အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်စတင်သည့်အခါ မိမိလက်နှစ်ဖက်ကို ပုခုံးနှစ်ဖက်နှင့် တစ်ပြေးတည်း မြှောက်တော်မူသည်။
Choose an available translation of this Hadeeth
Hadeeth text
အိဗ်နု အိုမရ် (ရဿွိရလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်စတင်သည့်အခါ မိမိလက်နှစ်ဖက်ကို ပုခုံးနှစ်ဖက်နှင့် တစ်ပြေးတည်း မြှောက်တော်မူသည်။ ထိုအတူ ရုကူအ်ဦးညွှတ်ရန် သက္ကဗိရ်ဆိုသည့်အခါနှင့် ဦညွှတ်ရာမှ မိမိဦးခါင်းကိုပြန်ကြွသည့်အခါတွင်လည်း ထိုအတိုင်းပင် လက်နှစ်ကိုမြှောက်တော်မူသည်။ ထို့နောက် “سَمِعَ اللّٰهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ”(ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။ အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏)ကို ရွတ်ဆိုတော်မူသည်။ ကိုယ်တော်သည် စဂ်ျဒဟ်ဦးချသည့်အခါ ထိုသို့လက်နှစ်ဖက်မြှောက်ခြင်းကို ပြုလုပ်လေ့မရှိပါ။
Explanation
ပထမနေရာမှာ ဆွလာသ်စတင်ရန် ‘သက္ကဗိရ် သဟ်ရီမဟ်’ ဆိုသည့်အချိန်တွင်ဖြစ်သည်။
ဒုတိယနေရာမှာ ရုကူအ်ဦးညွှတ်ရန် သက္ကဗိရ်ဆိုသည့်အခါဖြစ်သည်။
တတိယနေရာမှာ“سَمِعَ اللّٰهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ” ဆိုပြီး ရုကူအ် ဦးညွှတ်ရာမှ ပြန်ထပြီသည့်အခါတွင်ဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် ဦးချသည့်အခါနှင့် ဦးချရာမှ ပြန်ထသည့်အခါတွင် လက်မြှောက်ခြင်းမပြုပါ။
Benefits
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်၌ စတုတ္ထမြောက်နေရာတွင် လက်မြှောက်ခဲ့ကြောင်းကို အဗူဒါဝူဒ်ကျမ်းနှင့် အခြားကျမ်းများတွင် လာရှိသော အဗူဟမီးဒ် အတ်စာအိဒီး၏ ဆင့်ပြန်ချက်တွင် အတည်ပြုထားသည်။ ထိုနေရာမှာ သုံးရကအသ်နှင့် လေးရကအသ်ရှိသော ဆွလာသ်များတွင် ပထမကိုင်ဒဟ်ထိုင်ပြီးနောက် ကိယာမ်ပြန်ရပ်သည့်အခါတွင် ဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လက်နှစ်ဖက်ကို နားရွက်နှင့်မထိဘဲ နားနှစ်ဖက်နှင့် အညီမြှောက်ခဲ့ကြောင်းကို ဗုခါရီကျမ်းနှင့် မွတ်စလင်မ်ကျမ်းတွင် မာလိက်ဗင်န် ဟုဝိုင်းရိဆ်၏ ဆင့်ပြန်ချက်တွင် လာရှိသည်။ “အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သက္ကဗိရ်ဆိုသည့်အခါ လက်နှစ်ဖက်ကို နားနှစ်ဖက်နှင့်အညီ မြှောက်တော်မူသည်။”
ရှေ့ဆောင်အိမာမ်နှင့် တစ်ဦးတည်းဝတ်ပြုသူသည် “سَمِعَ اللّٰهُ لِمَنْ حَمِدَهُ“ နှင့် “رَبَّنَا وَلَكَ الحَمْدُ” နှစ်ခုစလုံးကို ဆိုရမည်။ အိမာမ်ရှ့ဆောင်၏ နောက်လိုက်အဖြစ် ဝတ်ပြုသူသည် “رَبَّنَا وَلَكَ الحَمْدُ”ကိုသာ ဆိုရမည်။
ရူကူအ်ဦးညွှတ်ရာမှ ပြန်ထပြီးနောက် ရွတ်ဆိုခဲ့သည့် စာသားလေးမျိုးရှိကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ မှန်ကန်သောဆင့်ပြန်ချက်ဖြင့် လာရှိထားသည်။ ၎င်းတို့အနက်”رَبَّنَا وَلَكَ الحَمْدُ” ဆိုခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အကောင်းဆုံးမှာ လူတစ်ဦးအနေဖြင့် ထိုစာသားများအားလုံးကို တစ်လှည့်စီ ရွတ်ဆိုသင့်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

