အကြင်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ဗလီတစ်လုံးဆောက်လုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်က ၎င်းအတွက် ဂျန္နသ်သုခဘုံ၌ ထိုကဲ့သို့(အဆောင်တစ်ဆောင်)ဆောက်လုပ်ပေးတော်မူမည်။
Choose an available translation of this Hadeeth
Hadeeth text
မဟ်မူဒ်ဗင်န်လဗီးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အွတ်စ်မာန်ဗင်န်အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု)သည် (မတ်စ်ဂျိဒ်နဗဝီ)ဝတ်ကျောင်းတော်ကို ပြန်လည်ဆောက်လုပ်ရန် ရည်ရွယ်သည့်အခါ လူများက ထိုအကြံကို မနှစ်သက်ကြဘဲ ဝတ်ကျောင်းတော်ကို ယခင်အတိုင်းထားရှိရန်သာ နှစ်သက်ကြသည်။ ထိုအခါ အွတ်စ်မာန်ဗင်န်အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့သည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ဗလီတစ်လုံးဆောက်လုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်က ၎င်းအတွက် ဂျန္နသ်သုခဘုံ၌ ထိုကဲ့သို့(အဆောင်တစ်ဆောင်)ဆောက်လုပ်ပေးတော်မူမည်။
Explanation
Benefits
ဗလီတိုးချဲ့ခြင်း၊ အသစ်ပြန်လည်တည်ဆောက်ခြင်းတို့သည် ဗလီဆောက်လုပ်ခြင်း၏ ထူးမြတ်မှုတွင်အကျုံးဝင်သည်။
လုပ်ရပ်တိုင်းတွင် ‘အိခ်လာဆ်ွ’ရှိရန် အရေးကြီးသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

