သင်တို့အနက်မှ မည်သူမဆို ဂျုမုအဟ် ဆွလာသ်ဝတ်ပြုရန် လာရောက်လျှင် သူသည် ရေချိုးရမည်။
Choose an available translation of this Hadeeth
Hadeeth text
အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့ရသည်။ သင်တို့အနက်မှ မည်သူမဆို ဂျုမုအဟ် ဆွလာသ်ဝတ်ပြုရန် လာရောက်လျှင် သူသည် ရေချိုးရမည်။
Explanation
Benefits
သန့်ရှင်းမှုနှင့် ကောင်းမွန်သော အနံ့အသက်ရှိရန် အ လေးထားခြင်းသည် မွတ်စ်လင်မ်တစ်ဦး၏ ကိုယ်ကျင့် တရားနှင့် လိမ္မာယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ လူအများနှင့် တွေ့ဆုံခြင်း၊ ၎င်းတို့နှင့် အတူထိုင်ခြင်း၊ အထူးသဖြင့် ဂျုမုအသ်ဆွလာဝတ်ပြုခြင်းများနှင့် အစုအဖွဲ့လိုက် စုရုံးမှုများတွင် ဤအချက်ကို အထူးဂရုပြု ဆောင်ရွက်ရမည်။
ဟဒီးဆ်တော်တွင်လာရှိသည့် ဤမိန့်ကြားချက်သည် ဂျူမုအဟ်ဆွလာသ်ဝတ်ပြုရန် တာဝန်ရှိ သောသူများအား ရည်ညွှန်းသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသာ ဂျူမုအဟ်ဆွလာသ်ဝတ်ပြုရန် လာရောက်သောကြောင့်ဖြစ်သည်။
ဂျုမုအဟ်ဆွလာသ် ဝတ်ပြုရန် လာရောက်သူများအဖို့ သန့်ရှင်းစင်ကြယ်စွာဖြင့် လာရောက်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ ကိုယ်ခန္ဓာမှ အနံ့အသက်များ ပပျောက်စေရန် ရေချိုးသင့်ပြီး မွှေးကြိုင်သော ရေမွှေးများ သုံးစွဲသင့်သည်။ အကယ်၍ ဝူဿွူသာ ပြုလုပ်ခဲ့လျှင်လည်း လုံလောက်မှုရှိသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

