افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#8344[صحيح]
HadeethEnc · 1.34.0

ဂျန္နသ်သုခဘုံသားတို့သည် ဂျန္နတ်သို့ ဝင်ရောက်သွားသောအခါ၊ အလ္လာဟ်အရှင်မြတ်က" အသင်တို့ ငါအရှင့်ထံမှ အခြားတစ်စုံတစ်ရာ တောင်းလိုကြသလော၊ ငါအရှင် အသင်တို့အား ထပ်မံ၍ ပေးတော်မူမည်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

စူဟိုင်ဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဂျန္နသ်သုခဘုံသားတို့သည် ဂျန္နတ်သို့ ဝင်ရောက်သွားသောအခါ၊
အလ္လာဟ်အရှင်မြတ်က" အသင်တို့ ငါအရှင့်ထံမှ အခြားတစ်စုံတစ်ရာ တောင်းလိုကြသလော၊ ငါအရှင် အသင်တို့အား ထပ်မံ၍ ပေးတော်မူမည်" ဟု မိန့်ကြားတော်မူ၏။
ထိုအခါ ၎င်းတို့က "အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ မျက်နှာများကို ဖြူဝင်းစေတော်မူခဲ့ပြီ မဟုတ်ပါလော။ ကျွန်တော်မျိုးတို့အား ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စေတော်မူပြီး၊ ဂျဟန္နမ်ငရဲမှလည်း လွတ်မြောက်စေတော်မူပြီ မဟုတ်ပါလော" ဟု လျှောက်ထားကြမည်။
(တမန်တော်မြတ် ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်က)မိန့်တော်မူ၏။ ထိုအခါ အရှင်မြတ်သည် ( အဖန်ဆင်းခံများနှင့် မိမိ၏ကြား၌ တားဆီးထားသော) အကာအရံ ကို ဖယ်ရှားတော်မူလေသည်။ သို့ဖြစ်ရာ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို တွေ့မြင်ခွင့်ရခြင်းထက် ပိုမို၍ နှစ်သက်ဖွယ်ရာကောင်းသော အခြားတစ်စုံတစ်ရာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရမည် မဟုတ်ပေ။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်က)မိန့်တော်မူသည်မှာ- ဂျန္မသ်သုခဘုံသားတို့သည် ဂျန္နတ်သို့ ဝင်ရောက်သွားသောအခါ၊
အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား ဤသို့ မိန့်ကြားတော်မူမည်။

အသင်တို့ ငါအရှင့်ထံမှ အခြားတစ်စုံတစ်ရာ တောင်းလိုကြသလော၊ ငါအရှင် အသင်တို့အား ထပ်မံ၍ ပေးတော်မူမည်။

ထိုအခါ ဂျန္နသ်သို့ ဝင်ရောက်ခွင့်ရသူများ အားလုံးက "အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ မျက်နှာများကို ဖြူဝင်းစေတော်မူခဲ့ပြီ မဟုတ်ပါလော။ ကျွန်တော်မျိုးတို့အား ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စေတော်မူပြီး၊ ဂျဟန္နမ်ငရဲမှလည်း လွတ်မြောက်စေတော်မူပြီ မဟုတ်ပါလော" ဟု လျှောက်ထားကြမည်။

ထိုအခါ အရှင်မြတ်သည် ( အဖန်ဆင်းခံများနှင့် မိမိ၏ကြား၌ တားဆီးထားသော) အကာအရံ ကို ဖယ်ရှား ရုပ်သိမ်းတော်မူမည်။ အရှင်မြတ်၏ အကာအရံသည် နူရ်ရောင်ခြည်တော်သာလျှင် ဖြစ် သည်။ သို့ဖြစ်ရာ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို တွေ့မြင်ခွင့်ရခြင်းထက် ပိုမို၍ နှစ်သက်ဖွယ်ရာကောင်းသော အခြားတစ်စုံ
တစ်ရာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရမည် မဟုတ်ပေ။
03

Benefits

ဂျန္နသ်သုခဘုံသားများအတွက် အကာအရံကို ဖယ်ရှားပေးတော်မူခြင်း။ သို့ဖြစ်ရာ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား တွေ့မြင်ခွင့်ရကြမည်။ သို့ရာတွင် ကာဖိရ်များသည်ထိုအခွင့်အရေးမှ လက်လွတ်ဆုံးရှုံးရသူများ ဖြစ်ကြလိမ့်မည်။
ဂျန္နသ်၏ အကြီးမြတ်ဆုံးသော နိအ်မသ်စည်းစိမ်မှာ 'မုအ်မင်န်' သက်ဝင်ယုံကြည်သူများသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား တွေ့မြင်ခွင့်ရခြင်းပင်ဖြစ်သည်။
ဂျန္နသ်သုခဘုံသားအားလုံးသည် (ဂျန္နသ်တွင်) ၎င်းတို့၏ အဆင့်အတန်း မည်မျှပင် ကွာခြားမှုရှိစေကာမူ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို တွေ့မြင်ခွင့်ရကြမည် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် အီမာန်သက်ဝင်ယုံကြည်သူများအား ဂျန္နတ်သို့ ဝင်ရောက်စေတော်မူခြင်းဖြင့် ၎င်းတို့အပေါ် ကျေးဇူးပြုတော်မူထားခြင်း။
ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင့် တမန်တော်၏ အမိန့်ကို နာခံခြင်းခြင်းဖြင့် ဂျန္နတ်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိရန်အတွက် ကြိုးပမ်းအားထုတ်ရန် အရေးကြီးသည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...