။ ဧကန်စင်စစ် ဤစူရဟ်သည် ကုရ်အာန်၏ သုံးပုံတစ်ပုံနှင့် ညီမျှသည်’’ ဟု မိန့်ကြားတော်မူခဲ့၏။
Choose an available translation of this Hadeeth
Hadeeth text
အဘူစအီးဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ “လူတစ်ဦးသည် အခြားလူတစ်ဦး အား ‘ကွလ် ဟုဝလ္လာဟု အဟဒ်’ အား ထပ်ခါထပ်ခါ ရွတ်ဖတ်နေသည်ကို ကြားလေ၏။ နံနက်ရောက်သော် ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်လာပြီး ထိုအကြောင်းကို လျှောက်ထားလေ၏။ ထိုလူသည် ယင်းစူရဟ်(၏ အကျိုးကျေးဇူး) ကို အနည်းငယ်မျှသာဟု ထင်မှတ်နေပုံရ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ‘‘ငါကိုယ်တော်၏ အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်ကို တိုင်တည်ကျိန်ဆို၍ ပြောမည်။ ဧကန်စင်စစ် ဤစူရဟ်သည် ကုရ်အာန်၏ သုံးပုံတစ်ပုံနှင့် ညီမျှသည်’’ ဟု မိန့်ကြားတော်မူခဲ့၏။
Explanation
ကျေးဇူး) ကို အနည်းငယ်မျှသာဟု ထင်မှတ်နေပုံရ၏။ ထိုအခါ တမန်တော်မြတ်က အလေးအနက် ကျိန်ဆိုခြင်းဖြင့် “ငါကိုယ်တော်၏ အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်ကို တိုင်တည်ကျိန်ဆို၍ ပြောမည်။ ဧကန်စင်စစ် ဤစူရဟ်သည် ကုရ်အာန်၏ သုံးပုံတစ်ပုံနှင့် ညီမျှသည်’’ ဟု မိန့်ကြားတော်မူခဲ့၏။
Benefits
၂။ ညဉ့်ဦးယံဆွလာသ် (ကိယာမွလ်လိုင်လ်) တွင် အနည်း ငယ်သော အာယသ်များကို ရွတ်ဖတ်ပြီး ၎င်းတို့ကို ထပ်ခါတလဲလဲ ရွတ်ဖတ်ခွင့်ရှိသည်။ ၎င်းအား အနည်းငယ်မျှဟု မမှတ်ယူသင့်ပေ။
၃။ အိမာမ်မာဇိရီက မိန့်ဆိုသည်- သုံးပုံတစ်ပုံနှင့်ညီမျှသည်ဟု ဆိုလိုခြင်းမှာ- ကုရ်အာန်သည် အပိုင်းကြီးသုံးပိုင်း ပါဝင်သည်။ ၎င်းတို့မှာ အထ္ထုပတ္တိများ (ရှေးလူမျိုးများနှင့် ၎င်းတို့၏ဖြစ်ရပ်များ)၊ အမိန့်ပညတ်ချက်များနှင့် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များဖြစ်သည်။ ‘ကွလ် ဟုဝလ္လာဟု အဟဒ်’ (အို နဗီတမန်တော် အသင်ပြောလိုက်ပါ။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူ၏။) သည် ဂုဏ်တော်များအကြောင်း သက်သက်ဖြစ်သောကြောင့် ၎င်းသည် ကုရ်အာန်၏ သုံးပုံတစ်ပုံ (အပိုင်းသုံးပိုင်းအနက်မှ တစ်ပိုင်း) ဖြစ်သည်။ အချို့ကလည်း ဤသို့ဆိုသည်- အဆိုပါအကြောင်းကို ဆိုလိုသည်မှာ စူရဟ်အိခ်လားစ်ွကို ရွတ်ဖတ်ခြင်း၏ ကောင်းမှုအကျိုးသည် ဆတိုးမပါဘဲ ကုရ်အာန်၏ သုံးပုံတစ်ပုံကို ရွတ်ဖတ်ခြင်း၏ ကောင်းမှုအကျိုးနှင့် ညီမျှအောင် တိုးမြှင့်ပေးအပ်ခြင်းခံရခြင်း ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

