အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်- «اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ». ( အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ကြီးသောအပြစ်၊ သေးသောအပြစ်၊ ရှေ့တွင်ဖြစ်ခဲ့သောအပြစ်နှင့်၊ နောက်တွင်ဖြစ်လာမည့်အပြစ်၊ လူသိရှင်ကြားပြုမိသောအပြစ်နှင့် လျှို့ဝှက်စွာပြုမိ သောအပြစ် စသည့်အပြစ်ဂုနဟ်များအားလုံးကို ခွင့်လွှတ်တော်မူပါ"။)
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်-
«اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ».
( အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ကြီးသောအပြစ်၊ သေးသောအပြစ်၊ ရှေ့တွင်ဖြစ်ခဲ့သောအပြစ်နှင့်၊ နောက်တွင်ဖြစ်လာမည့်အပြစ်၊ လူသိရှင်ကြားပြုမိသောအပြစ်နှင့် လျှို့ဝှက်စွာပြုမိ သောအပြစ် စသည့်အပြစ်ဂုနဟ်များအားလုံးကို ခွင့်လွှတ်တော်မူပါ"။)
Explanation
စိရ်ရဟူ" ဟု ခေါ်သော လူသိရှင်ကြား ကျူးလွန်ခဲ့သော အပြစ်များ နှင့် လျှို့ဝှက်စွာ ကျူးလွန်ခဲ့သော အပြစ်များ၊ အရှင်မြတ်မှတစ်ပါး မည်သူမျှ မသိနိုင်သော အပြစ်များ အားလုံးကို လွှတ်တော်မူပါဟု ဆိုလိုသည်။
Benefits
ပညာရှင်အချို့က ဆိုသည်- ဤဒုအာတွင် 'ဒစ်က္က' (အသေးစား) ကို 'ဂျစ်လ္လ' (အကြီးစား) ထက် အရင် ရှေ့ကိုတင်ထားခြင်းမှာ ဆုတောင်းသူသည် မိမိတောင်းဆိုမှုတွင် အဆင့်ဆင့် တိုးမြှင့်သွားခြင်းကို ပြသသည်။ အဘယ်ကြောင့်ဆိုသော် ကြီးလေးသောအပြစ်ဂုနဟ်များသည် များသောအားဖြင့် သေးငယ် သောအပြစ်ဂုနဟ်များကို ဆက်တိုက်ပြုလုပ်ခြင်းနှင့် ၎င်းတို့ကို အလေးမထား၊ ဂရုမပြုခြင်းမှ ပေါက်ဖွားလာတတ်သည်။ သို့ဖြစ်၍ ထိုသေးငယ်သောအပြစ်ဂုနဟ်များသည် ကြီးလေးသောအပြစ်ဂုနဟ်များဆီသို့ ရောက်ရှိစေသော အကြောင်းခံများသဖွယ်ဖြစ်နေသည်။ အကြောင်းခံတစ်ခု၏ အခွင့်အရေးမှာ ယင်းကို အတည်ပြုရာတွင်ဖြစ်စေ၊ ပယ်ဖျက်ရာတွင်ဖြစ်စေ ရှေ့တန်းတင်ဆောင်ရွက်ရန် ဖြစ်သည်။
၁။ အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျိုးနွံနှိမ့်ချခြင်းနှင့် အသေးအဖွဲ ကြီးလေးမရွေး အပြစ်အားလုံးမှ လွှတ်ငြိမ်းချမ်းသာခွင့် ရရှိရန် အရှင်မြတ်ထံ တောင်းခံခြင်း။
၂။ အိမာမ်နဝဝီက ဆိုသည်မှာ - ဤဟဒီးစ်တော်တွင်ဒုအာဆုတောင်းခြင်းကို လေးနက်စေခြင်းနှင့် စကားလုံးများ များပြားစေခြင်း ပါဝင်သည်။ အချို့သော စကားလုံးများသည် အချို့သော စကားလုံးများကို အစားထိုးနိုင်သော်လည်း ဤသို့ အမျိုးမျိုးသော စကားလုံးများဖြင့် ရွတ်ဆိုခြင်းသည် ကောင်းမြတ်သော အရာပင် ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

