အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ အကုသိုလ်များ ကင်းစင်သွားမည်ဖြစ်ပြီး လက်သည်းအောက်ရှိ အကုသိုလ်များပါ ကင်းစင်သွားမည်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ အကုသိုလ်များ ကင်းစင်သွားမည်ဖြစ်ပြီး လက်သည်းအောက်ရှိ အကုသိုလ်များပါ ကင်းစင်သွားမည်ဖြစ်သည်။
Explanation
Benefits
ဝုဿွူ၏ မွန်မြတ်မှုကို ဖော်ပြထားသည်။ ဝုဿွူသည်အကုသိုလ်အသေးများကို ပယ်ဖျက်ပေးသည်။ အပြစ်အကုသိုလ်အကြီးများကိုမူ သောင်ဗဟ် အမှားဝန်ခံမှုပြုရန် လိုအပ်ပေသည်။
အပြစ်အကုသိုလ်များ ကင်းစင်ရန်အတွက် စည်းကမ်းချက်တစ်ခုမှာ မည်သည့်လစ်ဟင်းမှုမှမရှိစေပဲ ဝုဿွူကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သင်ကြားပြသခဲ့သည့်အတိုင်း ကောင်းမွန်ကျနစွာ ပြုလုပ်ခြင်းဖြစ်သည်။
ဤဟဒီးဆ်တော်၌ တင်ပြထားသော အပြစ်အကုသိုလ်များ ပယ်ဖျက်ပေးခြင်းသည် ကြီးလေးသော အပြစ်အကုသိုလ်များမှ ရှောင်ကြဉ်ခြင်း၊ ၎င်းတို့အတွက် သောင်ဗဟ်ပြုခြင်းဟူသောအချက်ဖြင့် ကန့်သတ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အို- ‘မုအ်မင်န်’ သင်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် မိမိတို့အား မြစ်တားပြီးဖြစ်သော၊ ကြီးလေးသော ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်၍နေကြပါမူ၊ ငါအရှင်မြတ်သည် အသင်တို့၏ (သေးငယ်သော) မကောင်းမှုဒုစရိုက်တို့ကို အသင်တို့မှ ကျေအေးစေတော်မူမည်။) ကုရ်အာန် ( ၄း ၃၁ )
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

