“ခုနစ်ဦးသောသူတို့အား အရှင်မြတ်၏ အရိပ်ကလွဲလို့ အခြားအရိပ်မရှိသောနေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အရိပ်တော်အောက်၌ ခိုလှုံခွင့်ပေးတော်မူမည်
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ခုနစ်ဦးသောသူတို့အား အရှင်မြတ်၏
အရိပ်ကလွဲလို့ အခြားအရိပ်မရှိသောနေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အရိပ်တော်အောက်၌ ခိုလှုံခွင့်ပေးတော်မူမည်။ (၁) တရားမျှတစွာ အုပ်ချုပ်သော ခေါင်းဆောင်၊ (၂) အလ္လာဟ်အရှင်မြတ်အား အေဗာဒသ်ခဝပ်ကိုးကွယ်ခြင်း၌ ကြီးပြင်းလာသော လူငယ်၊ (၃) ဗလီဝတ်ကျောင်းတော်များ၌ စိတ်နှလုံးငြိကပ်နေသူ၊ (၄) အလ္လာဟ်အရှင်မြတ်အတွက် အချင်းချင်း ချစ်ခင်ကြသူနှစ်ဦး၊ ၎င်းတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်အတွက် ဆုံစည်းကြပြီး၊ အလ္လာဟ်အရှင်မြတ်အတွက်ထိုပင် ခွဲခွာကြသည်။ (၅) ချောမောလှပပြီး အဆင့်အတန်းဂုဏ်သရေရှိသော အမျိုးသမီးတစ်ဦးက ( ဇိနာ) ပြစ်မှုကျူးလွန်ရန်ဖိတ်ခေါ်သောအခါ ‘ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါသည်’ဟု ငြင်းဆိုလိုက်သူ၊
(၆) ညာလက်ကလှူဒါန်းသည်ကို ဘယ်လက်ပင်မသိအောင် လျှို့ဝှက်စွာလှူဒါန်းသူ၊ (၇)တစ်ယောက်
တည်းဆိတ်ကွယ်
ရာ၌ အလ္လာဟ်အရှင်မြတ်အား အောက်
မေ့သတိရတသသောအခါ မျက်စိနှစ်ဖက်မှ မျက်ရည်
ယိုစီးကျလာသူ ဖြစ်သည်”။
Explanation
Benefits
အဗ်နုဟဂျရ်က မိန့်ဆိုသည်မှာ- တမန်တော်မြတ်၏ မိန့်ကြားချက်ဖြစ်သည့် "في ظله" «ဖီဇွိလ္လိဟီ» (အရှင်မြတ်၏ အရိပ်တော်အတွင်း၌) နှင့်ပတ်သက်၍ ၎င်းအား အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်၏အရိပ်ဟု ဆိုလိုသည်ဟု ဆိုကြသည်။ ဤအချက်ကို စုနန် စအီးဒ် ဗင်န် မန်စူးရ်ကျမ်းတွင် စနဒ်ဟစန်ဖြင့် စလ်မာန် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ထားသည့် ဟဒီးစ်တော်က ထောက်ပံ့ညွှန်ပြနေပါသည်။ ယင်းဟဒီးစ်မှာ "လူခုနစ်ဦးကို အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အရ်ရှ်ပလ္လင်တော်၏ အရိပ်အောက်တွင် ခိုလှုံစေတော်မူမည်" (ဟူ၍ ဖြစ်သည်။)
အဗ်နုဟဂျရ်က မိန့်ဆိုသည်မှာ - "တရားမျှတသော ခေါင်းဆောင်" ၏ အကောင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာရင်း အရာရာကို အတိုင်းအထက်ကျော်လွန်ခြင်းလည်း မရှိ၊ လျှော့ပေါ့ခြင်းလည်း မရှိဘဲ ၎င်း၏ သင့်လျော်သော နေရာတွင် ထားရှိခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းအား ပထမဦးစွာ ဖော်ပြခြင်းမှာ ၎င်း၏အကျိုး ကျေးဇူးသည် အ များနှင့်သက်ဆိုင်သောကြောင့် ဖြစ်သည်။
ဆွလားသ်ဝတ်ပြုပြီးနောက် နောက်ထပ်ဆွလားသ်ဝတ်ပြုရန် စောင့်ဆိုင်းခြင်း၏ အကျိုးကျေးဇူး။
အိမာမ်နဝဝီက မိန့်ဆိုသည်မှာ - ဤဟဒီးစ်တော်၌ အလ္လာဟ်အရှင်မြတ်အတွက် အချင်း ချင်း ချစ်ခင်မှုထားရန် တိုက်တွန်းထားခြင်းနှင့် ၎င်း၏ ကြီးမားလှသော အကျိုးကျေးဇူးကို ဖော်ပြချက် ပါရှိသည်။
ရာထူးနှင့် အလှအပကို အထူးဖော်ပြခြင်းမှာ လူတို့သည် ယင်းအရာနှစ်ခုကို အလွန်ပင် စိတ်ဆန္ဒပြင်းပြကာ လိုချင်တပ်မက်ကြသော်လည်း ၎င်းတို့ကို ရရှိရန်မှာ ခက်ခဲသောကြောင့် ဖြစ်ပါသည်။
