သအ်ဝီးဇ်ချိတ်ဆွဲသူသည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်တုဖက်နှိုင်းယှဉ်လိုက်ခြင်းဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အုက်ဗဟ်ဗင်န်အာမိရ် အလ်ဂျုဟနီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတော်ပါးသို့ အုပ်စုတစ်စုရောက်လာလေရာ ကိုယ်တော်မြတ်သည် ကိုးဦးသောသူ၏သစ္စာခံခြင်းလက်ခံလိုက်ပြီး တစ်ဦး၏သစ္စာခံခြင်းကို လက်မခံဘဲရပ်ဆိုင်းထား၏။ သာဝကကြီးများက လျှောက်ထားကြသည်မှာ ကိုးဦးသောသူ၏သစ္စာခံခြင်းကို လက်ခံလိုက်ပြီး ဤသူ့ကို အဘယ်ကြောင့်စွန့်ပယ်ထားပါသနည်း။ ကိုယ်တော်မြတ်က ဖြေကြားတော်မူသည်မှာ သူ့ထံတွင် သအ်ဝီးဇ်လက်ဖွဲ့ရှိသောကြောင့်ဖြစ်သည်။ ထို့နောက်ကိုယ်တော်မြတ်သည် မိမိလက်ဖြင့်နှိုက်၍သအ်ဝီးဇ်အား ဖြတ်လိုက်လေသည်။ ပြီးနောက် သူ၏သစ္စာခံခြင်းကို လက်ခံလိုက်သည်။ ၎င်းနောက်မိန့်ကြားတော်မူသည်မှာ သအ်ဝီးဇ်ချိတ်ဆွဲသူသည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်တုဖက်နှိုင်းယှဉ်လိုက်ခြင်းဖြစ်သည်။
Explanation
Benefits
သအ်ဝီးဇ်ချိတ်ဆွဲခြင်းသည် ဘေးဒုက္ခနှင့် မျက်စိထိခြင်းမှကာကွယ်ပေးသော အကြောင်းခံတစ်ခုဖြစ် သည်ဟု ယုံကြည်ခြင်းသည် ရှိရ်က်အသေးစားဖြစ်သည်။ အကယ်၍ ယင်းသအ်ဝီးဇ်ကိုယ်၌က ကောင်းကျိုးပေးနိုင်သည်ဟု ယုံကြည်ပါက ရှိရ်က်အကြီးစားဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

