افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65004[صحيح]
HadeethEnc · 1.34.0

သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူမာလိက် အလ်အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။ ဆွလာသ်သည် နူရ်အလင်းရောင်ဖြစ်သည်။ဆွဒ်ကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။ ‘ဆွဗရ်’သည်းခံခြင်းတရားသည် အလင်းရောင်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထား သို့မဟုတ် အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။ လူတိုင်းသည် နံနက်စောစော(ရိုဇီရိက္ခာရှာဖွေရန်)ထွက်သွားကြပြီး မိမိကိုယ်မိမိ ရောင်းချလိုက်သည်။ ထို့ကြောင့် အချို့သည် မိမိကိုယ်ကို(ဂျဟန္နမ်မှ) လွတ်မြောက်စေပြီး အချို့သည် မိမိကိုယ် ကို(ဂျဟန္နမ်ထဲသို့ကျရောက်စေကာ) ပျက်စီးဆုံးရှုံးစေသည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အပြင်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုအား ဝုဿွူပြုခြင်း၊ ရေချိုးခြင်းတို့ဖြင့်ရယူနိုင်ပြီး ၎င်းတို့သည် ဆွလာသ်၏ အပြင်ပိုင်းဆိုင်ရာ ဖရ်ဿ်ွဖြစ်ကြသည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’ရွတ်ဆိုခြင်းသည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။ ဤသို့ရွတ်ဆိုခြင်းသည် အရှင်မြတ်အားချီးမွမ်း‌ခြင်း၊ ပြည့်စုံလှသည့် ‌ဂုဏ်တော်များဖြင့် အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်းဖြစ်သည်။ ထိုဇိက်ရ်တော်သည် ကိယာမသ်နေ့တွင် ချိန်တွယ်ခြင်းခံရမည်ဖြစ်ပြီး ၎င်းသည် မီဇာန်ချိန်ခွင်၌ ကောင်းမှုများဖြင့် ပြည့်စေမည်ဖြစ်သည်။ ‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ကိုရွတ်ဆိုခြင်းသည် ‌အရှင်မြတ်အား ချို့ယွင်းမှုအပေါင်းမှကင်းစင်တော်မူကြောင်းမြွတ်ဟခြင်းနှင့် အရှင်မြတ်ထံတော်တွင် အရှင်မြတ်နှင့် သင့်လျော်သည့်အတိုင်း ပြည့်စုံသည့် ဂုဏ်တော်များရှိ‌ကြောင်းကို ချစ်ခင်မြတ်နိုးမှုနှင့်တကွ ဂုဏ်မွှမ်းခြင်းဖြစ်သည်။ ထိုသို့ရွတ်ဆိုခြင်းသည် မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။ ဆွလာသ်သည် လူသား၏နှလုံးသားနှင့် မျက်နှာ၏ အလင်းရောင်ဖြစ်ပြီး ကဗ်ရ်သင်္ချိုင်းနှင့် ဟရှ်ရ်တို့တွင် နူရ်အလင်းရောင်ဖြစ်သည်။ ‘ဆွဒကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။’ အလှူဒါနသည် မုအ်မင်န်သက်ဝင်ယုံကြည်သူတစ်ဦး၌ မှန်ကန်သောအီမာန်ယုံကြည်မှုရှိကြောင်းညွှန်ပြသည့် သက်သေအထောက်အထားပင်ဖြစ်သည်။ ဤသည် ဆွဒ်ကဟ်အလှူဒါနပြုခြင်းကို တားမြစ်သော မုနာဖိက် အယောင်ဆောင်မွတ်စ်လင်မ်နှင့်ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ မုနာဖိက်သည် ဆွဒကဟ်အလှူဒါနပြုခြင်းဖြင့်ရရှိမည့် အလ္လာဟ်အရှင်မြတ်ပေးထားသော ကတိတော်များကို ထောက်ခံခြင်းမရှိပေ။ ‘ဧကန်အမှန်ပင် ‘ဆွဗ်ရ်’သည်းခံခြင်းတရားသည် အလင်းရောင်ဖြစ်သည်။’ဆွဗ်ရ်ဟူသည် အမျက်ဒေါသဖြစ်သည့်စိတ်ကို ချုပ်တည်းထားခြင်းဖြစ်သည်။ သည်းခံခြင်းတရားသည် နေရောင်ခြည်ကဲ့သို့ ပူပြင်းတောက်လောင်မှုပါရှိသော အလင်းရောင်ပင်ဖြစ်သည်။ (ဆွဗ်ရ်သည်းခံသူသည်ရင်ထဲတွင်ပူပြင်းသောဒဏ်ကိုခံရသည်။) သည်းခံခြင်းသည် ခက်ခဲလှပြီး မိမိ၏‘နဖ်စ်’စိတ်ကို ဆန့်ကျင်တွန်းလှန်ရန်နှင့် စိတ်အလိုကို ချုပ်တည်းထားရန် လိုအပ်‌သည်။ ထို့ကြောင့်ပင် သည်းခံခြင်းတရား လက်ကိုင်ထားသူသည် အမှန်တရားပေါ်တွင်ရှိနေသူ အလင်းရောင်းရရှိသူ၊ လမ်းမှန်ရရှိသူအဖြစ်ရှိနေမည်ဖြစ်သည်။ ဆွဗ်ရ်သည်းခံခြင်းတရားကို အလ္လာဟ်အရှင်မြတ်အမိန့်နာခံရာတွင်လည်းကောင်း၊ အပြစ်အကုသိုလ်မှ ရှောင်ကြဥ်ရာတွင်လည်းကောင်း၊ လောက၏ အမျိုးမျိုးသောဒုက္ခအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရာတွင်လည်းကောင်း လက်ကိုင်ထားရန်လိုအပ်သည်။ ‘ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထားဖြစ်မည်။’ ဆိုလိုသည်မှာ ကုရ်အာန်ကျမ်းမြတ်အား ရွတ်ဖတ်ပြီး ထိုအတိုင်းလိုက်နာကျင့်သုံးပါက သင့်အတွက် သက်သေ အထောက်အထားဖြစ်မည်။ သို့မဟုတ် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ခြင်း၊ လိုက်နာကျင့်သုံးခြင်း မရှိဘဲ စွန့်ပစ်ထားပါက ‘အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။’ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆက်လက်မိန့်ကြားတော်မူသည်မှာ လူတိုင်းသည်ကြိုးစားအားထုတ်ကြသည်၊ မြေပထဝီအနှံ့သွားလာကြသည်၊ အိပ်ရာမှနိုးထပြီးနောက် မိမိတို့၏ လုပ်ငန်းဆောင်တာအသီးသီးကို ဆောင်ရွက်ရန်အိမ်များမှ ထွက်ခွာကြသည်။ ၎င်းတို့အနက် အချို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်ကိုစွဲမြဲစွာနာခံကာ မိမိကိုယ်မိမိ ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်စေလိုက်သည်။ အချို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်ကို ဖီဆန်ကာ အကုသိုလ်များကျူးလွန်၍ မိမိကိုယ်မိမိ ဂျဟန္နမ်ငရဲမီးသို့ ကျရောက်စေကာ ပျက်စီးဆုံးရှုံးစေသည်။
03

