အို- လူသားအပေါင်းတို့ အသင်တို အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုကြလေကုန်။ ဧကန်စင်စစ် ငါကိုယ်တော်သည် တစ်ရက်တွင် အကြိမ်တစ်ရာမျှ အရှင်မြတ်ထံ သောင်ဗဟ်ပြုတော် မူ၏။
Choose an available translation of this Hadeeth
Hadeeth text
အဂတ်ရ်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဆွဟာဗီတစ်ပါးဖြစ်သည်။ ၎င်းက ပြောပြခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ " အို- လူသားအပေါင်းတို့ အသင်တို အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုကြလေကုန်။ ဧကန်စင်စစ် ငါကိုယ်တော်သည် တစ်ရက်တွင် အကြိမ်တစ်ရာမျှ အရှင်မြတ်ထံ သောင်ဗဟ်ပြုတော် မူ၏။"
Explanation
Benefits
၂။ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း)၏ အမိန့်သည် အလွန်ကျယ်ပြန့်ပြီး၊ ဟရာမ်တရားမြစ်ထားသောအရာများနှင့် အပြစ်များကို ကျူးလွန်မိခြင်းမှ ဖြစ်စေ၊ ဝါဂျစ်ဗ်(မဖြစ်မနေ)လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရာတွင် လစ်ဟင်းခြင်းမှဖြစ်စေ သောင်ဗဟ် ပြုလုပ်ရသည်။
၃။ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) လက်ခံခြင်းခံရရန် အတွက် အစ်ခ်လားစ်ွ (အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ရည်စူးပြုလုပ်ခြင်း) သည် သတ်မှတ်ချက်တစ်ရပ် ဖြစ်သည်။ မည်သူမဆို အပြစ်တစ်ခုကို အလ္လာဟ်အရှင်မြတ်အတွက် မဟုတ်ဘဲ အခြားအကြောင်းတစ်ခုခုကြောင့် စွန့်လွှတ်ခဲ့လျှင် ၎င်းအား သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုလုပ်သူဟု မခေါ်ဆိုပေ။
၄။ အိမာမ်နဝဝီက ဆိုသည်မှာ - သောင်ဗဟ်ပြုလုပ်ခြင်းအတွက် စည်းကမ်းချက် သုံးချက် ရှိသည်။ ၁။ အပြစ်မှ ရှောင်ကျဉ်ခြင်း။ ၂။ အပြစ်ကျူးလွန်မိသည့်အတွက် ရှက်ရွံ့နောင်တရခြင်း။ ၃။ ထိုအပြစ်ကို နောက်တစ်ဖန် ပြန်မကျူးလွန်ရန် ပြတ်သားစွာ ဆုံးဖြတ်ချက်ချခြင်း။ (အထက်ဖော်ပြပါ အချက်သုံးချက်သည် အပြစ်သည် အလ္လာဟ်အရှင်မြတ်၏ ရပိုင်ခွင့်များထဲမှ တစ်ခုခုနှင့် သက်ဆိုင်သည့်အခါမျိုးတွင် ဖြစ်သည်။) အကယ်၍ အပြစ်သည် လူသားများ၏ ရပိုင်ခွင့်များနှင့် သက်ဆိုင်ခဲ့လျှင် သောင်ဗဟ် မှန်ကန်ရန်အတွက် ထိုရပိုင်ခွင့်ကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံရန် သို့မဟုတ် ပိုင်ရှင်ထံမှ (မိမိအား ခွင့်လွှတ်ကြောင်း သို့မဟုတ် အပြစ်မှ ကင်းလွတ်ခွင့်ရကြောင်း) ခွင့်လွှတ်မှု ရယူထားရန် လိုအပ်သည်။
၅။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အိစ်သိဂ်ဖာရ်ပြုလုပ်ခြင်း (ခွင့်လွတ်မှုတောင်းခံခြင်း) မှာ ကိုယ်တော်သည် အပြစ်များကျူးလွန်မိခြင်းကြောင့် အိစ်သိဂ်ဖာရ်ပြုလုပ်ခြင်းဖြစ်သည်ဟု မဆိုလိုကြောင်း သတိပြုသင့်သည်။ သို့သော် ကိုယ်တော်မြတ်သည် ကျေးကျွန်ဖြစ်မှု၏ အပြည့်စုံဆုံးအဆင့်သို့ ရောက်ရှိနေခြင်း၊ အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၌ အမြဲနှစ်မြှုပ်နေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကြီးမြတ်သော ရပိုင်ခွင့်ကို အမြဲသတိရှိခြင်းနှင့် ကျေးကျွန်တစ်ဦးအနေဖြင့် မည်မျှပင် အရှင်မြတ်၏ နိအ်မသ်ကျေးဇူးတော်များကို ကျေးဇူး တင်စကား ဆိုသည်ဖြစ်စေ ကျေးကျွန်ထံမှ ဖြစ်ပေါ်တတ်သော လစ်ဟင်းမှုကို သိရှိနားလည်ခြင်းတို့ကြောင့် ပြုလုပ်တော်မူခြင်းဖြစ်သည်။ ထို့ပြင် ယင်းသည် မိမိနောက်တွင်လာမည့် အွမ္မသ်နောက်လိုက်သားများအတွက် ရှရီအသ်တရားအဖြစ် ပြဌာန်းသတ်မှတ်ပေးရန်လည်း ဖြစ်သည်။ ဤအပြင် အခြားသော ဉာဏ်အမြော် အမြင်များလည်း ရှိသေးသည်
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

