ထိုမှန်ကန်သည့်စကားသည် ဂျင်န်က (ကောင်းကင်တမန်များထံမှ) အလျင်အမြန်သုတ်ယူလာပြီး မိမိ၏မိတ်ဆွေ (နက္ခတ်ဗေဒင်အကြားအမြင်ဆရာ)၏နားထဲသို့ ကြက်မတစ်ကောင်၏အသံကဲ့သို့ ပြောကြားလိုက်သည့် စကားသာဖြစ်သည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုစကားအား မုသားစကား တစ်ရာဖြင့် ရောထွေးလိုက်ကြသည်။
Choose an available translation of this Hadeeth
Hadeeth text
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောပြခဲ့သည်။ လူတို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)အား နက္ခတ်ဗေဒင်အကြားအမြင်ဆရာများနှင့် ပတ်သက်၍ လျှောက် ထားမေးမြန်းခဲ့ကြရာ ကိုယ်တော်က ၎င်းတို့သည် ဘာမှမဟုတ်ချေဟု ဖြေကြားတော်မူသည်။ ထိုအခါ လူတို့က အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် တစ်ခါတစ်ရံ ၎င်းတို့သည် ကျွန်တော်တို့အား တစ်စုံတစ်ရာ ပြောကြားလိုက်ရာ ထိုကိစ္စသည်အမှန်ဖြစ်နေပါသည်ဟု လျှောက်ထားကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - ထိုမှန်ကန်သည့်စကားသည် ဂျင်န်က (ကောင်းကင်တမန်များထံမှ) အလျင်အမြန်သုတ်ယူလာပြီး မိမိ၏မိတ်ဆွေ (နက္ခတ်ဗေဒင်အကြားအမြင်ဆရာ)၏နားထဲသို့ ကြက်မတစ်ကောင်၏အသံကဲ့သို့ ပြောကြားလိုက်သည့် စကားသာဖြစ်သည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုစကားအား မုသားစကား တစ်ရာဖြင့် ရောထွေးလိုက်ကြသည်။
Explanation
ထိုအခါ မေးမြန်းသူများက ၎င်းတို့၏စကားသည် တစ်ခါတစ်ရံတွင် အဖြစ်မှန်နှင့် ကိုက်ညီသည်လည်း ရှိပါသည်။ အကယ်၍ ၎င်းတို့က အကွယ်ရှိကိစ္စရပ်တစ်ခုအား မည်သည့်လ၊ မည့်သည့်နေ့တွင် ဖြစ်မည်ဟု အသိပေးပြောကြားလိုက်ရာ ထိုကိစ္စသည် ၎င်းတို့စကားအတိုင်း ဖြစ်လာခဲ့သည်ဟု လျှောက်ထားခဲ့ကြသည်။
ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဂျင်န်များသည် မိုးကောင်းကင်မှကြားရသော စကားကို အလျင်အမြန်သုတ်ယူလာကာ မိမိ၏မိတ်ဆွေ နက္ခတ်ဗေဒင်အကြားအမြင်ဆရာများထံ ဆင်းလာကြပြီး သူတို့ကြားခဲ့သမျှကို ၎င်းတို့အား သတင်းပေးကြသည်။ ၎င်းနောက် ထိုနက္ခတ်ဗေဒင်အကြားအမြင်ဆရာက သူနားထောင်ခဲ့သည့် မိုးကောင်းကင်သတင်း၌ မုသားစကားတစ်ရာ ထပ်ထည့်လိုက်ကြသည်။
Benefits
တမန်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်) နဗီဖြစ်သည့်အခါ မိုးကောင်းကင်သည် ရှိုင်သွာန်များက ဝဟီနှင့် အခြားကိစ္စများကို နားထောင်ခြင်းမှ ကာကွယ်စောင့်ရှောက်ခြင်းခံရသည်။ သို့သော် မီးတောက်နေသည့် ကြယ်များဖြင့် ပစ်ပေါက်ခံရခြင်းမှ လွတ်သွားသူသာ အနည်းအကျဥ်းခိုးနားထောင်၍ ရသွားခြင်းဖြစ်သည်။
ဂျင်န်တို့သည် အချို့လူသားများကို ၎င်းတို့၏ မိတ်ဆွေများအဖြစ် သတ်မှတ်ကြသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

