افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#6049[ဤဟဒီးဆ်၏စနဒ်သည် ဆွဟီးဟ်အဆင့်ရှိသည်။]
HadeethEnc · 1.34.0

(ကဗီရဟ်)ကြီးလေးသော အပြစ်အကုသိုလ်များမှာ အလ္လာဟ်အရှင်မြတ်အား (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုပြုခြင်း၊အလ္လာဟ်အရှင်မြတ်၏ အကြံအစည်တော်ကို စိုးရိမ်မှုမရှိဘဲ စိတ်ချနေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မက်ဆန္ဒမထားခြင်းတို့ဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗ်ဒုလ္လာဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
(ကဗီရဟ်)ကြီးလေးသော အပြစ်အကုသိုလ်များမှာ အလ္လာဟ်အရှင်မြတ်အား (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုပြုခြင်း၊အလ္လာဟ်အရှင်မြတ်၏ အကြံအစည်တော်ကို စိုးရိမ်မှုမရှိဘဲ စိတ်ချနေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မက်ဆန္ဒမထားခြင်းတို့ဖြစ်သည်။
02

Explanation

ဤဩဝါဒတော်၌ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပြစ်မှုဒုစရိုက်ကြီးများအဖြစ် သတ်မှတ်ထားသည့် အပြစ်အကုသိုလ်များကို မိန့်ကြားခဲ့သည်။ ၎င်းတို့မှာ - အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းတော်မူခြင်းနှင့် ခဝပ်ကိုးကွယ်မှုခံထိုက်ခြင်းတို့၌ တစ်စုံတစ်ရာကို(ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှုပြုခြင်း ဖြစ်သည်။ ဖက်စပ်ယှဉ်တွဲကိုးကွယ်ခြင်းသည် အကြီးလေးဆုံး အပြစ်အကုသိုလ်ဖြစ်သည့်အတွက် ၎င်းဖြင့်အစပြု တင်ပြထားခြင်းဖြစ်သည်။နောက်ထပ်ပြစ်မှုတစ်ခုမှာ အလ္လာဟ်အရှင်မြတ်အပေါ် မျှော်လင့်ချက် ကင်းမဲ့ခြင်းဖြစ်သည်။ ထိုသို့ မျှော်လင့်ချက် ကင်းမဲ့ခြင်းသည် အလ္လာဟ်အရှင်မြတ်အပေါ် မကောင်းသည့် ထင်မြင်ချက်ထားခြင်း၊ အရှင်မြတ်၏ကရုဏာတော် ကျယ်ဝန်းမှုကို မသိနားမလည်ခြင်းပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်အား ချက်ချင်း အပြစ်မပေးဘဲ ၎င်းသတိမမူသည့်အချိန်၌ အပြစ်ပေးတော်မူရန်အတွက် ၎င်းအား စည်းစိမ်ချမ်းသာထဲတွင် ခေတ္တမျှလွှတ်ထားကာ အချိန်ဆိုင်းထားခြင်းကို စိုးရိမ်မှုမရှိဘဲ စိတ်ချနေခြင်းသည်လည်းအပြစ်အကုသိုလ်ကြီးတစ်ခုပင်ဖြစ်သည်။ (ကဗီရဟ်)ကြီးလေးသော အပြစ်အကုသိုလ်များသည် ဤဩဝါဒတော်၌ တင်ပြထားသလောက်သာ ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ကြီးလေးသော အပြစ်အကုသိုလ်များသည် အများအပြားရှိပြီး ၎င်းတို့အနက် အကြီးဆုံးအပြစ်အကုသိုလ်များကို တင်ပြရန် ဩဝါဒတော်က ရည်ရွယ်ခြင်းသာဖြစ်သည်။
03

Benefits

အပြစ်အကုသိုလ်များကို ကြီးလေးသော အပြစ်အကုသိုလ်နှင့် သေးငယ်သော အပြစ်အကုသိုလ် ဟူ၍ ခွဲခြားထားသည်။
(ရှိရ်က်) ဖက်စပ်ယှဉ်တွဲ ကိုးကွယ်ခြင်းသည် ပြစ်မှုကြီးများအနက် အကြီးလေးဆုံး အပြစ်အကုသိုလ်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏ ကြံစည်မှုကို စိုးရိမ်မှုကင်းမဲ့ကာ စိတ်ချနေခြင်းနှင့် အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက်မဲ့ခြင်းတို့အား တားမြစ်ထားသည်။ ထိုနှစ်ချက်စလုံးသည် အကြီးလေးဆုံး အပြစ်အကုသိုလ်များတွင် ပါဝင်သည်။
လျှို့ဝှက်ကြံစည်ကြသောသူများနှင့် ဆန့်ကျင်ကြောင်းဖော်ပြသည့်နေရာ၌ အလ္လာဟ်အရှင်မြတ်အား ကြံစည်တော်မူခြင်းဟူသည့် ဂုဏ်တော်ဖြင့် ဖော်ပြခွင့်ရှိသည်။ ယင်းဂုဏ်တော်သည် ပြီးပြည့်စုံသည့် ဂုဏ်တော်ဖြစ်သည်။ လျှို့ဝှက်ကြံစည်ရန် မထိုက်တန်သူတစ်ဦးကို ကြံစည်ခြင်းကသာ ပြစ်တင်ရှုံချခြင်းခံရမည်ဖြစ်သည်။
လူသားသည် စိုးရိမ်မှုနှင့် မျှော်လင့်ချက် ကြားတွင်ရှိနေရန် တာဝန်ရှိသည်။ စိုးရိမ်သည့်အခါ မျှော်လင့်ချက်မကင်းမဲ့သင့်သလို မျှော်လင့်ချက်ထားသည့်အခါတွင်လည်း စိုးရိမ်မှု မကင်းမဲ့သင့်ပေ။
အလ္လာဟ်အရှင်မြတ်တွင် အရှင်မြတ်၏ ကြီးကျယ်မှုနှင့် လျော်ညီသည့်အတိုင်း မဟာကရုဏာတော်ရှိကြောင်း အတည်ပြုတင်ပြထားသည်။
အလ္လာဟ်အရှင်မြတ်အပေါ် ကောင်းမွန်သည့် ထင်မြင်ချက်ထားရန် တာဝန်ရှိသည်။

Attribution

[အဗ်ဒွရ်ရဇ္ဇာက် ဆင့်ပြန်ခဲ့သည်။]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...