افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3731[صحيح]
HadeethEnc · 1.34.0

အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်သော်အခါ ရှိုင်သွာန်သည် ၎င်းရဲ့ ဦးခေါင်းနောက်စေ့တွင်အထုံးသုံးထုံး ထုံးလေသည်။ အထုံးတိုင်းတွင် အသင့်အတွက် ညသည် အရှည်ကြီး ကျန်သေးသည်။ ထို့ကြောင့် အသင်ဆက်အိပ်ပါ ဟု မန်းမှုတ်လေသည်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်သော်အခါ ရှိုင်သွာန်သည် ၎င်းရဲ့ ဦးခေါင်းနောက်စေ့တွင်အထုံးသုံးထုံး ထုံးလေသည်။ အထုံးတိုင်းတွင် အသင့်အတွက် ညသည် အရှည်ကြီး ကျန်သေးသည်။ ထို့ကြောင့် အသင်ဆက်အိပ်ပါ ဟု မန်းမှုတ်လေသည်။ အကယ်၍ (အိပ်နေ )သူသည် အိပ်ယာမှနိုးထပြီး အလ္လာဟ်အရှင်မြတ်အား သတိရတသခဲ့လျှင် အထုံးတစ်ထုံး ပြေသွားလေသည်။ အကယ်၍ ၎င်းသည် ဝူဿွူပြုလုပ်ခဲ့လျှင် နောက်ထပ်တစ်ထုံးပြေသွားလေသည်။ အကယ်၍ ဆွလာသ် ဝတ်ပြုခဲ့လျှင် (နောက်ဆုံးကျန်နေသည့်)တစ်ထုံးပါ ပြေသွားလေသည်။ ထိုအခါ ၎င်းသည် လန်းဆန်းစွာ၊ စိတ်ချမ်းသာစွာဖြင့် မနက်ခင်းအခါကို ရောက်ရှိလေသည်။ ထိုသို့မဟုတ်ပါက ၎င်းသည် စိတ်ညစ်ငြူးပျင်းရိလျက် မနက်ခင်းအခါကို ရှောက်ရှိရလေသည်။
02

Explanation

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သဟဒ်ဂျုဒ်ဆွလာသ် သို့မဟုတ် ဖဂျရ်ဆွလာသ်ဝတ်ပြုရန် နိုးထလိုသောလူသားနှင့်အတူရှိသည့် ရှိုင်သွာန်၏ အခြေအနေနှင့် တိုက်ခိုက်မှုအကြောင်းကို မိန့်ကြားခဲ့သည်။

မုအ်မင်န် တစ်ဦးသည် အိပ်ရာဝင်သောအခါ ရှိုင်သွာန်သည် သူ၏ ဦးခေါင်းနောက်စေ့တွင် အထုံးသုံးထုံး ထုံးလေသည်။

ထို့နောက် ထိုမုအ်မင်န်သည် အိပ်ယာနိုးထလာ‌သော
အခါ အလ္လာဟ်အရှင်မြတ်အား သတိရတသပြီး၊ ရှိုင်သွာန်၏ သွေးဆောင်မှုများကို လိုက်နာခြင်းမပြုပါက အထုံးတစ်ထုံး ပြေလျော့သွားသည်။

