افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#66522[صحيح]
HadeethEnc · 1.34.0

အို - ကလေးငယ် ငါတမန်တော် သင့်အား အချို့သောစကားရပ်များကို သင်ပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အားထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ ထို့ပြင်အသင်အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အသင် အလ္လာဟ်အရှင်မြတ်ကို အသင့်ရှေ့‌တွင် တွေ့ရှိရပေမည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည်ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဘူလ်အဗ္ဗားစ် အဗ်ဒုလ္လာဟ် ဗင်န် အဗ္ဗားစ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ တစ်ရက်တွင်ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နောက်ဘက်မှအစီးအနင်း လိုက်ပါစီးနင်းခဲ့ရာကိုယ်တော်က မိန့်ကြား‌တော်မူသည်။ " အို - ကလေးငယ် ငါတမန်တော် သင့်အား အချို့သောစကားရပ်များကို သင်ပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အားထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ ထို့ပြင်အသင်အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အသင် အလ္လာဟ်အရှင်မြတ်ကို အသင့်ရှေ့‌တွင် တွေ့ရှိရပေမည်။
သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည်ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။ အသင်ကောင်းစွာ မှတ်သားပါ။ အကယ်၍ လူသားထုတစ်ရပ်လုံး သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့် အကျိုးကိုမျှ ပြုနိုင်ကြမည်မဟုတ်ပေ။ အကယ်၍ လူသားထုတစ်ရပ်လုံး သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှ ပေးနိုင်ကြမည်မဟုတ်ပေ။ (သက္ကဒီရ်အား ရေးမှတ်သည့်) ကလောင်တံများလည်း မယူခြင်းခံလိုက်ရပြီး (ရေးမှတ်ထားသည့်) မှတ်တမ်းများလည်း ခြောက်သွေ့သွားပြီ ဖြစ်သည်"။ ထိုနည်းတူ အခြား (သိရ်မီဇီကျမ်းအပြင်) ဆင့်ပြန်ချက်တစ်ခုတွင်-
"အသင်သည် အလ္လာဟ်အရှင်မြတ် ( ချမှတ်ထားသည့် စည်းမျဉ်းများကို) စောင့်ထိန်းလိုက်နာပါ။ (ထိုသို့ပြုလျှင်) အသင်သည် အရှင်မြတ်အား မိမိ၏ရှေ့တွင် (ကူညီစောင်မတော်မူသည်ကို) တွေ့ရှိရလိမ့်မည်။ ချောင်လည်သည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်အား ( အမိန့်နာခံခြင်းအားဖြင့် )သိရှိနားလည်ပါ။ ( ထိုသို့ပြုလုပ်ပါက အသင် ) အခက်အခဲ ဒုက္ခရောက်သည့်အချိန်တွင် အရှင်မြတ်က အသင့်အား (ကယ်တင်တော်မူမည်) သိရှိတော်မူလိမ့်မည်။ ထို့အပြင် အသင့်အတွက်မဟုတ်ဘဲ လွတ်သွားသောအရာသည် အသင့်အတွက် ရရှိကြုံတွေ့ရမည့်အရာ လုံးဝမဖြစ်နိုင်ကြောင်းကို လည်းကောင်း၊ အသင့်ရရှိမည့်အရာသည်လည်း အသင့်အဖို့ လွတ်သွားရမည့်အရာ လုံးဝမဖြစ်နိုင်ကြောင်းလည်းကောင်း သိရှိပါ‌လေ။ ထို့ပြင် (အရှင်မြတ်၏ ကူညီစောင်မမှု)သည် စွဗရ်သည်းခံခြင်းနှင့်အတူရှိကြောင်း၊ လွတ်မြောက်ခြင်းသည် ဒုက္ခနှင့်အတူရှိကြောင်း၊ ခက်ခဲမှုနှင့်အတူ လွယ်ကူမှု ရှိကြောင်း သိရှိပါ‌လေ။
02

