- "အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏။ အသင့်အား အန္တရာယ်ပေးသော အရာတိုင်းမှ၊ သက်ရှိအားလုံး၏ ဘေးအန္တရာယ်မှ သို့မဟုတ် မနာလိုဝန်တိုသူ၏ မျက်စိ (နဇရ်ထိခြင်း) မှ (ကာကွယ်တော်မူရန်)။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား သက်သာပျောက်ကင်းစေတော်မူပါစေ။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုကုသပေးပါ၏။
Choose an available translation of this Hadeeth
Hadeeth text
အဘူစအီဒ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ဂျစ်ဗ်ရီလ် (အလိုင်ဟိစ္စလာမ်) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး ဤသို့ မေးမြန်းခဲ့သည်- အို-မုဟမ္မဒ် အသင် သည် နာမကျန်းဖြစ်နေပါသလား။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဟုတ်ပါသည် ဟု ဖြေကြားခဲ့သည်။ ထိုအခါ ဂျီဗ်ရီလ် (အလိုင်ဟိစ္စလာမ်) က ဤသို့ ပြောခဲ့သည် - "အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏။ အသင့်အား အန္တရာယ်ပေးသော အရာတိုင်းမှ၊ သက်ရှိအားလုံး၏ ဘေးအန္တရာယ်မှ သို့မဟုတ် မနာလိုဝန်တိုသူ၏ မျက်စိ (နဇရ်ထိခြင်း) မှ (ကာကွယ်တော်မူရန်)။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား သက်သာပျောက်ကင်းစေတော်မူပါစေ။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုကုသပေးပါ၏။"
Explanation
ကျေးဇူးပေးနိုင်သူမှာ ထိုအရှင်မြတ်တစ်ပါးတည်းသာဖြစ်ကြောင်း ညွှန်းဆိုလိုခြင်းဖြစ်
သည်။
Benefits
၂။ ရွတ်က်ရဟ် (မန်းမှုတ်ကုသခြင်း) ပြုလုပ်ခြင်းသည် အောက်ပါစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခွင့် ရှိသည်။ ( ၁ ) ကုရ်အာန်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်၊ တရားတော်၌လာရှိသော ဒုအာများဖြင့် ပြုလုပ်ရမည်။ (၂ ) အရဗီဘာသာစကားဖြင့် သို့မဟုတ် အဓိပ္ပာယ်ကို နားလည်နိုင်သော အခြားဘာသာစကားများဖြင့် ပြုလုပ်ရမည်။ ( ၃ ) ရွတ်က်ရဟ်(မန်းမှုတ်ခြင်း)သည် မိမိပင်ကိုယ်အာနိသင်ကြောင့် သက်ရောက်မှုရှိခြင်းမဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့်သာ အာနိသင်သက်ရောက်မှု ရှိခြင်းဖြစ်သည်ဟု ယုံကြည်ရမည်။ ၎င်းသည် အကြောင်းခံတစ်ခုသာဖြစ်ပြီး အရှင်မြတ်၏ခွင့်ပြုချက်မရှိလျှင် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပါ။ ( ၄ ) ရှိရ်က် (တွဲဖက်ကိုးကွယ်မှု)၊ ဟရာမ် (တားမြစ်ထားသောအရာ)၊ ဗိဒ်အသ်တရားသစ်တီထွင်မှု စသည်တို့မှ ကင်းလွှတ်ရမည် သို့မဟုတ် ထိုအရာများဆီသို့ ဦးတည်စေသောအရာများ မပါရှိစေရ။
၃။ နဇရ်ထိခြင်းသည် အမှန်တကယ်ရှိပြီး ဘေးအန္တရာယ် ဖြစ်စေနိုင်ကြောင်း အတည်ပြုထားခြင်း။ ထို့ကြောင့် ၎င်းမှ ကာကွယ်ရန် မန်းမှုတ်ကုသခိုင်းခြင်းကို ပြုလုပ်သင့်သည်။
၄။ ဟဒီးဆ်တော်တွင် လာရှိထားသော ဒုအာများဖြင့် မန်းမှုတ်ကုသခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
၅။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အခြားလူသားများကဲ့သို့ပင် နာမကျန်းဖြစ်မှုများ ကြုံတွေ့နိုင်သည်။
၆။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်(မုဟမ္မဒ် ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား စောင့်ရှောက်ကာကွယ်တော်မူပြီး ကောင်းကင်တမန်များကို ၎င်းအား စောင့်ရှောက်ရန် တာဝန်ပေးအပ်ထားတော်မူခြင်း။
Attribution
Categories
Share hadeeth
Sharing options

