ဝုဿွူကို ကောင်းမွန်ကျနစွာ အပြည့်အဝပြုလုပ်ပါ၊ လက်ချောင်းများကြားကို ရေရောက်အောင် ဆေးကြောပါ၊ အိစ်သင်န်ရှားက် (နှာခေါင်းအတွင်းသို့ ရေထည့်၍ ရှိုက်သွင်းကာပြန်ထုတ်ရာ) ပြုလုပ်ရာတွင် အတိုင်းအထက်အလွန် ကောင်းစွာပြုလုပ်ပါ၊ သို့ရာတွင် အကယ်၍ သင်သည် စောင်မ်ဥပုသ်သီလ စောင့်ထိန်းထားသူဖြစ်ပါက အလွန်အကျွံမပြုလုပ်လေနှင့်။
လကီးသ်ွ ဗင်န် ဆွဗိရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် ဗနီမွန်သဖိက်အဖွဲ့၏ခေါင်းဆောင်အဖြစ် (သို့မဟုတ် ဗနီမွန်သဖိက်အဖွဲ့ဝင်တစ်ဦးအဖြစ်) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ လာရောက်ခဲ့သည်။ ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ်ထံရ…

