြည့်ရှုပါ။ ”
02
Explanation
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က လူသားသည် မိမိ၏ ရင်းနှီးသော မိတ်ဆွေ၊ အပေါင်းအသင်းတို့၏ စရိုက်၊ အလေ့အထများနှင့် တူလာတတ်ကြောင်း၊ အပေါင်း
အသင်းသည် ကိုယ်ကျင့်တရား၊ အပြုအမူနှင့် လုပ်ရပ်များအပေါ် သက်ရောက်မှုရှိကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် မိတ်ဆွေကောင်းရွေးချယ်ရန် တိုက်တွန်းခဲ့သည်။ အကြောင်းမှာ မိတ်ဆွေကောင်းသည် မိမိ၏
မိတ်ဆွေအပေါင်း
အသင်းအား အီမာန်ယုံကြည်မှု၊ လမ်းမှန်တရားနှင့် ကောင်းမှုဘက်သို့ ညွှန်ကြားပြသကာ မိမိ၏မိတ်ဆွေအပေါင်းအသင်းအတွက် အကူအညီဖြစ်စေသောကြောင့်တည်း။

03
Benefits
လူကောင်းသူကောင်းများနှင့် ပေါင်းသင်းရန်နှင့် ၎င်းတို့အား ဂရုတစိုက်ရွေးချယ်ရန် ညွှန်ကြားထားပြီး မကောင်းသူများနှင့် ပေါင်းသင်းခြင်းမှ တားမြစ်ထားသည်။
တမန်တော်မြတ်က ဆွေမျိုးတော်စပ်သူထက် မိတ်ဆွေကို သီးသန့်မိန့်ကြားတင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိတ်ဆွေကို သင်ကိုယ်တိုင် ရွေးချယ်ခွင့်ရှိသော်လည်း မောင်နှမနှင့် ဆွေမျိုးသားချင်းများကိုမူ သင်ရွေးချယ်ခွင့်မရှိသောကြောင့်ဖြစ်သည်။
မိတ်ဆွေအပေါင်း အသင်း ပြုလုပ်ခြင်းသည် ဂရုတစိုက် စဉ်းစားဆင်ခြင်ပြီးမှသာ ပေါ်ထွက်လာရန် အရေးကြီးသည်။
လူသားသည် မုအ်မင်န်ယုံကြည်သူများနှင့် ပေါင်းသင်းခြင်းဖြင့် မိမိ၏ဒီန်အား အားကောင်းစေပြီး ဖာစိက် (သူယုတ် မာ)များနှင့် ပေါင်းသင်းခြင်းဖြင့် အားနည်းစေသည်။

Attribution
[رواه أبو داود والترمذي وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares