افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3185[صحيح]
HadeethEnc · 1.34.0

“သင်သည် ပြန်သွားပြီး ဆွလာသ်ပြန်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆို‌သော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် “အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်တော်မူခဲ့၏။ ထို့‌နောက်တွင် လူတစ်ဦးသည် (ဗလီထဲ)ဝင်ရောက်လာပြီး ဆွလာသ်ဝတ်ပြုကာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က စလာမ်ပြန်လည်အဖြေပေးတော်မူပြီးနောက် “သင်သည် ပြန်သွားပြီး ဆွလာသ်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆို‌သော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်။” ဟု မိန့်တော်မူ၏။ထိုသူသည် ပြန်သွား၍ အရင်ဆွလာသ်ဝတ်ပြုခဲ့သကဲ့သို့ပင် ဆွလာသ်ဝတ်ပြုပြီး ပြန်လာကာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “သင်သည် ပြန်သွားပြီး ဆွလာသ်ပြန်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆို‌သော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်။” ဟု မိန့်တော်မူ၏။ထိုသူသည် ပြန်သွား၍ အရင် ဆွလာသ်ဝတ်ပြုခဲ့သကဲ့သို့ပင် ဆွလာသ်ဝတ်ပြုပြီး ပြန်လာကာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “သင်သည် ပြန်သွားပြီး ဆွလာသ်ပြန်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆို‌သော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်။” ဟု မိန့်တော်မူ၏။ (ထိုသို့ ဆွလာသ်ပြန်ဝတ်ပြုခိုင်းသည်မှာ) သုံးကြိမ်တိုင်တိုင် ဖြစ်ခဲ့၏။ ထိုအခါ ထိုသူက “ ကိုယ်တော့်အား အမှန်တရားဖြင့် စေလွှတ်တော်မူသော အရှင်မြတ်အား ကျွန်တော်မျိုး တိုင်တည်ကျိန်ဆိုပါ၏။ ကျွန်တော်မျိုး ဤသည်ထက်ပို၍ကောင်းအောင် မဝတ်ပြုတတ်ပါ။ ထို့ကြောင့် ကျွန်တော်မျိုးအား သင်ပြပေးတော်မူပါ။” ဟု လျှောက်ထား၏။ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အသင် ဆွလာသ်ဝတ်ပြုရန် ရပ်သောအခါ သက္ကဗီရ်(အလ္လာဟုအက်ဗရ်) ဆိုပါ။ ထို့နောက် ကုရ်အာန်ကျမ်းတော်မြတ်မှ သင့်အတွက် လွယ်ကူတာကို ရွတ်ဖတ်ပါ။ ထို့နောက် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ ရူကူအ်ဦးညွှတ်ပါ။ ထို့နောက် ရုကူအ်မှပြန်ထ၍ တည့်တည့်မတ်မတ်နေသားကျသွားသည်အထိ ရပ်လိုက်ပါ။ ထို့နောက် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ စဂ်ျဒဟ်ဦးချပါ။ ထို့နောက် စဂ်ျဒဟ်မှထကာ အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ ထိုင်ပါ။ သင်၏ ဆွလာသ် အားလုံးတွင် ဤသို့ ပြုလုပ်ပါ။” ဟု မိန့်ကြားတော်မူခဲ့သည်။”
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်တော်မူခဲ့၏။ ထို့နောက် တမန်တော်မြတ်၏နောက်တွင် လူတစ်ဦးသည် ဗလီတော်သို့ ဝင်ရောက်လာ၍ အလျင်အမြန် ဆွလာသ်နှစ်ရကအသ်ဝတ်ပြုခဲ့သည်။ သူသည် မိမိ၏ ကိယာမ်ရပ်ခြင်း၊ ရူကူအ်ဦးညွှတ်ခြင်းနှင့် စဂျ်ဒဟ်ဦးချခြင်းတို့တွင် အေအေးဆေးဆေးတည်တည်ငြိမ်ငြိမ် နေသားသည်အထိ မပြုလုပ်ခဲ့ပေ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သူ၏ဝတ်ပြုခြင်းကို စောင့်ကြည့်နေတော်မူခဲ့၏။ ထို့နောက် ထိုသူသည် ဗလီ၏ထောင့်တစ်နေရာတွင် ထိုင်နေတော်မူသော တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ သွားရောက်ပြီး စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ- “သင်သည် ပြန်သွားပါ။ အသင်၏ ဆွလာသ်ကိုပြန်လည်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆို‌သော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်ပါ။” ထိုလူသည် ပြန်သွားပြီး ယခင်အတိုင်းပင် အလျင်အမြန် ဆွလာသ်ဝတ်ပြုပြန်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ ပြန်လာ၍ စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား မိန့်ကြားတော်မူသည်မှာ- “သင်သည် ပြန်သွားပါ။ အသင်၏ ဆွလာသ်ကိုပြန်လည်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆို‌သော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်ပါ။” ဤသို့ သုံးကြိမ်တိုင်တိုင် ဖြစ်ခဲ့သည်။ ထိုအခါ ထိုလူက “ ကိုယ်တော့်အား အမှန်တရားဖြင့် စေလွှတ်တော်မူသော အရှင်မြတ်အား ကျွန်တော်မျိုး တိုင်တည်ကျိန်ဆိုပါ၏။ ကျွန်တော်မျိုး ဤသည်ထက်ပို၍ကောင်းအောင် မဝတ်ပြုတတ်ပါ။ ထို့ကြောင့် ကျွန်တော်မျိုးအား သင်ပြပေးတော်မူပါ။” ဟု လျှောက်
ထား၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းအား မိန့်ကြားတော်မူသည်မှာ- “အသင် ဆွလာသ်ဝတ်ပြုရန် ရပ်သောအခါ သက်ဗီရ်သဟ်ရီမဟ် (အလ္လာဟုအက်ဗရ်) ရွတ်ဆိုပါ။ ထို့နောက် ဆူရဟ်ဖာသိဟဟ်နှင့် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသော မည်သည့်ဆူရဟ်ကိုမဆို ရွတ်ဆိုပါ။ ထို့နောက် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ ရူကူအ်ဦးညွှတ်ပါ။ (ထိုသို့ဦးညွှတ်ရာတွင်) သင်၏ လက်ဖဝါးနှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ်တွင် တင်ထားပြီး သင်၏ကျောကို တစ်ဖြောင့်တည်းထားကာ ရူကူအ်ကို အေးဆေးတည်ငြိမ်စွာ လုပ်ပါ။ ထို့နောက် ရုကူအ်မှ ပြန်ထပါ။ (ထိုသို့ပြန်ထရာတွင်) သင်၏ ကျောကိုဖြောင့်တန်းစေပြီး အရိုးအဆစ်များ နေရာကျသွားသည်အထိ တည့်မှတ်စွာ ရပ်ပါ။ ထို့နောက် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ စဂ်ျဒဟ်ဦးချပါ။ ဆိုလိုသည်မှာ နဖူး၊ နှာခေါင်း၊ လက်နှစ်ဖက်၊ ဒူးနှစ်ဖက်နှင့် ခြေချောင်းထိပ်များကို မြေကြီးပေါ် စွဲမြဲစွာ တင်ထားပါ။ ထို့နောက် စဂ်ျဒဟ်မှပြန်ထကာ စဂျ်ဒဟ်နှစ်ခုကြား တွင် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ ထိုင်ပါ။ ထို့နောက် အသင့်ရဲ့ဆွလာသ်၏ ရကအသ်တိုင်းတွင် ဤသို့ ပြုလုပ်ပါ။”
03

Benefits

ဆွလာသ်၏ ဤအခြေခံကျသောအချက်များသည် မေ့လျော့ခြင်း သို့မဟုတ် မသိခြင်းတို့ကြောင့် ပျက်ပြယ်သွားခြင်း မရှိပါ။ ဤအကြောင်းအတွက် အထောက်အထားမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ထိုပုဂ္ဂိုလ်အား ဆွလာသ်ပြန်လည်ဝတ်ပြုရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး၊ ကိုယ်တော်သည် ၎င်းအား သင်ကြားပေးရုံဖြင့် မတင်းတိမ်ခဲ့ပေ။
အေးဆေးတည်ငြိမ်မှုသည် ဆွလာသ်ဝတ်ပြုမှု၏ အခြေခံကျသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
အိမာမ်နဝဝီက ဤဟဒီးဆ်တွင် ဆွလာသ်ဝတ်ပြုမှု၏ အချို့သော မဖြစ်မနေ လုပ်ဆောင်ရမည့် အစိတ်အပိုင်းများကို ချန်လှပ်ထားသူ၏ ဆွလာသ်သည် မှန်ကန်ခြင်းမရှိကြောင်း ဖော်ပြထားသည်။
အိမာမ်နဝဝီက ဤဟဒီးဆ်တွင် သင်ယူသူနှင့် မသိသူအား ကရုဏာထားခြင်း၊ နူးညံ့သိမ်မွေ့စွာ ဆက်ဆံခြင်း၊ ၎င်းအတွက် မတ်စ်အလဟ်များကို ရှင်းလင်းပေးခြင်း၊ ရည်ရွယ်ချက်များကို အကျဉ်းချုပ်ဖော်ပြခြင်းနှင့် ထိုသူ၏အခြေအနေက မှတ်သားနိုင်စွမ်းမရှိခြင်းနှင့် ကျင့်သုံးနိုင်မည်မဟုတ်သော အကျယ်ရှင်းလင်းချက်များကို ချန်လှပ်၍ အရေးကြီးသောအရာများကိုသာ အလေးထားပြောဆိုခြင်းတို့ ပါဝင်သည်။
အိမာမ်နဝဝီက ဤဟဒီးဆ်တွင် မုဖ်သီ(ဖသ်ဝါဓမ္မသတ်ထုတ်ပြန်သူ)သည် အကြောင်းတစ်စုံတစ်ရာ နှင့် ပတ်သတ်၍ မေးမြန်းခံရသောအခါ၊ မေးသူအတွက် လိုအပ်သော်လည်း မမေးသေးသော အခြားအကြောင်းအရာတစ်ခုရှိပါက ၎င်းမုဖ်သီအဖို့ ထိုအကြောင်းကိုလည်း တင်ပြပြောဆိုခြင်းမှာ မွတ်စ်သဟဗ် ဖြစ်သည်။ ဤသည် အကျိုးမရှိသောစကားမျိုးမဟုတ်ဘဲ နစွီဟသ်ဆုံးမစကားသာလျှင် ဖြစ်သည်။
(ဤဟဒီးစ်တွင်) မိမိ၏ချို့ယွင်းချက်ကို ဝန်ခံခြင်း၏ အကျိုးကျေးဇူးကို ဖော်ပြထားသည်။ အကြောင်းမှာ ထိုသူက “ကျွန်တော်မျိုး ဤသည်ထက်ပို၍ကောင်းအောင် မဝတ်ပြုတတ်ပါ။ ထို့ကြောင့် ကျွန်တော်မျိုးအား သင်ပြပေးတော်မူပါ” ဟု ဆိုခဲ့သောကြောင့် ဖြစ်သည်။
အိဗ်နုဟဂျရ်က မိန့်ဆိုသည်မှာ - ဤဟဒီးဆ်တွင် ကောင်းမှုကို အမိန့်ပေးခြင်းနှင့် မကောင်းမှုမှ တားမြစ်ခြင်း၊ သင်ယူသူက ပညာရှင်ထံမှ သင်ကြားပေးရန် တောင်းဆိုခြင်းတို့ ပါဝင်သည်။
အချင်းချင်းတွေ့ဆုံသည့်အခါ စလာမ်ပေးခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပြီး၊ စလာမ်အားအဖြေပြန်ပေးခြင်းမှာ ဝါဂျိဗ် (မဖြစ်မနေ လုပ်ဆောင်ရမည့်တာဝန်) ဖြစ်သည်။ အကယ်၍ အကြိမ်ကြိမ်တွေ့ဆုံပါက ကြားကာလ မည်မျှပင်တိုတောင်းစေကာမူ အကြိမ်တိုင်း စလာမ်ပေးခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပြီးအကြိမ်တိုင်းတွင် စလာမ်အားအဖြေပြန်ပေးခြင်းမှာ ဝါဂျိဗ်တာဝန် ဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...