Explanation

အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်။ သူသည် ငယ်ရွယ်စဥ်အခါက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ အစီးအနင်းတစ်ခု‌ပေါ်တွင် လိုက်ပါစီးနင်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ငါကိုယ်တော်သည် သင့်အား အချို့သောအရေးကိစ္စများ၊ အကြောင်းအရာများကို သင်ကြားပေးမည်။ ၎င်းတို့ကို အကြောင်း
ပြု၍ အလ္လာဟ်အရှင်မြတ်က သင့်ကိုအကျိုး
ဖြစ်ထွန်းစေလိမ့်မည်။ သင်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလိုက်နာပြီး တားမြစ်ချက်များကိုရှောင်ကြဉ်ကာ ထိန်းသိမ်းပါ။ သို့မှသာ အလ္လာဟ်အရှင်မြတ်က သင့်အား အမိန့်နာခံမှုနှင့် အရှင်မြတ်နှင့်နီးကပ်စေသော ကောင်းမှုများ၌ရှိနေကြောင်း တွေ့ရှိရပြီး အမိန့်မနာခံမှုနှင့် ပြစ်မှုဒုစရိုက်များတွင် မတွေ့ရှိရမည်ဖြစ်သည်။ သင်ထိုသို့ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်က သင့်အား ဤလောကနှင့် နောင်တမလွန်ဘဝ၏ အန္တရာယ်များမှ ထိန်းသိမ်းစောင့်ရှောက်ပေးပြီး သင်သွားလေရာ၌ သင့်၏အ‌ရေးကိစ္စများကို ကူညီ‌စောင့်ရှောက်တော်မူမည် ဖြစ်သည်။ အသင် တစ်စုံ
တစ်ရာကို တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကသာ တောင်းခံသူများ၏ တောင်းဆုကို ဖြည့်ဆည်းပေးတော်မူသော အရှင်ဖြစ်သည်။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။ အကယ်၍ ကမ္ဘာပေါ်ရှိ လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့် အကျိုးကိုမျှ ပြုနိုင်မည် မဟုတ်ကြောင်းနှင့် လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှပေးနိုင်မည် မဟုတ်ကြောင်း သင့်၌ခိုင်မာသည့် ယုံကြည်ချက်ရှိရမည်။ ဤအရေးကိစ္စအားလုံးကို အလ္လာဟ်အရှင်မြတ်က မိမိ၏အသိပညာ၊ အမြော်အမြင်နှင့်အညီ သက္ကဒီရ်ရေးစွဲသတ်မှတ်ထားပြီးဖြစ်သည်။ အရှင်မြတ် ရေးသားထား မှတ်တမ်းတင်ထားသောအရာများကို မည်သည့်အရာကမျှ ပြုပြင်ပြောင်းလွဲစေနိုင်မည်မဟုတ်ပေ။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းနှင့် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် အရှင်မြတ်အား စောင့်ထိန်းပါက၊ အလ္လာဟ်အရှင်မြတ်သည် ထို‌ဗန္ဒဟ်‌ ကျေးကျွန်၏ ရှေ့မှောက်တွင် ရှိတော်မူပြီး သူ၏အခြေအနေကို အကြွင်းမဲ့သိရှိတော်မူကာ ၎င်းအား ကူညီအား‌ပေးတော်မူမည်ဖြစ်သည်။ လူသားသည် ချောင်လည်သည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုနာခံပါက၊ ၎င်းအား အရှင်မြတ်သည် ခက်ခဲဒုက္ခရောက်သည့်အချိန်တွင် လွတ်မြောက်ရာလမ်းနှင့် ဖြေရှင်းနည်းကို ပြုလုပ်ပေးတော်မူမည်ဖြစ်သည်။ သို့ရှိရာ ဗန္ဒဟ်ကျေးကျွန်တိုင်းသည် အလ္လာဟ်အရှင်မြတ် စီမံတော်မူထားသော ကောင်းကျိုး၊ ဆိုးကျိုးအားလုံးကို ကျေနပ်လက်ခံသင့်သည်။ ခက်ခဲမှုဒုက္ခများနှင့် ကြုံတွေ့ရသည့်အခါ ဗန္ဒဟ်ကျေးကျွန်သည် စွဗရ်သည်းခံမှုတရားကို စွဲကိုင်ထားရမည်။ အကြောင်းမှာ သည်းခံမှုသည် လွတ်မြောက်ခြင်း၏ သော့ချက်ဖြစ်သည်။ ဧကန်စင်စစ် ဒုက္ခပြင်းထန်လာသည့်အခါ အလ္လာဟ်အရှင်မြတ်ထံမှ လွတ်မြောက်ခြင်းသည် ရောက်ရှိလာမည်ဖြစ်ပြီး၊ ခက်ခဲမှုဖြစ်ပေါ်လာပါက အလ္လာဟ်အရှင်မြတ်သည် ယင်း၏နောက်တွင် လွယ်ကူမှုကို ဖြစ်ပေါ်စေတော်မူမည်ဖြစ်သည်။
03