Benefits

‘သွဟာရဟ်’သန့်ရှင်းစင်ကြယ်မှုသည် နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အပြင်ပိုင်းသန့်ရှင်းစင်ကြယ်မှုဖြစ်ပြီး ၎င်းကိုဝုဿူပြုခြင်း၊ ဂုစ်လ်ရေချိုးခြင်းဖြင့်ရရှိနိုင်သည်။ နောက်တစ်မျိုးမှာ အတွင်းပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုဖြစ်ပြီး ၎င်းကို သောင်ဝ်ဟီးဒ်တရားကိုလက်ခံခြင်း၊ အီမာန် သက်ဝင်ယုံကြည်ခြင်း၊ ကောင်းမှုပြုခြင်းတို့ဖြင့် ရရှိနိုင်သည်။
ဆွလာသ်ကို စွဲမြဲစွာဝတ်ပြုရန် အရေးကြီးကြောင်း တင်ပြထားသည်။ ဆွလာသ်သည် ဤလောကနှင့် ကိယာမသ် ရှင်ပြန်ထရမည့်နေ့၌ လူသားအတွက် အလင်းရောင်ဖြစ်သည်။
ဆွဒ်ကဟ် အလှူဒါနပြုခြင်းသည် အီမာန်ယုံကြည်မှု စစ်မှန်ကြောင်း အထောက်အထားဖြစ်သည်။
ကုရ်အာန် ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထားဖြစ်ပြီး အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားမဖြစ်ရန်အတွက် ကုရ်အာန် ကျမ်းတော်မြတ်အားယုံကြည်ထောက်ခံကာ လိုက်နာကျင့်သုံးရန် အရေးကြီးသည်။
အသင်သည် စိတ်ကိုကောင်းမှုပြုခြင်း၌ လုံးပန်းစေခြင်းမရှိလျှင် ထိုစိတ်သည် အသင့်အားမကောင်းမှု၌ လုံးပန်းစေလိမ့်မည်။
လူသားတိုင်းသည် အရှင်မြတ်၏ အမိန့်နာခံမှုဖြင့် မိမိကိုယ်မိမိ ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်စေသည့်အလုပ်ကိုဖြစ်စေ သို့မဟုတ် အပြစ်အကုသိုလ်ကျူးလွန်ကာ မိမိကိုယ်မိမိ ဂျဟန္နမ်ငရဲသို့ ကျရောက်စေသည့် အလုပ်ကိုဖြစ်စေ မလွဲမသွေ လုပ်ဆောင်ကြသည်။
ဆွဗ်ရ်သည်းခံခြင်းတွင် ဒုက္ခအခက်အခဲရှိသည်။ ထို့ကြောင့် ခံနိုင်ရည်ရှိရန်နှင့် အကျိုးကုသိုလ်ကို မျှော်လင့်ချက်ထားရန်လိုအပ်သည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...