افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#66236[صحيح]
HadeethEnc · 1.34.0

ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် သုံးမျိုးသောအရာကို နှစ်သက်တော်မူပြီး၊ သုံးမျိုးသောအရာကို နှစ်သက်တော်မမူပေ

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် သုံးမျိုးသောအရာကို နှစ်သက်တော်မူပြီး၊ သုံးမျိုးသောအရာကို နှစ်သက်တော်မမူပေ။ အရှင်မြတ် အသင်တို့အတွက် နှစ်သက်တော်မူသော အရာများမှာ- အရှင်မြတ်ကို သင်တို့ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍မကိုးကွယ်ကြရန်၊ အရှင်မြတ်၏ကြိုးကို အားလုံးတစုတစည်းတည်း ခိုင်မြဲစွာဆုပ်ကိုင်ထားကြရန်နှင့် ကွဲပြားခြင်းသို့ မရောက်ကြရန်တို့ဖြစ်သည်။ အသင်တို့အတွက် အရှင်မြတ် မနှစ်သက်သောအရာများမှာ- အချည်းနှီးစကားများပြောဆိုခြင်း၊ မေးခွန်းများအလွန်အကျွံ မေးမြန်းခြင်း၊ စည်းစိမ်ဥစ္စာကို ဖြုန်းတီးဖျက်ဆီးခြင်းတို့ ဖြစ်သည်။"
02

Explanation

တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များထံမှ အရည်အချင်းလက္ခဏာသုံးရပ်ကို နှစ်သက်တော်မူပြီး၊ အရည်အချင်းလက္ခဏာသုံးရပ်ကို မနှစ်မြို့တော်မူကြောင်း မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့ထံမှ အရှင်မြတ် နှစ်သက်တော်မူသော အရည်အချင်းလက္ခဏာသုံးရပ်မှာ - အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်း၊ အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍မကိုးကွယ်ခြင်း၊ အရှင်မြတ်၏ ကတိတော်၊ ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မြတ်၏ စွန္နသ်တော်တို့ကို အားလုံးတစုတစည်းတည်း ခိုင်မြဲစွာဆုပ်ကိုင်ထားကြရန်နှင့် မွတ်စ်လင်မ်တို့၏ အ
သင်းအဖွဲ့အုပ်စု မှ ကွဲပြားမသွားခြင်းတို့ ဖြစ်သည်။ ၎င်းတို့အတွက် အရှင်မြတ် မနှစ်မြို့တော်မူသော အရာများမှာ - အချည်းအနှီး၊ အကျိုးမရှိသော စကားပြောဆိုခြင်း၊ မိမိနှင့်မဆိုင်သော အရာများကို ဝင်ရောက်ပြောဆိုခြင်း၊ မဖြစ်သေးသော အရာများကို မေးမြန်းခြင်း၊ သို့မဟုတ် လူတို့၏ဥစ္စာပစ္စည်းများနှင့် ၎င်းတို့လက်ဝယ်ရှိအရာများကို လိုအပ်ချက်မရှိဘဲ မေးမြန်းခြင်း၊ ဥစ္စာပစ္စည်းကို ဖြုန်းတီးဖျက်ဆီးခြင်းတို့ ဖျက်ဆီးခြင်း၊ ရှရီအသ်တရားတော်အရ ခွင့်မပြုသောနေရာများတွင် သုံးစွဲခြင်း၊ ပျက်စီးဆုံးရှုံးမှုသို့ ရောက်ရှိစေခြင်းတို့ ဖြစ်သည်။
03

Benefits

၁။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များထံမှ ဝတ်ပြုကိုးကွယ်မှု၌ အိခ်လာစ်ွ (အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအတွက်သာ ရည်စူးပြုလုပ်ခြင်း) ကို လိုလားနှစ်သက်တော်မူပြီး၊ အရှင်မြတ်အား ကုဖုရ်(သွေဖည်ငြင်းပယ်ခြင်း) ကို မုန်းတော်လေသည်။
၂။ အလ္လာဟ်အရှင်မြတ်၏ ကြိုး (ကုရ်အာန်နှင့် စွန္နသ်တော်)ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရန် တိုက်တွန်းထား သည်။ အကြောင်းမှာ ၎င်း၌ စည်းလုံးညီညွတ်မှုနှင့် အချင်းချင်း ချစ် ခင်ရင်းနှီးမှု ရှိသောကြောင့်ဖြစ်သည်။
၃။ (မွတ်စ်လင်မ်) အုပ်စုအသင်းအဖွဲ့နှင့် အတူရှိရန် အားပေးတိုက်တွန်းထားပြီး၊ ၎င်းအုပ်စုကို စွဲမြဲစွာ လိုက်နာရန်နှင့် ၎င်း၏စွတ်ဖ်အတန်းအစဉ်များကို စည်းလုံးညီညွတ်ရန် အမိန့်ပေးထားကာ၊ ၎င်း၏ဆန့် ကျင်ဘက်ဖြစ်သော ကွဲပြားခြင်းနှင့် သဘောထားကွဲလွဲခြင်းမှ တားမြစ်ထားသည်။
၄။ အကျိုးမရှိသောစကားများ များပြားစွာပြောဆိုခြင်းမှ တားမြစ်ထားသည်။ အကြောင်းမှာ ထိုစကားသည် ခွင့်ပြုခံရသော စကားဖြစ်ခဲ့သော် အချိန်ဖြုန်းတီးခြင်းဖြစ်ပြီး၊ တားမြစ်ခံရသော စကားဖြစ်ခဲ့သော် အပြစ်များ များပြားစေသောကြောင့် ဖြစ်သည်။
၅။ လူတို့၏ အကြောင်းအရာများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ သူတို့၏ အခြေအနေများကို လိုက်လံစောင့်ကြည့်ခြင်းနှင့် သူတို့၏ စကားများ၊ အပြုအမူများကို တစ်ဆင့်ပြန် လည်ဖောက်သည်ချခြင်းတို့မှ ရှောင် ကြဉ်ရန် (အမိန့်ပေးထားသည်။)
၆။ အခြားသူများ ၏ဥစ္စာပစ္စည်းများနှင့် ပတ်သတ်၍ အလွန်အကျူးမေးမြန်းစုံစမ်းခြင်းမှ တားမြစ်ထား သည်။
၇။ စည်းစိမ်ဥစ္စာကို ဖြုန်းတီးဖျက်ဆီးခြင်းအား ဟရာမ်တားမြစ်ထားပြီး၊ ယင်းအား အကျိုးရှိသောအရာများတွင် ထိန်းသိမ်းစောင့် ရှောက်ရန်တိုက်တွန်းထားသည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...