افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65037[صحيح]
HadeethEnc · 1.34.0

၎င်းကပြောသည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်သည် မှန်ကန်သူ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည်မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရပြီးနောက် စတင်သန္ဓေတည်သည့်အခါတွင်‘နုသ်ဖဟ်’ကလလရည်ကြည်အဖြစ်ရက် ပေါင်း(၄၀)ကြာမြင့်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောသည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်သည် မှန်ကန်သူ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည်မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရပြီးနောက် စတင်သန္ဓေတည်သည့်အခါတွင်‘နုသ်ဖဟ်’ကလလရည်ကြည်အဖြစ်ရက် ပေါင်း(၄၀)ကြာမြင့်သည်။ ထို့နောက်သွေးခဲအဖြစ် အလားတူကာလ(ရက်ပေါင်း လေးဆယ်)ရှိနေသည်။ထို့နောက် အသားတုံးအဖြစ် အလားတူကာလ (ရက်ပေါင်း လေးဆယ်)ရှိနေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်တော်မူပြီး အချက်(၄)ချက်ကို (ရေးမှတ်ရန်)အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ကောင်းကင်တမန်က ထိုသူ၏ရိက္ခာ၊ ထိုသူ၏သက်တမ်း၊ ထိုသူ၏ကျင့်ဆောင်မှုနှင့် ထိုသူသည်လူဆိုးဖြစ်မည် သို့မဟုတ် လူကောင်းဖြစ်မည် စသည်တို့ကိုရေးမှတ်လိုက်သည်။ ထို့နောက် ကောင်းကင်တမန်သည် ၎င်းထဲသို့ဝိညာဉ်မှုတ်သွင်းလိုက်သည်။ သို့ဖြစ်၍ အသင်တို့အနက် ပုဂ္ဂိုလ်တစ်ဦးသည် ဂျန္နသ်သုခဘုံသားတို့၏ (ကောင်းမြတ်သည့်) လုပ်ရပ်များကို ဆောင်ရွက်ရင်း ၎င်းနှင့် သုခဘုံ၏အကြား တစ်တောင်မျှသာလိုတော့သည်။ သို့သော် ၎င်းအပေါ်ရေးမှတ်ထားသည့် သက္ကဒီရ် သတ်မှတ်ချက်သည် ရှေ့ကိုရောက်ပြီးဖြစ်သောကြောင့် ၎င်းသည်ငရဲဘုံသားတို့၏ လုပ်ရပ်အား လုပ်ဆောင်လိုက်သည်။ ထို့ကြောင့် ၎င်းသည် ငရဲဘုံသို့ဝင်ရောက်ရသည်။ ထို့အပြင်ပုဂ္ဂိုလ်တစ်ဦးသည် ငရဲဘုံသားတို့၏ (မကောင်းသည့်) လုပ်ရပ်များအား လုပ်ဆောင်ကာ ၎င်းနှင့်ငရဲဘုံကြား၌ တစ်တောင်မျှသာလိုတော့သည်။ ထိုအချိန် သက္ကဒီရ် သတ်မှတ်ချက်သည် ရှေ့ကိုရောက်ပြီးဖြစ်သည့်အတွက် ၎င်းသည်သုခဘုံသားတို့၏ အမလ်ကောင်းမှုကို ဆောင်ရွက်လိုက်ပြီး ဂျန္နသ်သုခဘုံကို ဝင်ရောက်ရသည်။
02

