အကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
ဂျွန်ဒွဗ်ဗင်န်အဗ်ဒုလ္လာဟ် အလ်ကတ်စ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်၌ရှိသည့် တစ်စုံတစ်ရာအား အပြစ်ကျူးလွန်ခဲ့သည့်အတွက် အသင်တို့အား အရှင်မြတ်က ရှာဖွေအရေးယူရခြင်းမျိုး မဖြစ်ကြစေနှင့်။ အကယ်၍ ထိုသို့ရှာဖွေရမည်ဆိုလျှင် အရှင်မြတ်သည် ၎င်းအားသေချာပေါက် ဖမ်းဆီးမိမည်ဖြစ်ပြီး ၎င်းအား မျက်နှာဖြင့်တရွတ်တိုက်ဆွဲကာ ဂျဟန္နမ်ငရဲသို့ ပစ်ချမည်ဖြစ်သည်။
Explanation
ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤပဋိညာဉ်ကို ထိခိုက်ပျက်စီးစေမည့်ကိစ္စကို သတိပေးတော်မူခဲ့သည်။ ၎င်းမှာ ဖဂျရ်ဆွလာသ်ကို စွန့်လွှတ်ခြင်း သို့မဟုတ် ဖဂျရ် ဆွလာသ်ဆောက်တည်သူအား ဒုက္ခပေးခြင်း၊ ရန်ညှိုးထားခြင်းဖြစ်သည်။ မည်သူမဆို ဤသို့ပြုလုပ်ပါက ထိုပဋိညာဉ်ကို ထိခိုက်ပျက်ဆီးအောင်ပြုလုပ်ကာ အရှင်မြတ်နှင့်သက်ဆိုင်သည့် တာဝန်ကို ချိုးဖောက်သည့်အတွက် အရှင်မြတ်က ရှာဖွေအရေးယူမည်ဟူသော ပြင်းထန်သည့် သတိပေးခြိမ်းခြောက်မှုကို ခံရသူဖြစ်သွားလိမ့်မည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်က ၎င်းအားရှာဖွေမည်ဆိုလျှင် အရှင်မြတ်သည် သူ့အားသေချာပေါက် ဖမ်းဆီးမိမည်ဖြစ်ပြီး မျက်နှာဖြင့်တရွတ်တိုက်ဆွဲကာ ဂျဟန္နမ်ငရဲသို့ ပစ်ချမည်ဖြစ်သည်။
Benefits
ဖဂျရ်ဆွလာသ် ဆောက်တည်သူအား ဒုက္ခတစ်စုံတစ်ရာပေးသူကို ပြင်းပြင်းထန်ထန် သတိပေးခြိမ်းခြောက်ထားသည်။
အရှင်မြတ်၏ သူတော်ကောင်း ကျေးကျွန်များကို ဒုက္ခပေးသူအား အလ္လာဟ်အရှင်မြတ်က လက်စားချေတော်မူမည်ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options

