ဧကန်မုချ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့၏ ဘိုးဘွားများနှင့်ကျိန်ဆိုခြင်းမပြုရန် တားမြစ်ထားသည်။
Choose an available translation of this Hadeeth
Hadeeth text
အုမရ်ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်မုချ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့၏ ဘိုးဘွားများနှင့်ကျိန်ဆိုခြင်းမပြုရန် တားမြစ်ထားသည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုသို့ကျိန်ဆိုခြင်းအား တားမြစ်လိုက်သည်ကို ကျွန်ုပ်ကြားလိုက်သည့်အချိန်မှစ၍ သိလျက်နှင့်ဖြစ်စေ၊ အခြားသူ၏ ကျိန်ဆိုမှုကို တစ်ဆင့်တင်ပြသည့် အနေဖြင့်ဖြစ်စေ၊ ကျွန်ုပ်သည် ဘိုးဘွားများနှင့်ကျိန်ဆိုခြင်း မပြုတော့ပါ။
Explanation
Benefits
‘ဟလဖ်’ ဟူသည် ကိစ္စရပ်တစ်ခုခုကို လေးနက်စေရန်အတွက် အလ္လာဟ်အရှင်မြတ်ကိုဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်များကိုဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များကိုဖြစ်စေ တိုင်တည်၍ ကျိန်ဆိုခြင်းဖြစ်သည်။
အုမရ် (ရဿွိယလ္လာဟုအန်ဟု)သည် အမိန့်တော်ကို ချက်ချင်းလိုက်နာမှုရှိခြင်း၊ ကောင်းစွာနားလည်သဘောပါက်ခြင်း၊ အပြစ်ရှောင်ကြဥ်ခြင်း စသည်ဖြင့် သူ၏ မွန်မြတ်မှုကို ဖော်ပြထားသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

