မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်းရဲ့နောက်တွင် အာယသုလ်ကုရ်စီ ဖတ်မည်ဆိုလျှင် သေခြင်းတရားမှအပ အခြားဘယ်အရာမျှ ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်ခြင်းမှ မဟန့်တားနိုင်ပေ။
Choose an available translation of this Hadeeth
Hadeeth text
အဗူအုမာမဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်းရဲ့နောက်တွင် အာယသုလ်ကုရ်စီ ဖတ်မည်ဆိုလျှင် သေခြင်းတရားမှအပ အခြားဘယ်အရာမျှ ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်ခြင်းမှ မဟန့်တားနိုင်ပေ။
Explanation
အလ္လာဟ်အရှင်မြတ်သည် (သာလျှင် ခဝပ် ကိုးကွယ်ရာအရှင် ဖြစ်တော်မူ၏)။ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ခြင်း ခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲရှင်နေတော်မူသောအရှင်၊ (မိမိကိုယ်တော်တိုင် ထာဝရတည် နေတော်မူ၍ သတ္တဝါအပေါင်းတို့ကိုလည်း) ထိန်းသိမ်း စောင့်ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မျဉ်းခြင်းသည်လည်းကောင်း ၊ အိပ်စက်ခြင်းသည်လည်းကောင်း မဖိစီးနိုင်ပေ။ ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့် မြေ၌ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာ ဝတ္ထုဟူသမျှတို့ကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ အထံတော်၌ ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံ တောင်းပန်ပေးနိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက် အဖြစ်အပျက် အကြောင်းကိစ္စ အလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူလေသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ် သိရှိတော်မူသော အကြောင်းကိစ္စ အဖြစ်အပျက်တို့အနက်မှ ထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်းကိစ္စမှအပ တစ်စုံတစ်ရာကိုမျှဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင်မြတ်၏ ဉာဏ်တော်သည် အာကာသ ကောင်းကင်များနှင့်တကွ ကမ္ဘာမြေပြင်တခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏။ သို့ရာတွင် ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေပြင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိစေသည် မဟုတ်ပေ။ စင်စစ်ထိုအရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသောအရှင်၊ ကြီးကဲထွတ်မြတ်တော်မူသော အရှင်တည်း။ (စူရဟ် ဗကရဟ်၊ အာယသ် : ၂၅၅ )
Benefits
ဖရဿ်ွဆွလာသ်တိုင်းရဲ့နောက်တွင် ဤကြီးကျယ်မြင့်မြတ်သော အာယသ်တော်ကို ရွတ်ဖတ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
အအ်မာလေစွာလိဟဟ်(ကောင်းမွန်သောအမလ်ကျင့်ဆောင်မှုများ)သည် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်ခွင့်ရရန် အကြောင်းခံတစ်ခု ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

