သင်တို့အနက် တစ်ဦးတစ်ယောက်၏ အိုးခွက်ထဲရှိရေကို ခွေးသောက်ခဲ့လျှင် ထိုခွက်ကို ခုနစ်ကြိမ် ဆေးကြောရမည်
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ သင်တို့အနက် တစ်ဦးတစ်ယောက်၏ အိုးခွက်ထဲရှိရေကို ခွေးသောက်ခဲ့လျှင် ထိုခွက်ကို ခုနစ်ကြိမ် ဆေးကြောရမည်။ မုစ်လင်မ်ကျမ်း၌
« أُولَاهُنَّ بِالتُّرَابِ »
"ယင်းခုနစ်ကြိမ်၏ ပထမအကြိမ်ကို မြေကြီးဖြင့် (ပွတ်တိုက်၍ ဆေးကြောရမည်) ဟုလာရှိသည်။
Explanation
Benefits
ခွေးသည်ခွက်တစ်ခုကို လျက်လျှင် ထိုခွက်နှင့် ခွက်အတွင်းရှိ ရေကို ညစ်ညမ်းစေပါသည်။
မြေကြီးဖြင့် သန့်စင်အောင်လုပ်ခြင်း အပါအဝင် ခုနစ်ကြိမ် အထပ်ထပ်အခါခါ ဆေးကြောခြင်းသည် ခွေး၏လျက်ခြင်းမှ သန့်စင်ရန်အတွက်သာ သီးသန့်ဖြစ်ပြီး ၎င်း၏ ဆီး၊ မစင်နှင့် အခြားညစ်ညမ်းစေသော အရာများနှင့် မသက်ဆိုင်ပါ။
မြေကြီးဖြင့်ခွက်ကို ဆေးကြောနည်းမှာ - ခွက်ထဲသို့ ရေထည့်ရမည်။ ထို့နောက်မြေကြီးထည့်ကာ ထိုအရောအနှောဖြင့် ခွက်ကို ဆေးကြောခြင်းဖြစ်သည်။
ဟဒီးဆ်တော်၏ အပေါ်ယံအဓိပ္ပါယ်သဘောအရ ဤဥပဒေသသည် ခွေးအားလုံးအတွက် ယေဘုယျသက်ရောက်ပြီး ထိုအမိန့်တွင် တရားတော်က ခွင့်ပြုထားသော အမဲလိုက်ခွေး၊ ခြံ သို့ လယ်ယာစောင့်ခွေးနှင့် သိုး၊ဆိတ်၊ကျွဲ၊နွား စသည့် တရိစ္တာန်များကို စောင့်သည့်ခွေးများပင် ပါဝင်ပေသည်။
ဆပ်ပြာနှင့် အရှ်နားန်ဟု ခေါ်သည့် သန့်စင်ရာတွင် အသုံးပြုသည့် အပင်တစ်မျိုးသည် ဤကိစ္စတွင် မြေကြီးနေရာတွင် အစားထိုး၍မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မြေကြီးကိုသာ သီးသန့် ဖော်ညွှန်းမိန့်ကြားတော်မူခဲ့သောကြောင့် ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

