သင့် ကိုယ်ခန္ဓာ၏ နာကျင်ကိုက်ခဲနေသော နေရာပေါ်သို့ သင်၏လက်ကို ထားလော့။ ထို့နောက် သုံးကြိမ် 'ဗိစ်မိလ္လာဟ်' ( بِاسْمِ اللهِ )ရွတ်ဆိုပါ။ ထို့နောက် ခုနစ်ကြိမ် (أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ) 'အအူဇုဘိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု' (ကျွန်တော်မျိုးခံစားနေရပြီး စိုးရိမ်ကြောင့်ကြနေသော အရာ၏ ဘေးရန်မှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏) ဟု ရွတ်ဆိုပါ ။
Choose an available translation of this Hadeeth
Hadeeth text
အွတ်စ်မားန် ဗင်န် အဘီလ်အားဆ်ွ အတ်စ်စကဖီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ -
သူသည် အစ္စလာမ်သာသနာကို လက်ခံပြီးကတည်းက မိမိ၏ ခန္ဓာကိုယ်တွင် ခံစားရသောနာကျင်မှုတစ်ခုကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တိုင်ကြားခဲ့သည်။
ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အား ဤသို့မိန့်ကြားတော်မူခဲ့သည် - သင့် ကိုယ်ခန္ဓာ၏ နာကျင်ကိုက်ခဲနေသော နေရာပေါ်သို့ သင်၏လက်ကို ထားလော့။ ထို့နောက် သုံးကြိမ် 'ဗိစ်မိလ္လာဟ်' ( بِاسْمِ اللهِ )ရွတ်ဆိုပါ။ ထို့နောက် ခုနစ်ကြိမ် (أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ)
'အအူဇုဘိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု' (ကျွန်တော်မျိုးခံစားနေရပြီး စိုးရိမ်ကြောင့်ကြနေသော အရာ၏ ဘေးရန်မှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏) ဟု ရွတ်ဆိုပါ ။
Explanation
ထိုဒုအာမှာ- နာကျင်သော နေရာပေါ်တွင် မိမိ၏လက်ကိုတင်ကာ "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်) ဟု သုံးကြိမ် ရွတ်ဆိုရမည်။ ထို့နောက် ခုနစ်ကြိမ် ဤသို့ဒုအာရွတ်ဆိုရမည် ။
"အအူဇု ဗိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု" ဆိုလိုသည်မှာ -
"ကျွန်တော်မျိုး လက်ရှိခံစားနေရသော နာကျင်မှု ဝေဒနာမှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏။ ထို့ပြင် အနာဂတ်တွင် ဖြစ်လာမည့် ပူပန်သောကနှင့် ကြောက်ရွံ့စိုးရိမ်ရသော အရာမှလည်းကောင်း သို့မဟုတ် ဤရောဂါသည် နာတာရှည်ဖြစ်လာပြီး ၎င်း၏ဝေဒနာသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခြင်းမှ လည်းကောင်း အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ၏" ဟူ၍ဖြစ်သည်။
Benefits
မကျေမနပ်ဖြစ်ခြင်း သို့မဟုတ် စောဓကတက်ခြင်းမရှိဘဲ ဝေဒနာနှင့်ပတ်သတ်၍ တိုင်ကြားခြင်း( ညည်းညူခြင်း ) သည် သဝက္ကုလ် (အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်အထားခြင်း ) နှင့် ဆွဗရ် (သည်းခံမှု) တို့နှင့် ဆန့်ကျင်ခြင်းမရှိပါ။
ဒုအာသည် ရည်မှန်းချက်များ အောင်မြင်ရန် တရား တော်လာ နည်းလမ်းများကို ကျင့်သုံးခြင်း (ကုသမှုနည်းလမ်းများ) ထဲမှ တစ်ခုဖြစ်သောကြောင့်၊ ၎င်း၏ စကားလုံးများနှင့် အကြိမ်အရေအတွက်များကို တိကျစွာ လိုက်နာရန် လိုအပ်သည်။
ဤဒုအာသည် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခု၌ ဖြစ်ပေါ်သော မည်သည့်နာကျင်ကိုက်ခဲမှုအတွက်မဆို ကုသရန် ရွတ်ဆိုနိုင်သည်။
ဤဒုအာဖြင့် မန်းမှုတ်ကုသသည့်အခါ လက်(ဖဝါး)ကို နာကျင်ကိုက်ခဲသော နေရာပေါ်တွင် တင်ထားရမည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

