ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။
Choose an available translation of this Hadeeth
Hadeeth text
အွတ်စ်မာန်ဗင်န် အဗီလ်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဧကန်အမှန်ပင် ရှိုင်သွာန်သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ ဆွလာသ်ကြားတွင် အတားအဆီးပြုခဲ့ပြီး ကျွန်တော်မျိုး၏ ကိရာအသ် ရွတ်ဖတ်မှုကို ရောထွေးစေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။ ၎င်းကဆက်လက်ပြောပြသည်မှာ ကျွန်တော်သည် ထိုအတိုင်းပြုလုပ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်တော့်ထံမှ ဖယ်ရှားပေးခဲ့သည်။
Explanation
Benefits
ဆွလာသ်ထဲတွင် ရှိုင်သွာန်ဘက်မှလာသည့် ‘ဝတ်စ်ဝစဟ်’ သံသယယစိတ်ဖြစ်ပေါ်လာပါက ရှိုင်သွာန်၏နှောက်ယှက်မှုမှ ကင်းဝေးရန် ခိုလှုံမှုရယူကာ ဘယ်ဘက်သို့ တံတွေးသုံးကြိမ်ထွေးခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် မိမိတို့၌ ပြဿနာများ ပေါ်ပေါက်လာပါက ထိုပြဿနာများကို ဖြေရှင်းပေးရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ တင်ပြကြောင်း ဖော်ပြထားသည်။
ဆွဟာဗဟ် သာဝကကြီးများ၏နှလုံးသားများသည် ရှင်သန်လျက်ရှိပြီး ၎င်းတို့၏ သောကသည် နောင်တမလွန် အာခိရသ်အတွက်သာဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

