افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4725[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။]
HadeethEnc · 1.34.0

ငါကိုယ်တော် အသင်တို့အား တားမြစ်ထားသောအရာများကို ရှောင်ကြဉ်ကြပါ၊ ထို့နောက် ငါကိုယ်တော် အသင်တို့အား အမိန့်ပေးထားသောအရာများကို အသင်တို့ စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသောသူများအား ပျက်ဆီးစေခဲ့သည့် အကြောင်းအရင်းမှာ မလိုအပ်ဘဲ အမေးမြန်းထူခြင်းနှင့် ၎င်းတို့၏ တမန်တော်များအား သွေဖည်ဆန့်ကျင်ကြခြင်းတို့ကြောင့်ဖြစ်သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ငါကိုယ်တော် အသင်တို့အား တားမြစ်ထားသောအရာများကို ရှောင်ကြဉ်ကြပါ၊ ထို့နောက် ငါကိုယ်တော် အသင်တို့အား အမိန့်ပေးထားသောအရာများကို အသင်တို့ စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။
ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသောသူများအား ပျက်ဆီးစေခဲ့သည့် အကြောင်းအရင်းမှာ မလိုအပ်ဘဲ အမေးမြန်းထူခြင်းနှင့် ၎င်းတို့၏ တမန်တော်များအား သွေဖည်ဆန့်ကျင်ကြခြင်းတို့ကြောင့်ဖြစ်သည်။
02

Explanation

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကကျွန်တော်တို့အားညွှန်ကြားခဲ့သည်မှာ- အကယ်၍ကိုယ်တော်သည် ကျွန်တော်တို့အားတစ်စုံတစ်ရာကို တားမြစ်ခဲ့လျှင် ၎င်းအားခြွင်းချက်မရှိ ရှောင်ကြဉ်ရန် ကျွန်တော်တို့အပေါ်တွင် တာဝန်ရှိသည်။ အကယ်၍ကိုယ်တော်သည်ကျွန်တော်တို့အား တစ်စုံတစ်ရာကို ဆောင်ရွက်ရန် အမိန့်ပေးခဲ့လျှင် ၎င်းအားတတ်စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးရန် ကျွန်တော်တို့အပေါ် တွင်တာဝန်ရှိပေသည်။ထို့နောက်ကိုယ်တော်သည်ကျွန်တော်တို့အားလွန်လေပြီးသော အချို့အွမ္မသ်သားများကဲ့သို့မဖြစ်စေရန် သတိပေးတားမြစ်ခဲ့သည်။ ၎င်းတို့သည် မိမိတို့၏နဗီတမန်တော်များအားဆန့်ကျင်ပြီး မလိုအပ်ဘဲမေးခွန်းများ အလွန်မေးမြန်းခဲ့ကြသည့်အခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သေကြေပျက်စီးမှု အမျိုးမျိုးဖြင့်ပြစ်ဒဏ်ခတ်တော်မူခဲ့သည်။ထို့ကြောင့် ၎င်းတို့သေကြေပျက်စီးခဲ့ကြသကဲ့သို့ ကျွန်တော်တို့လည်း အလားတူသေကြေပျက်စီးခြင်းမျိုး မဖြစ်ရလေအောင် ရှောင်ကြဉ်ရမည်ဖြစ်သည်။
03

