သင်တို့သည် ရုပ်တုများဖြင့် ကျိန်ဆိုခြင်း မပြုကြနှင့်။ သင်တို့၏ဘိုးဘေးဘီဘင်များဖြင့်လည်း ကျိန်ဆိုခြင်း မပြုကြနှင့်။
Choose an available translation of this Hadeeth
Hadeeth text
အဗ်ဒုရ်ရဟ်မားန် ဗင်န် ဆမုရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့သည် ရုပ်တုများဖြင့် ကျိန်ဆိုခြင်း မပြုကြနှင့်။ သင်တို့၏ဘိုးဘေးဘီဘင်များဖြင့်လည်း ကျိန်ဆိုခြင်း မပြုကြနှင့်။
Explanation
Benefits
သွဝါဂီးသ်များ (အလ္လာဟ်အရှင်မြတ်မှအပ ကိုးကွယ်ခြင်းခံရသောအရာများ၊) ဘိုးဘွားဘီဘင်များ၊ ခေါင်းဆောင်များ၊ ရုပ်တုများနှင့် အလားတူ အခြားမှားယွင်းသော အရာအားလုံးဖြင့် ကျိန်ဆိုခြင်းကို ဟရာမ်တားမြစ်ထားခြင်း။
အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာများဖြင့် ကျိန်ဆိုခြင်းသည် သေးငယ်သော ရှိရ်က် အနက်မှဖြစ်သော်လည်း၊ ထိုကျိန်ဆိုခံရသောအရာကို အလ္လာဟ်အရှင်မြတ်ကဲ့သို့ ကြီးကျယ်မြင့်မြတ်သည်ဟု ယုံကြည်မိပါက သို့မဟုတ် ၎င်းတွင် ကိုးကွယ်ထိုက်သောအရာတစ်ခုခုရှိသည်ဟု ယူဆမိပါက၊ ယင်းသည် ကြီးမားသော ရှိရ်က်ဖြစ်သွားသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

