افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65006[صحيح]
HadeethEnc · 1.34.0

အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ မည်သည့်အပြစ်အကုသိုလ်တစ်ခုမျှမကျန် ကျူးလွန်ခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ လာရောက်၍ အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ မည်သည့်အပြစ်အကုသိုလ်တစ်ခုမျှမကျန် ကျူးလွန်ခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့သည်။ ၎င်းက ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ရာ ကိုယ်တော်မြတ်က ဧကန်အမှန်ပင် ထိုသက်သေခံခြင်းနှစ်ခုက ၎င်း(အပြစ်အကုသိုလ်) တို့ကို ပယ်ဖျက်ပေးလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။
02

Explanation

ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ပြစ်မှုဒုစရိုက်တိုင်းကို ကျူးလွန်ခဲ့ပါသည်။ သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ အပြစ်ဟူသမျှကို ကျူးလွန်ခဲ့ပါသည်။ ကျွန်တော်မျိုးသည် အပြစ်များမှ ခွင့်လွှတ်ချမ်းသာခွင့် ရနိုင်ပါသလားဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့သည်။ ၎င်းက ဟုတ်ကဲ့ ကျွန်တော်မျိုး သက်သေခံခဲ့ပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထိုသက်သေခံခြင်းနှစ်ခုက ယင်းအပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့အတူ စစ်မှန်သည့် ‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်မှုသည် သောင်ဗဟ်မပြုမီက ကျူးလွန်ခဲ့သည့် အပြစ်များကိုပယ်ဖျက်ပေးသည်။
03

Benefits

ရှဟာဒသ် သက်သေခံခြင်းနှစ်ခု၏ ကြီးကျယ်မှုနှင့် စိတ်နှလုံးသားအတွင်းမှ မှန်ကန်စွာသက်သေခံသူအတွက် ထိုရှဟာဒသ်သည် အပြစ်အကုသိုလ်များထက် ပို၍အချိန်စီးကြောင်း ဖော်ပြထားသည်။
အစ္စလာမ်သာသနာသည် အစ္စလာမ်လက်မခံမီက ကျူးလွန်ခဲ့သည့် အပြစ်များကို ပယ်ဖျက်ပေးသည်။
စစ်မှန်သည့် ‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်မှုသည် သောင်ဗဟ်မပြုမီက ကျူးလွန်ခဲ့သည့် အပြစ်များကိုပယ်ဖျက်ပေးသည်။
သင်ကြားပေးရာ၌ ထပ်တလဲလဲ ပြောဆိုခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သင်ကြားမှုနည်းလမ်းတစ်ခုပင်ဖြစ်သည်။
ရှဟာဒသ် သက်သေခံခြင်းနှစ်ခု၏ ထွတ်မြတ်မှုကိုဖေါ်ပြထားသည်။ ၎င်းတို့သည် ဂျဟန္နမ်ငရဲမီးဘေးမှ လွတ်မြောက်စေမည့် အကြောင်းခံတစ်ရပ်ဖြစ်သည်။

Attribution

[رواه أبو يعلى والطبراني والضياء المقدسي]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...