Explanation

အိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)ကပြောပြခဲ့သည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်မြတ်သည် စကားပြောဆိုရာတွင် မှန်ကန်သူဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်က ထောက်ခံထားသဖြင့် ကိုယ်တော်သည် ထောက်ခံခြင်းခံရသူလည်းဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည့် "အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရသည်"ဆိုသည်မှာ အမျိုးသားသည်မိမိ၏ ဇနီးနှင့် ပေါင်းသင်းပြီးနောက် သီးခြားရှိနေသော မနီသုက်ရည်သည်ပေါင်းစည်းသွားခြင်းဖြစ်ပြီး ၎င်းသည် အမျိုးသမီးထဲတွင် ရက်(၄၀) ကလလရည်ကြည်အဖြစ် သန္ဓေတည်နေသည်။ ထို့နောက် (အလကဟ်)သွေးခဲဖြစ်သွားသည်။ သွေးခဲသည် ဒုတိယရက်(၄၀)၌ဖြစ်ပေါ်လာသည်။ ၎င်းနောက်(မွဒ်ဂဟ်) ဝါးစားနိုင်လောက်သောအရွယ်အစားရှိသည့် အသားတုံးဖြစ်သွားသည်။ဤသည် တတိယရက်(၄၀)၌ ဖြစ်ပေါ်လာသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကောင်းကင် တမန်တော်တစ်ပါးကို ၎င်းထံ စေလွှတ်တော်မူခဲ့ပြီး ထိုကောင်းကင်တမန်က တတိယရက်(၄၀)ပြည့်ပြီးနောက် ၎င်းထဲသို့ဝိညာဉ်မှုတ်သွင်းလိုက်သည်။ ထို့နောက် ယင်းကောင်းကင်တမန်သည် အချက်(၄)ချက်ကိုရေးမှတ်ရန် အမိန့်ပေးခြင်းခံရ၏။ ၎င်းတို့မှာ (၁) ထိုသူ၏ရိက္ခာ၊ ဤသည် ၎င်း၏ သက်တမ်းတလျှောက်လုံး၌ ရရှိမည့်စည်းစိမ်အတိုင်းအတာဖြစ်သည်။ (၂) ထိုသူ၏သက်တမ်း၊ ဤသည် ၎င်းသူလောက၌ နေထိုင်ရမည့် အချိန်ကာလဖြစ်သည်။ (၃) ထိုသူ၏ကျင့်ဆောင်မှုမည်သို့ရှိမည်၊ (၄)ထိုသူသည် လူဆိုးဖြစ်မည်လော သို့မဟုတ် လူကောင်းဖြစ်မည်လော စသည်တို့ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် ကျိန်ဆို၍ ပြောကြားတော်မူသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် ဂျန္နသ်သုခဘုံသားတို့၏ လုပ်ရပ်များကို ဆောင်ရွက်သည်။ ၎င်း၏ လုပ်ရပ်များသည် လူတို့၏အမြင်၌ ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများအဖြစ် မြင်တွေ့ရသည်။ ၎င်းသည် ဤအတိုင်းပင်ဆက်လက် ကျင့်ဆောင်နေရာ သူနှင့်သုခဘုံ၏အကြား တစ်တောင်မျှသာလိုတော့သည်။ ဆိုလိုသည်မှာ သူသည်ဂျန္နသ်သို့ရောက်ရှိရန်မည်မျှပင်ကျန်တော့သည်ဆိုလျှင် မြေကွက်တစ်ခုသို့ရောက်ရှိရန် တစ်တောင်ခန့်သာ လိုသောသူနှင့်ပမာတူပေသည်။ ထိုအခါ၎င်းအတွက် ကြိုတင်ရေးမှတ်ထားသည့် သက္ကဒီရ်သတ်မှတ်ချက်က ၎င်းအပေါ်လွှမ်းမိုးသွားပြီး ၎င်းသည်ငရဲဘုံသားတို့၏ လုပ်ရပ်အား လုပ်ဆောင်လိုက်ကာ ထိုအပေါ်၌ပင် ဘဝနိဂုံးချုပ်သွားသဖြင့် ဂျဟန္နမ်သို့ ရောက်ရှိသွားသည်။ အမလ်ကျင့်ဆောင်မှုတစ်ခု လက်ခံခြင်းခံရရန်အတွက် စည်းကမ်းချက် တစ်ခုမှာ ယင်းကျင့်ဆောင်မှုအပေါ်၌ မပြောင်းလဲဘဲ စွဲမြဲစွာရှိနေရမည်ဖြစ်သည်။ အခြားတစ်ဦးသည် ဂျဟန္နမ်ငရဲဘုံသားတို့၏ မကောင်းသော လုပ်ရပ်တို့ကို ပြုမူလုပ်ကိုင်ရင်း ဂျဟန္နမ်သို့ ကျရောက်လုနီးပါးဖြစ်သွားသည်။ ထိုသူနှင့်ဂျဟန္နမ်၏အကြား၌ မြေတစ်တောင်ခန့်သာ လိုတော့သည့်အလား နီးကပ်သွားသည်။ထိုအခါ ၎င်းအတွက် ကြိုတင်ရေးမှတ်ထားသော သက္ကဒီရ်သတ်မှတ်ချက်သည် ၎င်းအပေါ်လွှမ်းမိုးသွားပြီး ၎င်းသည်ဂျန္နသ်သုခဘုံသားတို့၏ လုပ်ရပ်အား လုပ်ဆောင်လိုက်ကာ ဂျန္နသ်သုခဘုံသို့ ရောက်ရှိသွားသည်။
03

Benefits

ကိစ္စတိုင်း၏ နောက်ဆုံးရလဒ်သည် အရှင်မြတ်၏ ကြိုတင်ဆုံးဖြတ်ချက်နှင့် သက္ကဒီရ်သတ်မှတ်ချက်ဘက်သို့သာ ပြန်လှည့်သွားသည်။
အမလ်ဆောင်ရွက်ချက်များ၏ ပုံသဏ္ဍာန်ကိုကြည့်ကာ လှည့်စားခံရခြင်းမှ သတိပေးထားသည်။ အမလ်ဆောင်ရွက်မှုများသည် နိဂုံးပေါ်တွင် မူတည်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...