“ယဟူဒီများနှင့် နတ်စ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများ အဖြစ် ပြုလုပ်ခဲ့ကြသည်”
Choose an available translation of this Hadeeth
Hadeeth text
မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကွယ်လွန်ခါနီး နာမကျန်းဖြစ်စဉ်တွင် (ဤသို့)မိန့်ကြားတော်မူခဲ့သည်- “ယဟူဒီများနှင့် နတ်စ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများ အဖြစ် ပြုလုပ်ခဲ့ကြသည်”။ သခင်မက ဆက်လက်မိန့်ကြားခဲ့သည်မှာ - အကယ်၍ ထိုသို့ သတိပေးတားမြစ်ခြင်းသာ မရှိခဲ့လျှင် (လူတို့သည်) တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကဗရ်ကိုလည်း ပေါ်လွင်ထင်ရှားစွာ ပြုလုပ်ထားကြလိမ့်မည်ဖြစ်သည်။သို့ရာတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကဗရ်အား စဂျ်ဒဟ်ဦးချရာနေရာ အဖြစ် ပြုလုပ်ကြမည်ကို စိုးရိမ်ခဲ့သည့်အတွက် (ပေါ်လွင်ထင်ရှားစွာ မပြုလုပ်ခဲ့ခြင်း ဖြစ်သည်။)
Explanation
Benefits
ကဗရ်သင်္ချိုင်းများကို စဂ်ျဒဟ်ဦးချရာ နေရာများအဖြစ်ပြုလုပ်ခြင်းနှင့် ဂျနာဇာဆွလာသ်ဝတ်ပြုခြင်းမှလွဲ၍ အခြားဆွလာသ်များကို ယင်းကဗရ်များအနား၌ ရည်ရွယ်ဝတ်ပြုခြင်းအား ပြင်းပြင်းထန်ထန် ပိတ်ပင်တားမြစ်ထားသည်။ အကြောင်းမှာ ယင်းသည် ကွယ်လွန်သေဆုံးသူအား ကြီးကျယ်မြင့်မြတ်စေခြင်း၊ ၎င်း၏ သင်္ချိုင်းဂူအား သွဝါးဖ်လှည့်ပတ်ခြင်း၊ ၎င်း၏ ထောင့်များတွင် ပွတ်သပ်ခြင်း နှင့် ၎င်း၏ အမည်ဖြင့် အော်ဟစ်ခေါ်ဆိုခြင်းတို့ဆီသို့ ဦးတည်စေသော အကြောင်းရင်း ဖြစ်သောကြောင့်ပင်ဖြစ်သည်။ ထိုအရာအားလုံးသည် ရှိရ်က်(အလ္လာဟ်အရှင်မြတ်နှင့် အခြားတစ်စုံတစ်ရာအား တွဲဖက်ကိုးကွယ်ခြင်း) နှင့် ရှိရ်က်ဘက်သို့ ရောက်ရှိစေသောအကြောင်းရင်းများထဲမှ ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ သောင်ဟီးဒ်တရားကို အလွန်အလေးထား ဂရုစိုက်တော်မူခြင်းနှင့်၊ ကဗရ်သင်္ချိုင်းများအား အတိုင်းထက်အလွန် ကြည်ညိုလေးစားခြင်းမှ အလွန်စိုးရိမ်တော်မူခြင်း။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရှိရ်က်ဆီသို့ ဦးတည်စေသောကြောင့် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်အား ၎င်း၏ကဗရ်အနားတွင် ရှိရ်က်ပြုလုပ်ခံရခြင်းမှ ကာကွယ်စောင့်ရှောက်တော်မူခဲ့သည်။ သို့ဖြစ်ရာ ၎င်း၏ စွဟာဗဟ်များနှင့် ၎င်းတို့၏ နောက်တွင်လာသူများအား တမန်တော်မြတ်၏ ကဗရ်အား ပေါ်လွင်ထင်ရှားမှုမရှိအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အိလ်ဟာမ် (စိတ်ကူးဉာဏ်) ကို ပေးသနားတော်မူခဲ့သည်။
စွဟာဗဟ်သာဝကကြီးများ၏ တမန်တော်မြတ်၏ ဆုံးမဩဝါဒကို လက်တွေ့ကျင့်သုံးလိုက်နာခြင်းနှင့် သောင်ဟီးဒ်တရားအပေါ် ၎င်းတို့၏ အလေးထားခြင်း။
ယဟူဒီနှင့် နတ်စွ်ရာနီတို့အား တုပခြင်းမှ တားမြစ်ထားခြင်းနှင့် ကဗရ်သင်္ချိုင်းများပေါ်တွင် အဆောက်အဦးဆောက်လုပ်ခြင်းသည် ၎င်းတို့၏ လမ်းစဉ်များထဲမှ ဖြစ်ခြင်း။
ကဗရ်သင်္ချိုင်းများကို စဂ်ျဒဟ်ဦးချရာနေရာများအဖြစ် ပြုလုပ်ခြင်းအနက်တစ်ခုမှာ ၎င်းကဗရ်များအနီး၌ ဖြစ်စေ၊ ၎င်းကဗရ်များဘက်သို့ လှည့်၍ဖြစ်စေ ဆွလာသ်ဝတ်ပြုခြင်း ဖြစ်သည်။ အကယ်၍ ဗလီ (ဝတ်ပြုရာနေရာ) မဆောက်ထားလျှင်ပင် ထိုသို့ ပြုလုပ်ခြင်းသည် ကဗရ်သင်္ချိုင်းများကို ဗလီများအဖြစ်ယူဆခြင်းတွင် အကျုံးဝင်သည်။
Attribution
Categories
Share hadeeth
Sharing options

