အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’ လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုအတိုင်းပင်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သာဝကကြီး အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် ဖရ်ဿ်ွ ဆွလာသ်တွင်ဖြစ်စေ၊ နဖ်လ်ဆွလာသ်တွင်ဖြစ်စေ၊ ရမ်ဿွာန်လတွင်ဖြစ်စေ၊ အခြားလများတွင်ဖြစ်စေ ဆွလာသ်တိုင်း၌ သက္ကဗီရ် ရွတ်ဆိုလေ့ရှိသည်။ သို့ဖြစ်၍ သာဝကြီးသည် မတ်တတ်ရပ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ထို့နောက် ‘ရုကူအ်’ ဦးညွှတ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ထို့နောက် ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးမချမီ ‘ရဗ္ဗနာဝလကလ်ဟမ်ဒ်’ ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးချရန် ကိုယ်ကိုကိုင်းညွှတ်သည့်အခါ ‘အလ္လာဟုအက္ကဗရ်’ ရွတ်ဆိုသည်။ ထို့နောက် မိမိဦးခေါင်းကို ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးချသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် မိမိဦးခေါင်းကို ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် နှစ်ရကအသ်၌ ထိုင်ပြီးနောက် ပြန်လည်မတ်တတ်ရပ်သည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ သူသည် ဆွလာသ်ပြီးဆုံးသည်အထိ ရကအသ်တိုင်းတွင် ထိုအတိုင်းပင်ပြုလုပ်လေသည်။ ထို့နောက် ဆွလာသ်ပြီးဆုံးသွားသည့်အခါ ၎င်းကပြောကြားသည်မှာ အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’ လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုအတိုင်းပင်ဖြစ်သည်။
Explanation
ထို့နောက် အဗူဟုရိုင်ရဟ်ရဿွိယလ္လာဟုအန်ဟု)က ဆွလာသ်ပြီးဆုံးသွားသည့်အခါပြောကြားသည်မှာ- အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိဉာဥ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’ လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုကဲ့သို့ပင်ဖြစ်သည်။
Benefits
တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကို နောက်လိုက်ခြင်း၊ ကိုယ်တော်၏စွန္နဟ်များကို ထိန်းသိမ်းခြင်းအပေါ် ဆွဟာဗဟ်သာဝကကြီးများ၏ စိတ်အားထက်သန်မှုကို ဖေါ်ပြသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

