ခွေးနှင့်ရုပ်ပုံရှိသောအိမ်တွင် မလာအိကဟ်ကောင်းကင်တမန်များ မဝင်ရောက်ပေ။
Choose an available translation of this Hadeeth
Hadeeth text
အဗူသွလ်ဟဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ခွေးနှင့်ရုပ်ပုံရှိသောအိမ်တွင် မလာအိကဟ်ကောင်းကင်တမန်များ မဝင်ရောက်ပေ။
Explanation
တမန်များသည် အနံ့ဆိုးကိုမနှစ်သက်ပေ။ ထို့ပြင် ခွေးမွေးမြူခြင်းကို တားမြစ်ထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ခွေးမွေးမြူသူအား ရဟ်မသ်ကရုဏာတော်ရဲ့ မလာအိကဟ်များ သူ၏အိမ်သို့ ဝင်ရောက်ခြင်း၊ ထိုအိမ်၌ ဆွလာသ်ဝတ်ပြုခြင်း၊ သူ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံပေးခြင်း၊ သူ့အပေါ် ၌ လည်းကောင်း သူ၏အိမ်၌ လည်းကောင်း ဗရ်ကသ်ကောင်းချီးမင်္ဂလာပေးခြင်းနှင့် ရှိုင်တွာန်၏ အနှောင့်အယှက်မှ တွန်းလှန်ဖယ်ရှားပေးခြင်းတို့မှ လက်လွှတ်ဆုံးရှုံးစေခြင်းဖြင့် အပြစ်ပေးခံရခြင်းဖြစ်သည်။
Benefits
အသက်ရှိသောသတ္တဝါများ၏ ရုပ်ပုံများပြုလုပ်ခြင်းသည် မလာအိကဟ်ကောင်းကင် တမန်များ ဝေးဝေးရှောင်သည့် ရွံရှာဖွယ်ကောင်းသော အပြုအမူများထဲမှ တစ်ခုဖြစ်ပြီး၊ ထိုအရာများ တည်ရှိရာနေရာသည် ရဟ်မသ်ကရုဏာတော်မှ ကင်းဝေးစေရသည့် အကြောင်းတစ်ရပ် ဖြစ်သည်။ ခွေးရှိနေခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။
ခွေး သို့မဟုတ် အသက်ရှိသတ္တဝါ၏ ရုပ်ပုံရှိသောအိမ်သို့ ဝင်ရောက်ခြင်းမပြုသော မလာအိကဟ်များမှာ ရဟ်မသ်ကရုဏာတော်ရဲ့ မလာအိကဟ်များသာဖြစ်ပြီး၊ လူသားတို့၏ အအ်မာလ်(လုပ်ရပ်)များကို ရေးမှတ်သည့် မလာအိကဟ်ကောင်း ကင်တမန်များ နှင့် အခြားသော သက်ဆိုင်ရာတာဝန်ကိုထမ်းဆောင်သော မလာအိကဟ်များ ဥပမာ - မလကွတ်လ်မောင်သ် (အသက်ဝိညာဉ်ကို နုတ်သိမ်းသော ကောင်းကင်တမန်) စသည်တို့မှာမူ အိမ်တိုင်းသို့ ဝင်ရောက်နိုင်သည်။
နံရံစသည်တို့ပေါ်တွင် အသက်ရှိသောသတ္တဝါများ၏ ရုပ်ပုံများကို ချိတ်ဆွဲခြင်းကို ဟရာမ်တားမြစ်ထားသည်။
ခသ်သွာဗီက မိန့်ဆိုသည်မှာ - မလာအိကဟ်များ ဝင်ရောက်ခြင်းမပြုသော အိမ်ဆိုသည်မှာ ဟရာမ်တားမြစ်ထားသော ခွေးများ (မွေးမြူခြင်း) နှင့် ရုပ်ပုံများ (ပြုလုပ်ခြင်း) ရှိသော အိမ်များကိုသာ ဆိုလိုသည်။ သို့ဖြစ်၍ မွေးမြူခြင်းဟရာမ်မဟုတ်သော အမဲလိုက်ခွေး၊ မွေးမြူရေးတရိစ္တာန်များကို စောင့်ကြပ်သည့်ခွေး၊ လယ်ယာစောင့်ခွေးများနှင့် ကော်ဇော၊ ခေါင်းအုံးစသည်တို့တွင် အသုံးပြုထားသော (ဂုဏ်သိက္ခာမရှိသော) ရုပ်ပုံများကြောင့်မူ မလာအိကဟ်များ ဝင်ရောက်ခြင်းကို အဟန့်အတားမဖြစ်ပေ။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

