မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။
Choose an available translation of this Hadeeth
Hadeeth text
ဗုရိုင်ဒဟ်ဗင်န် ဟုဆွိုဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ အသင်တို့သည် အဆ်ွရ်ဆွလာသ်ကို စောလျင်စွာဖတ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။
Explanation
သူ့အချိန်နှင့်သူ မဆောက်တည်ဘဲ တမင်နောက်ဆိုင်းထားခြင်းမှ တားမြစ်တော်မူခဲ့သည်။ မည်သူမဆို ထိုသို့ပြုလုပ်ပါက ၎င်း၏အမလ်ကျင့်ဆောင်မှုများ ပျက်စီးကာ အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။
Benefits
အဆွ်ရ် ဆွလာသ် စွန့်လွှတ်သူအဖို့ ပြင်းထန်သော သတိပေးခြိမ်းခြောက်မှုရှိသည်။ အဆ်ွရ်ဆွလာသ် ကို သူ့အချိန်တွင်ဝတ်မပြုပဲ စွန့်လွှတ်ခြင်းသည် အခြားသော ဆွလာသ်များကို စွန့်လွှတ်ခြင်းထက် ပို၍ပြင်းထန်သည်။ အဘယ့်ကြောင့်ဆိုသော် အလယ်ဆွလာသ်နှင့် ပတ်သက်၍ သီးသန့် အမိန့်လာရှိထားသည့်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံးသော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာသ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်းကြလေကုန်။ ) (ကုရ်အာန် ၂:၂၃၈)
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

