အကြင်သူသည် ကွယ်လွန်သေဆုံးချိန် မဆိုက်ရောက်သေးသော လူနာတစ်ဦးကို ကြည့်ရှု့အားပေးရန် သွားရောက်ပြီး ၎င်း၏အနီးတွင် အောက်ပါဒုအာ - (أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ) (အလွန်ကြီးမားတော်မူသော အရ်ရှ်ပလ္လင်တော်၏ အရှင်ဖြစ်တော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အသင့်အား သက်သာပျောက်ကင်းမှု ပေးသနားတော်မူပါရန် ကျွန်ုပ် ဆုတောင်းပတ္တနာပြုပါ၏) ကို ခုနစ်ကြိမ် ရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း(လူနာ)အား ထိုရောဂါမှ ကင်းဝေးစေကာ ကျန်းမာခြင်းကို ပေးသနားတော်မူမည်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အကြင်သူသည် ကွယ်လွန်သေဆုံးချိန် မဆိုက်ရောက်သေးသော လူနာတစ်ဦးကို ကြည့်ရှု့အားပေးရန် သွားရောက်ပြီး ၎င်း၏အနီးတွင် အောက်ပါဒုအာ -
(أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ)
(အလွန်ကြီးမားတော်မူသော အရ်ရှ်ပလ္လင်တော်၏ အရှင်ဖြစ်တော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အသင့်အား သက်သာပျောက်ကင်းမှု ပေးသနားတော်မူပါရန် ကျွန်ုပ် ဆုတောင်းပတ္တနာပြုပါ၏)
ကို ခုနစ်ကြိမ် ရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း(လူနာ)အား ထိုရောဂါမှ ကင်းဝေးစေကာ ကျန်းမာခြင်းကို ပေးသနားတော်မူမည်ဖြစ်သည်။"
Explanation
Benefits
၂။ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိလျှင် မိမိ၏အနားတွင် ဤဒုအာကိုရွတ်ဆိုခံရသော လူနာသည် သက်သာပျောက်ကင်းမှု ရရှိမည်ဖြစ်သည်။ သို့သော် စိတ်ရင်းခံအတိုင်း စေတနာဖြူစင်စွာဖြင့် ဒုအာဆုတောင်းပေးခြင်းဖြစ်ရန် လိုအပ်သည်။
၃။ ဤဒုအာကို တီးတိုးစွာ ရွတ်ဖတ်နိုင်သလို ကျယ်လောင်စွာလည်း ရွတ်ဖတ်နိုင်သည်။ နှစ်မျိုးစလုံး ခွင့်ပြုထားသော်လည်း လူနာကြားအောင် ရွတ်ဖတ်ခြင်းက ပို၍ကောင်းမွန်သည်။ အကြောင်းမှာ ၎င်းသည် လူနာ၏ စိတ်ကို ရွှင်လန်းစေသောကြောင့် ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options

