افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#10098[صحيح]
HadeethEnc · 1.34.0

မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အနတ်စ်ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ မုအာဇ်သည် အစီးအနင်းပေါ်၌ ကိုယ်တော်၏ နောက်တွင်လိုက်ပါခဲ့သည်။ ကိုယ်တော်က အို-မုအာဇ်ဗင်န်ဂျဗလ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က အို-မုအာဇ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ထိုသို့ သုံးကြိမ်ခေါ်တော်မူပြီးနောက် ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။ ထိုအခါ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် လူတို့ဝမ်းမြောက်ပျော်ရွှင်ကြစေရန်အတွက် ဤသတင်းကို ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ပြောပြလိုက်လျှင် ၎င်းတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှုမပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ထို့ကြောင့် မုအာဇ်သည် ကွယ်လွန်ခါနီးအချိန်၌ (အသိပညာကို ဖုံးကွယ်ထားသည့်) အပြစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုအကြောင်းကို ပြောပြခဲ့သည်။
02

Explanation

မုအာဇ်ဗင်န်ဂျဗလ် (ရဿွိယလ္လာဟုအန်ဟု)သည် အစီးအနင်းပေါ်၌ ကိုယ်တော်၏ နောက်တွင် လိုက်ပါစီးနင်းခဲ့သည်။ ကိုယ်တော်က သူ့အား အို-မုအာဇ်ဟု ခေါ်လိုက်သည်။ ကိုယ်တော်သည် မိမိရှေ့ဆက်ပြောမည့်စကားကို အလေးအနက်ထားစေရန်အတွက် သူ့အား သုံးကြိမ်တိုင်တိုင် ခေါ်တော်မူသည်။

ကိုယ်တော်က ခေါ်လိုက်တိုင်း မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)က “အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်။” ဟု ဖြေကြားခဲ့သည်။ ဆိုလိုသည်မှာ ကျွန်တော်မျိုးသည် အကြိမ်ကြိမ် ကိုယ်တော်၏ အမိန့်ကိုနာခံနေပါသည်။ ကိုယ်တော်၏ အမိန့်ကိုနာခံရန် အမြဲအဆင်သင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။

ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားသည်မှာ မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို လိမ်လည်၍ မဟုတ်ဘဲ စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံပြီး ဤအခြေအနေ၌ပင် ကွယ်လွန်သွားခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည် ဖြစ်သည်။

ထိုအခါ မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)က လူတို့ ဝမ်းမြောက်ပျော်ရွှင်ကြစေရန်နှင့် သတင်းကောင်း ရရှိကြစေရန်အတွက် ဤသတင်းကို လူတို့အား ပြောပြရန် တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ခွင့်တောင်းခဲ့သည်။

သို့သော် တမန်‌တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး အမလ်ကျင့်ဆောင်မှု လျော့နည်းသွားကြမည်ကို စိုးရိမ်တော်မူခဲ့သည်။

ထို့ကြောင့် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)သည် ဤသတင်းကို မည်သူ့ကို မှ မပြောပြခဲ့‌ပေ။ သို့သော် ကွယ်လွန်ခါနီးအချိန်၌ အသိပညာကို ဖုံးကွယ်သည့် အပြစ်ထိုက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ပြောပြခဲ့ခြင်းဖြစ်သည်။
03

Benefits

အစီးအနင်းပေါ်တွင် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)အား မိမိ၏နောက်မှ လိုက်ပါစီးနင်းစေခြင်းသည် တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ရိုကျိုးနှိမ့်ချမှုကို ဖော်ပြနေသည်။
တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ပညာသင်ကြားပေးသည့် နည်းစနစ်ကို သိရှိရသည်။ ကိုယ်တော်သည် မိမိပြောမည့်စကားကို အာရုံစိုက်စေရန် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)အား ထပ်တလဲလဲခေါ်ဆိုခဲ့သည်။
“လာအိလာဟ အိလ္လလ္လာဟ် မုဟမ္မဒုရ် ရစူလွလ္လာဟ်”(အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိ၊ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်သည်။)ကိုသက်သေခံရာတွင် စည်းကမ်းချက်တစ်ချက်မှာ ကလိမဟ်တော်ကို ဝန်ခံသက်သေထွက်ဆိုသူသည် သံသယဖြစ်ခြင်း၊ အပေါ်ယံဟန်ဆောင်ဖတ်ခြင်းမျိုး မဟုတ်ဘဲ ယုံကြည်ချက်နှင့်တကွ မှန်ကန်စွာ သက်သေခံရမည်။
သောင်ဟီးဒ်တရားတော်ကို သက်ဝင်ယုံကြည်သူများသည် ဂျဟန္နမ်ငရဲမီး၌ အမြဲထာဝစဉ်နေထိုင်ရမည် မဟုတ်ပေ။ အကယ်၍ အပြစ်အကုသိုလ်များကြောင့် ဂျဟန္နမ်ငရဲသို့ ကျရောက်ခဲ့လျှင်လည်း အပြစ်များမှ သန့်စင်ခြင်းခံရပြီးနောက် ဂျဟန္နမ်မှ ထွက်ရမည်ဖြစ်သည်။
သက်သေခံခြင်းနှစ်မျိုးကို မှန်ကန်စွာသက်‌သေခံခြင်း၏ အကျိုးကျေးဇူးကိုဖော်ပြထားသည်။
ဆိုးကျိုးဖြစ်ပေါ်လာနိုင်လျှင် အချို့သောအခြေအနေများ၌ ဟဒီးဆ်တစ်ပုဒ်အား မဆင့်ပြန်ပဲနေခွင့်ရှိသည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...