ထို့နောက် သူသည် ဝူဿွူအ် ပြုလုပ်ပါက နောက်ထပ်အထုံးတစ်ထုံး ပြေလျော့သွားသည်။

ထို့နောက် သူသည် ထပြီး ဆွလာသ်ဝတ်ပြုပါက တတိယအထုံးလည်း ပြေလျော့သွားကာ၊ ၎င်းသည် လန်းဆန်းစွာ၊ စိတ်ချမ်းသာစွာဖြင့် မနက်ခင်းအခါကို ရောက်ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်က သူ့အား ပေးသနားတော်မူသော နာခံမှုအတွက် ဝမ်းမြောက်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်ကသူ့အား ကတိပေးထားတော်မူသော ကုသိုလ်အကျိုးနှင့် လွတ်ငြိမ်း
ချမ်းသာခွင့်တို့ကြောင့် ဝမ်းသာပျော်ရွှင်နေသည်။ တစ်ဆက်တည်းမှာပင် ရှိုင်သွာန်၏ အချုပ်အနှောင်များနှင့် နှောင့်နှေးအောင်ပြုလုပ်မှုများမှ လွတ်မြောက်သွားသောကြောင့်လည်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူသည် ညစ်ညူးသောစိတ်၊ ဝမ်းနည်းသောနှလုံးသားနှင့် ကောင်းမှုကုသိုလ်ပြုရန် ပျင်းရိလျက် မနက်ခင်းအခါကို ရှောက်ရှိရလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှိုင်သွာန်၏ ချည်နှောင်မှုဖြင့် ချည်နှောင်ခြင်းခံရပြီး မဟာကရုဏာတော်ရှင် (အလ္လာဟ်) ၏ နီးကပ်မှုမှ ဝေးကွာသွားသောကြောင့် ဖြစ်သည်။
03