Benefits

လူငယ်များနှင့် ကလေးငယ်များကို သောင်ဝ်ဟီးဒ်တရား၊ အစ္စလာမ့်ယဉ်ကျေးမှုစသည့် သာသနာရေးကိစ္စများကို သင်ကြားပေးရန် အရေးကြီးသည်။
လုပ်ရပ်အမျိုးအစား‌ပေါ်မူတည်၍ အကျိုးရလဒ်ရရှိသည်။
အလ္လာဟ်အရှင်မြတ်အပေါ် မှီခိုအားထားရန်နှင့် အရှင်မြတ်မှအပ အခြားမည်သူ့ကိုမျှ ယုံပုံအားကိုးခြင်းမပြုရန် အမိန့်ပေးထားသည်။ ထိုအရှင်မြတ်သည် အကောင်းဆုံး ယုံပုံအားထားရာ အရှင်ဖြစ်တော်မူသည်။
(သက္ကဒီရ်) သတ်မှတ်ဆုံးဖြတ်ချက်အပေါ် အီမာန်သက်ဝင်ယုံကြည်ပြီး ထိုအပေါ်ကျေနပ်နှစ်သက်ရမည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းကို နှိုင်းချိန်သတ်မှတ်ထားတော်မူသည်။
အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏အမိန့်ကို မလိုက်နာလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား လျစ်လျူရှုတော်မူပြီး ထိန်းသိမ်းစောင့်ရှောက်တော်မူမည်မဟုတ်ပေ။
ကြီးကျယ်လှသည့် သတင်းကောင်းတစ်ခုမှာ ဧကန်အမှန်လူသားထံ အခက်အခဲ ဆိုက်ရောက်လာပါက လွယ်ကူမှုကိုလည်း မျှော်လင့်စောင့်စားနေပါ။
လူသားအား ဒုက္ခအခက်အခဲများရင်ဆိုင်ရသည့်အခါနှင့် ချစ်ခင်နှစ်သက် ရသည့်အရာကို လက်လွတ်ဆုံးရှုံးရသည့်အခါ ဟဒီးစ်တော်တွင် လာရှိသော တမန်တော်မြတ်၏ မိန့်ကြားချက်ဖြင့် ဖြေသိမ့်ပေးခြင်း ဖြစ်သည်။ ၎င်းမှာ “သင့်အတွက် မသတ်မှတ်ထားသော အရာသည် သင့်ထံသို့ ဆိုက်ရောက်လာမည် မဟုတ်သလို၊ သင့်အတွက် သတ်မှတ်ထားသော အရာသည်လည်း သင့်ထံမှ လွဲချော်သွားမည် မဟုတ်ပေ။” ပထမဝါကျသည် မနှစ်မြို့ဖွယ်ရာနှင့် ကြုံတွေ့ရသည့်အခါတွင် ဖြေသိမ့်ပေးရန်ဖြစ်ပြီး၊ ဒုတိယဝါကျသည် ချစ်ခင်နှစ်သက် ရသည့်အရာကို လက်လွတ်ဆုံးရှုံးရသည့်အခါတွင် ဖြေသိမ့်ပေးရန်ဖြစ်သည်။

Attribution

[رواه الترمذي وغيره]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...