နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်“စွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။
Choose an available translation of this Hadeeth
Hadeeth text
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်“စွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။
Explanation
Benefits
ဝုဿူရေနှင့် ဂုစုလ်ရေကို လိုအပ်သည့်အတိုင်းတာနှင့်သာ အနည်းငယ်သုံးစွဲခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ ဤသည်ပင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏လမ်းစဉ်ဖြစ်သည်။
ဤဟဒီးဆ်တော်၏ဆိုလိုရင်းမှာ ဝုဿူနှင့်ဂွတ်စ်လ်အား စွန္နသ်တော်များ၊ အာဒါဗ်များအားလိုက်နာပြီးဖြုန်းတီးခြင်း၊ စေးနှဲခြင်းတို့မပါရှိပဲ အချိန်၊ ရေအနည်း၊ အများနှင့် အခြားသောကိစ္စရပ်များကိုပါ ချင့်ချိန်ပြီး ဝုဿူကိုပြည့်ဝအောင်ပြုလုပ်ရန်ဖြစ်သည်။
မနီသုက်ရည်ထွက်သွားခြင်း သို့မဟုတ် ကိုယ်လက်နှီးနှောလိုက်ခြင်းကို ဂျနာဗသ် ကိုယ်မသန့်ဖြစ်သွားသည် ဟု ခေါ်ပေသည်။ ဤသို့ခေါ်ရခြင်းမှာ ဂျနာဗသ်ဖြစ်သွားသူသည် ခန္ဓာကိုယ်သန့်ပြန်သွားသည့်အထိ ဆွလာသ်၊ အိဗာဒသ်တို့မှ ကင်းကွာနေရသည်။
"ဆွာအ်”သည် လူသိများသော တိုင်းတာယူနစ်တစ်ခုဖြစ်ပြီး၊ ဤနေရာတွင် “ဆွာအ်” ဟူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သတ်မှတ်ထားသော “ဆွာအ်” ကို ဆိုလိုသည်။ ၎င်း၏အလေးချိန်မှာ ကောင်းမွန်သောဂျုံ ၄၈၀ ‘မစ္စကာလ်’ ရှိပြီး၊ လီတာဖြင့် ၃ လီတာ နှင့်ညီမျှသည်။
“မွဒ်”ဟူသည် ရှရီအသ်တွင် အသုံးပြုသော တိုင်းတာယူနစ်တစ်ခုဖြစ်ပြီး၊ သာမန်လူတစ်ဦး၏ လက်နှစ်ဖက်ကို ပြည့်အောင်ဖြည့်၍ ဆန့်ထားသောအခါ ရရှိသောပမာဏဖြစ်သည်။ ဖိက်ဟ်ပညာရှင်များ၏အဆိုအရ ၁ မွဒ်သည် ၁ ဆွာအ်၏ လေးပုံတစ်ပုံ နှင့်ညီမျှပြီး၊ ၇၅၀ မီလီလီတာ ရှိသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