Benefits

အမိန့်တော်များကို လိုက်နာကျင့်သုံးရန်နှင့် တားမြစ်ချက်များကို ရှောင်ကြဉ်ရန်အမိန့်ပေးထားသည်။
တားမြစ်ထားသောအရာများအနက် မည်သည့်အရာကိုမျှ ကျူးလွန်ခွင့်မရှိပေ။သို့သော် အမိန့်ပေးထားသောအရာကို ကျင့်သုံးနိုင်စွမ်းဖြင့် ကန့်သတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် တားမြစ်ချက်ကို စွန့်လွှတ်ရန်မှာ တတ်စွမ်းနိုင်သော ကိစ္စဖြစ်ပြီး၊ အမိန့်ပေးထားသောအရာကို အကောင်အထည်ဖော်ရာတွင် စွမ်းဆောင်နိုင်စွမ်းရှိရန် လိုအပ်သောကြောင့်ဖြစ်သည်။
အမေးမြန်းထူခြင်းကို တားမြစ်ထားသည်။ သာသနာ့ပညာရှင်များသည် မေးခွန်းမေးမြန်းခြင်းအား နှစ်မျိုးခွဲခြားထားသည်။
၁။ သာသနာ့အရေးကိစ္စတို့အား သိလို၍သင်ယူလိုသောပုံစံဖြင့်မေးမြန်းခြင်း၊ဤသို့သော မေးခွန်းမျိုးအား မေးမြန်းရန် အမိန့်ပေးထားပြီး ဆွဟာဗဟ်သာဝကကြီးတို့၏ မေးမြန်းမှုများသည် ဤအမျိုးစားအနက်မှပင်ဖြစ်သည်။
၂။ အခက်အခဲဖြစ်စေရန်နှင့် လီဆယ်ဖန်တီးထားသည့် ပုံစံမျိုးဖြင့်မေးမြန်းခြင်း၊ ဤကဲ့သို့ မေးမြန်းခြင်းအား တားမြစ်ထားသည်။
ရှေးအွမ္မသ်သားတို့၌ ဖြစ်ပေါ်ခဲ့သည့် မိမိတို့၏နဗီတမန်တော်အား ဆန့်ကျင်မှုမျိုး ဤအွမ္မသ်၌ မဖြစ်ပေါ်စေရန် သတိပေးတားမြစ်ထားသည်။
တစ်စုံတစ်ရာအား တားမြစ်ထားလျှင် ၎င်းကိစ္စသည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ တားမြစ်ချက်၌ အကျုံးဝင်သည်။ အဘယ့်ကြောင့်ဆိုသော် တားမြစ်ချက်အား အနည်းငယ်ပင်ဖြစ်စေ၊ အများအပြားပင်ဖြစ်စေ ကျူးလွန်ခြင်းအား ရှောင်ကြဉ်မှသာ အပြည့်အဝရှောင်ကြဉ်ခြင်းဖြစ်မည်။ ဥပမာအားဖြင့် အရှင်မြတ်သည် ကျွန်တော်တို့အား အတိုးစားခြင်းကို တားမြစ်ထားရာ ၎င်းအတိုးသည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ထိုတားမြစ်ချက်တွင် ပါဝင်ပေသည်။
ဟရာမ် တားမြစ်ထားသောအရာသို့ ပို့ဆောင်ပေးသော အကြောင်းခံများကို စွန့်လွှတ်ရမည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့စွန့်လွှတ်ခြင်းသည် ရှောင်ကြဉ်ခြင်း၏ အဓိပ္ပါယ်တွင် ပါဝင်ပေသည်။
ကိုယ်တော်မြတ်က “အသင်တို့စွမ်းနိုင်သမျှ”ဟု မိန့်ကြားထားသောကြောင့် လူသားတွင် တတ်စွမ်းနိုင်မှုနှင့် စွမ်းဆောင်နိုင်မှုတို့ရှိကြောင်းသိရသည်။ ဤမိန့်ကြားချက်၌ ဂျဗရိယ္ယဟ် အုပ်စုဝင်တို့အားတုံ့ပြန်ချေပချက်ပါရှိ၏။ ၎င်းတို့က လူသားသည် လုံးဝတတ်စွမ်းနိုင်မှုမရှိဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် မိမိ၏လုပ်ရပ်ကို သတ်မှတ်ထားသည့်အတိုင်းသာ ဆောင်ရွက်နေရခြင်းဖြစ်သည်။ အကယ်၍ လူသားသည် စကားပြောသည့်အခါ လက်လှုပ်ရှားလိုက်လျှင်လည်း ထိုသို့လှုပ်ရှားခြင်းသည် သူ၏စွမ်းဆောင်မှုမဟုတ်ဘဲ သတ်မှတ်ခြင်းခံရသည့်အတွက်ကြောင့်သာ ဖြစ်သည်ဟုဆိုကြသည်။ ဤအဆိုသည် မှားယွင်းပြီး ၎င်းကြောင့် ကြီးမားသောပျက်စီးမှုများ ဖြစ်ပေါ်လာမည်မှာ လုံးဝသံသယမရှိပေ။
ကိုယ်တော်မြတ်က “ထို့နောက် ငါကိုယ်တော် အသင်တို့အား အမိန့်ပေးထားသောအရာများကို အသင်တို့ စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။” ဟုမိန့်ဆိုထားသောကြောင့် တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အမိန့်ကိုကြားသိသောအခါ ထိုအမိန့်သည် ဝါဂျစ်ဗ်လား သိုမဟုတ် မွတ်စ်သဟဗ်လား ဟုမမေးမြန်းသင့်ပေ။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အမိန့်ပေးထားသောအရာနှင့် တားမြစ်ထားသောအရာအားလုံးသည် ရှရီအဟ် ပင်ဖြစ်သည်။ ထိုအမိန့်ပေးထားသောအရာနှင့် တားမြစ်ထားသောအရာအားလုံးသည် ကျမ်းမြတ်ကုရ်အာန်၌ ပါရှိသည်ဖြစ်စေ၊ မပါရှိသည်ဖြစ်စေ အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်တွင် ဖေါ်ပြထားခြင်းမရှိသော စွန္နသ်တော်တွင်လာရှိသည့် အမိန့် သို့မဟုတ် တားမြစ်ချက်တို့ကိုလည်း လိုက်နာကျင့်သုံးရမည်ပင်ဖြစ်သည်။
အမေးမြန်းထူခြင်းသည် ပျက်စီးခြင်း၏ အကြောင်းခံပင်ဖြစ်သည်။ အထူးသဖြင့် လူသားအသိမရောက်နိုင်သည့် အကွယ်ရှိအကြောင်းအရာများဖြစ်သော အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော် နာမတော်များ၊ ကိယာမသ်နေ့၏ အခြေနေများ စသည့်ကိစ္စများကို များစွာမေးမြန်းခြင်း မပြုရပေ။ သင့်အနေဖြင့် ထိုကိစ္စများတွင် အမေးမြန်းထူခဲ့လျှင် ပျက်စီးသွားမည်ဖြစ်ပြီး အစွန်းရောက်သူ၊ အတွေးခေါင်သူ ဖြစ်သွားလိမ့်မည်။
လွန်လေပြီးသော အွမ္မသ်သားတို့သည် အမေးမြန်းထူခြင်းနှင့် မိမိတို့၏နဗီတမန်တော်များအား ဆန့်ကျင်ခြင်းတို့ကြောင့် ပျက်စီးခဲ့ကြသည်။

Attribution

[ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...