Benefits

ရှိုင်သွာန်သည် လူသားအား အလ္လာဟ်အရှင်မြတ်၏ နာခံမှုမှ တားဆီးရန် လမ်းတိုင်းတွင် အမြဲကြိုးစားအားထုတ်နေသည်။ ဗန္ဒဟ်ကျေးကျွန်သည် ရှိုင်သွာန်ရဲ့ရန်စွယ်မှ အလ္လာဟ်အရှင်မြတ်ထံ အကူအညီတောင်းခံခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို ကိုင်တွယ် အသုံးပြုခြင်းဖြင့်သာ လွတ်မြောက်နိုင်သည်။
အလ္လာဟ်အရှင်မြတ်အားသတိရခြင်းနှင့် အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းသည် စိတ်နှလုံးသားတွင် ကြည်လင်လန်းဆန်းမှုကို ဖြစ်စေပြီး ဉာဏ်အလင်းပွင့်စေသည်။ ထို့ပြင် ပျင်းရိခြင်းနှင့် ထုံထိုင်းခြင်းကို ဖယ်ရှားပေးကာ စိုးရိမ်ပူပန်ခြင်းနှင့် ရွံမုန်းခြင်းကို ပျောက်ကင်းစေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း( အရှင်မြတ်အား သတိရတသခြင်း ) သည် ရှိုင်သွာန်ကို မောင်းထုတ်လိုက်သောကြောင့်ဖြစ်ပြီး ဤသည်မှာ ရှိုင်သွာန်၏ သွေးဆောင်မှုများထဲမှ တစ်ခုဖြစ်သည်။
မုအ်မင်န်သည် အလ္လာဟ်အရှင်မြတ်က သူ့အား အရှင့်အမိန့်တော်ကို နာခံဆောင်ရွက်နိုင်ရန် သောင်ဖီးက်စွမ်းအားပေးတော်မူခြင်းကို ဝမ်းမြောက်ပျော်ရွှင်ပြီး၊ မွန်မြတ်မှုနှင့် စုံလင်ပြည့်စုံမှု၏ အဆင့်အတန်းများတွင် မိမိ၏ လျော့နည်းပေါ့လျော့ မှုအတွက် ဝမ်းနည်းပူဆွေးသည်။
အရှင့်အမိန့်တော်များကို နာခံမှုများမှ မသိမသာ လစ်ဟင်းပျက်ကွက်ခြင်းနှင့် စိတ်ချလက်ချရှိနေခြင်းသည် ရှိုင်သွာန်၏လုပ်ရပ်နှင့် ၎င်း၏ ( မကောင်းမှုအား လူသား၏ အမြင်တွင် ) လှပအောင် တန်ဆာစင်ထားခြင်းပင် ဖြစ်သည်။
ဤ အချက်သုံးချက် - အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း (ဇိကိရ်လုပ်ခြင်း)၊ ဝူဿွူလုပ်ခြင်း၊ ဆွလာသ်ဝတ်ပြုခြင်း - သည် ရှိုင်သွာန်အား မောင်းထုတ်နိုင်သည်။
ရှိုင်သွာန်၏ ချ ည်နှောင်မှု (အထုံးထုံးခြင်း) သည် အထူးသဖြင့် ဦးခေါင်းနောက်စေ့တွင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာသည် စွမ်းအားများ၏ ဗဟိုဌာနဖြစ်ပြီး ယင်းစွမ်းအားများ၏ လုပ်ဆောင်မှုများ ဖြန့်ကျက်ရာနယ်ပယ်ဖြစ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ရှိုင်သွာန်သည် ထိုနေရာကို ချည်နှောင်မိပါက လူသား ၏ဝိညာဉ်ကို ထိန်းချုပ်နိုင်ပြီး ၎င်းအား အိပ်ပျော်စေနိုင်သည်။
အိဗ်နုဟဂျရ် အတ်စ်ကလာနီက ဆိုသည် - "သင့်အပေါ်၌ ညသည် (ရှည်လျား )သည်" ဟူသော အဆို၌ "ည" ကို ဖော်ပြခြင်းသည် ထိုသို့ပြုလုပ်ခြင်းသည် ညအချိန် အိပ်စက်ခြင်းနှင့် အထူးသက်ဆိုင်ကြောင်း ထင်ရှားစေရန်ဖြစ်သည်။
အိဗ်နုဟဂျရ် အတ်စ်ကလာနီက ဆိုသည် - အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း (ဇိကိရ်) အတွက် သီးသန့်သတ်မှတ်ထားပုံစံဟူ၍ မရှိ‌သောကြောင့် အခြားသော ပုံစံများဖြင့် ပြုလုပ်ခြင်းသည် မကျေပွန်ဟု မဆိုနိုင်ပေ။ သည့်အပြင် မည်သည့်အရာမဆို ၎င်းအား အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းဟု ခေါ်ဆိုနိုင်ပါက ယင်းသည် လုံလောက်မှုရှိသည်။ ထိုသို့ သတိရတသခြင်းတွင် ကျမ်းမြတ်ကုရ်အာန် ရွတ်ဖတ်ခြင်း၊ ဟဒီးဆ်တော်များ ဖတ်ရှုခြင်း၊ သာသနာ့ပညာရပ်များကို လေ့လာခြင်းများ ပါဝင်သည်။ အကောင်းဆုံးသော သတိရတသသည့်ပုံစံမှာ ( ဇိကိရ်မှာ ) တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည့် - "မည်သူမဆို ညအချိန် အိပ်ရာမှ နိုးလာပြီး ဤဒုအာ لا إلَهَ إلَّا اللَّهُ وحْدَهُ لا شَرِيكَ له، له المُلْكُ وله الحَمْدُ، وهو علَى كُلِّ شيءٍ قَديرٌ، الحَمْدُ لِلَّهِ، وسُبْحَانَ اللَّهِ، ولَا إلَهَ إلَّا اللَّهُ، واللَّهُ أَكْبَرُ، ولَا حَوْلَ ولَا قُوَّةَ إلَّا باللَّهِ، ကို ဖတ်ခဲ့မည်။ ထို့နောက် အို-အလ္လာဟ်၊ ကျွန်တော်မျိုးအား လွှတ်ငြိမ်းချမ်းသာခွင့်ပေးပါ သို့မဟုတ် အခြား ဒုအာတောင်းခဲ့လျှင် ၎င်း၏ဒုအာသည် လက်ခံခြင်းခံရမည်။ ထို့နောက် ဝူဿွူပြုလုပ်ပြီး(ဆွလာသ်ဝတ်ပြုခဲ့လျှင်) သူ၏ဆွလာသ်သည် လက်ခံခြင်းခံရမည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...