افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65007[صحيح]
HadeethEnc · 1.34.0

ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် မြည်းပေါ်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏နောက်မှ လိုက်ပါစီးနင်းခဲ့သည်။ ထိုမြည်း၏နာမည်မှာ အုဖွိုင်းရ် ဖြစ်သည်။ ကိုယ်တော်က အို-မုအာဇ် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အရှင်မြတ်၏ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားနှင့် ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့်ဝတ္တရားကို သင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်မှာ- ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။ ထိုအခါ ကျွန်တော်က အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤသတင်းကို လူတို့အား ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ၎င်းတို့အား မပြောပြလေနှင့် ပြောပြလိုက်လျှင် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှု မပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အရှင်မြတ်၏ကျေးကျွန်များအပေါ်တွင်ရှိသည့် ဝတ္တရားနှင့် ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားတို့ကိုရှင်းပြတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူ ‘မုဝဟ္ဟိဒ်’အား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။ ထို့နောက် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)က အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤထွတ်မြတ်မှုကိုသိပြီး လူတို့ဝမ်းသာပျော်ရွှင်ကြစေရန် ကျွန်တော်မျိုး သတင်းကောင်းပါးလိုက်ရမည်လားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး အမလ်ကျင့်ဆောင်မှုမပြုဘဲ နေကြမည်ကို စိုးရိမ်၍ မပြောပြရန် တားမြစ်တော်မူခဲ့သည်။
03

Benefits

အလ္လာဟ်အရှင်မြတ်က မိမိ၏ကျေးကျွန်များအပေါ် လိုက်နာရန် သတ်မှတ်ထားသည့် အရှင်မြတ်နှင့်သက်ဆိုင်သည့် တာဝန်ကို ရှင်းလင်းတင်ပြထားသည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်များအပေါ် ကျေးဇူးပြုသည့်အနေဖြင့် မိမိအပေါ်မိမိ သတ်မှတ်ထားသည့် တာဝန်ကို ရှင်းလင်းတင်ပြထားသည်။ ၎င်းမှာ ကျေးကျွန်တို့အား အပြစ်မပေးဘဲ ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေခြင်းဖြစ်သည်။
အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုသော သောင်ဝ်ဟီးဒ်တရားကို သက်ဝင်ယုံကြည်သူများနှင့် ပတ်သတ်၍ ဤဟဒီးဆ်တော်၌ ကြီးကျယ်သည့်သတင်းကောင်းပါရှိသည်။ ထိုသူတို့၏ နောက်ဆုံးပြန်လှည့်ရာနေရာသည် ဂျန္နသ်ဝင်ရောက်ရခြင်းပင်ဖြစ်သည်။
မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)သည် အသိပညာကို ဖုံးကွယ်ထားသည့် အပြစ်အကုသိုလ်ကိုကြောက်ရွံ့သည့်အတွက် မကွယ်လွန်မီ ဤဟဒီးဆ်တော်အား ဆင့်ပြန်ခဲ့ခြင်းဖြစ်သည်။
ကျင့်စဉ်ကျင့်ရပ်များ၊ ရှရီအဟ်၏အမိန့်ပညတ်ချက်များမပါသော အချို့ဟဒီးဆ်ဩဝါဒတော်များကို အဓိပ္ပါယ်နားမလည်နိုင်မည့်လူအချို့အား ဆင့်ပြန်ခြင်းမပြုရန်သတိပေးထားသည်။
သော်ဝ်ဟီးဒ်တရားကို လက်ခံကျင့်သုံးသူများအနက်မှ အပြစ်အကုသိုလ်ကျူးလွန်သူတို့အခြေအနေသည် အလ္လာဟ်အရှင်မြတ်၏အလိုတော်အတိုင်းသာဖြစ်လိမ့်မည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အားအပြစ်ပေးလိုကပေးတော်မူမည်ဖြစ်ပြီး၊ ခွင့်လွှတ်လိုကခွင့်လွှတ်တော်မူမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့ပြန်လှည့်ရာနေရာဌာနသည် ဂျန္နသ်သုခဘုံသာဖြစ်သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...