အလှူဒါနပြုရာတွင် အကောင်းဆုံးမှာ ဖုံးကွယ်၍ လှူဒါန်းခြင်းပင် ဖြစ်သည်။ အကြောင်းမှာ ယင်းသည် ရိယာပြစားခြင်းနှင့် လွန်စွာအလှမ်းဝေးသောကြောင့် ဖြစ်သည်။ သို့ရာတွင် ရိယာပြစားခြင်းမှ ကင်းစင်လျက်၊ အခြားသူများအား လှူဒါန်းသုံးစွဲဒါနပြုရန် တိုက်တွန်းလိုခြင်း၊ ၎င်းတို့အတွက် စံနမူနာဖြစ်စေလိုခြင်း၊ သို့မဟုတ် အစ္စလာမ်သာသနာ၏ သင်္ကေတများကို ထင်ရှားစေလိုခြင်းဖြစ်ပါက စွဒ်ကဟ်လှူဒါန်းသုံးစွဲခြင်းနှင့် ဇကားသ်ပေးဆောင်ခြင်းတို့အား လူသိရှင်ကြား ပြုလုပ်ခြင်းသည်လည်း ရှရီအသ်တရားတော်အရ ခွင့်ပြုထားပါသည်။
ဤခုနစ်ဦးသော ပုဂ္ဂိုလ်တို့သည် အလ္လာဟ်အရှင်မြတ် နှစ်သက်ရန်အတွက် အိခ်လာစ်ွဖြင့်ပြုလုပ်ခဲ့ခြင်းနှင့် စိတ်အလိုရမက်ကို ဆန့်ကျင်ခဲ့ခြင်းဖြင့်သာ ထိုကြီးကျယ် သောနိအ်မသ်စည်းစိမ်တော်ကို ရရှိခဲ့ကြခြင်းဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ "ခုနစ်ဦးသောသူတို့အား အလ္လာဟ်အရှင်မြတ် အရိပ်ရစေတော်မူမည်" ဟူသော မိန့်ကြားချက်တွင် ၎င်းတို့အား ခုနစ်ဦးဟု သတ်မှတ်ရေတွက်ခြင်းသည် အကန့်အသတ်ဖြစ်စေရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ သို့သာမက ဤဟဒီးစ်တော်တွင်ဖော်ပြထားသော ပုဂ္ဂိုလ်ခုနစ်ဦးအပြင် အခြားသောသူများလည်း အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်၏အရိပ်အောက်၌ ခိုလှုံခွင့်ရကြမည် ဖြစ်သည်။
အဗ်နုဟဂျရ် မိန့်ဆိုသည်မှာ- ဤဟဒီးစ်တော်၌ အမျိုးသားများကိုသာ ဖော်ပြထားသောကြောင့် ဤထွတ်မြတ်မှုသည် အမျိုးသားများအတွက်သာ ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အမျိုးသမီးများသည်လည်း ဤထွတ်မြတ်မှုတွင် အမျိုးသားများနှင့် ပူးတွဲပါဝင်ကြသည်။ သို့ရာတွင် "တရားမျှတသော ခေါင်းဆောင်" ဆိုသည်မှာ အကယ်၍ ကြီးကျယ်သော ခေါင်းဆောင်မှု (ခလီဖဟ်ဖြစ်ခြင်း) ကို ရည်ညွှန်းပါက ယင်းသည် အမျိုးသမီးအတွက် မဖြစ်နိုင်ပေ။ သို့မဟုတ်ပါက အမျိုးသမီးသည်လည်း မိမိ၏ အိမ်သူအိမ်သားများနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် တရားမျှတသော ပုဂ္ဂိုလ်ဖြစ်နိုင်သည်။ ထို့ပြင် "ဗလီဝတ်ကျောင်းတော်၌ အစဉ်တစိုက်အမြဲတမ်းတည်ရှိနေခြင်း (ဝတ်ပြုရန် စောင့်ဆိုင်းနေခြင်း)" ဟူသော အချင်းလက္ခဏာမှာမူ အမျိုးသမီးအတွက် မဟုတ်ပေ။ အကြောင်းမှာ အမျိုးသမီးအတွက် အိမ်တွင် ဆွလားသ်ဝတ်ပြုခြင်းသည် ပိုမိုကောင်းမွန်သောကြောင့် ဖြစ်သည်။ ဤနှစ်မျိုးမှအပ ကျန်ရှိသော အချင်းလက္ခဏာများအားလုံးတွင် အမျိုးသမီးများလည်း ပါဝင်နိုင်ကြသည်။ ယင်းတွင် "အမျိုးသမီးတစ်ဦးက (ဇိနာပြစ်မှုကျူးလွန်ရန်) ဖိတ်ခေါ်သော အမျိုးသား" ဟူသော အခြေအနေကိုပင် အမျိုးသမီးတစ်ဦးအတွက် အလားတူ စဉ်းစားနိုင်ပါသည်။ ဆိုလိုသည်မှာ အလွန်ရုပ်ရည်ချောမောလှပသော ဘုရင်တစ်ပါးက သူမအား (ဇိနာပြစ်မှုကျူးလွန်ရန်) ဖိတ်ခေါ်ခဲ့သော်လည်း သူမသည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောစိတ်ဖြင့် ၎င်းမှ ရှောင်ကြဉ်ခဲ့ခြင်း၊ ထို့အပြင် ထိုသို့ဖိတ်ခေါ်ခံရချိန်တွင် သူမသည် ထိုသို့ပြုလုပ်ရန် လိုအပ်နေသော်လည်း (ရှောင်ကြဉ်ခဲ့ခြင်း) ဟူ၍ ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

