افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4936[صحيح]
HadeethEnc · 1.34.0

ဗနီအစ္စရာအီလ်မျိုးနွယ်တို့၏ (အရေးကိစ္စအဝဝကို) နဗီတမန်တော်များက တာဝန်ယူ အုပ်ချုပ်ခဲ့ကြသည်။ နဗီတမန်တော်တစ်ပါး ကွယ်လွန်သွားသည့်အခါတိုင်း အခြားနဗီတမန်တော်တစ်ပါးက ၎င်းနေရာကို ဆက်ခံခဲ့သည်။ သို့သော် ငါကိုယ်‌တော်၏နောက်တွင် မည်သည့်နဗီတမန်တော်တစ်ပါးမျှ ပွင့်ပေါ်လာတော့မည် မဟုတ်ပေ။ များမကြာမီ ခလီဖဟ်ခေါင်းဆောင်များ အမြောက်အများ ပေါ်ထွန်းလာကြမည် ဖြစ်သည်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဘူဟာဇင်မ်က ဆင့်ပြန်သည်။ ၎င်းက ပြောပြခဲ့သည်။ ကျွန်ုပ်သည် အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) နှင့် ငါးနှစ်တိုင်တိုင် အတူနေခဲ့သည်။ ၎င်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဟဒီးဆ်ဆင့်ပြန်ပြောကြားခဲ့သည်ကို ကျွန်ုပ်ကြားသိခဲ့ရသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဗနီအစ္စရာအီလ်မျိုးနွယ်တို့၏ (အရေးကိစ္စအဝဝကို) နဗီတမန်တော်များက တာဝန်ယူ အုပ်ချုပ်ခဲ့ကြသည်။ နဗီတမန်တော်တစ်ပါး ကွယ်လွန်သွားသည့်အခါတိုင်း အခြားနဗီတမန်တော်တစ်ပါးက ၎င်းနေရာကို ဆက်ခံခဲ့သည်။ သို့သော် ငါကိုယ်‌တော်၏နောက်တွင် မည်သည့်နဗီတမန်တော်တစ်ပါးမျှ ပွင့်ပေါ်လာတော့မည် မဟုတ်ပေ။ များမကြာမီ ခလီဖဟ်ခေါင်းဆောင်များ အမြောက်အများ ပေါ်ထွန်းလာကြမည် ဖြစ်သည်။ ထိုအခါ ဆွဟာဗဟ်များက လျှောက်
ထားကြသည် - ကိုယ်တော်ကျွန်တော်မျိုးတို့အား မည်သို့ အမိန့်ပေးညွှန်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ "ပထမဦးဆုံး ဗိုင်အသ်ကတိသစ္စာပြုခံရသော ခလီဖဟ်၏ ကတိသစ္စာကို ဖြည့်ဆည်းကြလော့။ ထို့နောက် ၎င်းနောက်မှလာသူ၏ ကတိသစ္စာကို ဖြည့်ဆည်းကြလော့။ ၎င်းတို့၏ အခွင့်အရေးကို ၎င်းတို့အား အပြည့်အဝ ပေးဆောင်ကြလော့။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တာဝန်ပေးအပ်ခဲ့သော (လက်အောက်ငယ်သားတို့၏) ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အား စစ်ဆေးမေးမြန်းတော်မူမည့် အရှင်ဖြစ်သည်။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့် ကြားတော်မူသည်မှာ - ဗနီအစ္စရာအီလ်အမျိုးသားတို့အား နဗီတမန်တော်များက အုပ်ချုပ်ခဲ့ကြပြီး၊ ၎င်းတို့သည် ထိုဗနီအစ္စရာအီလ်အမျိုးသားတို့၏ အရေးကိစ္စများကို ခေါင်းဆောင်အာဏာပိုင်များနှင့် အုပ်ချုပ်သူများက ပြည်သူတို့ကို စီမံအုပ်ချုပ်သကဲ့သို့ (၎င်းတို့၏အရေးကိစ္စများကို) တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။ သူတို့တွင် ဖောက်ပြန်ပျက်စီးမှု ပေါ်ပေါက်လာတိုင်း အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် နဗီတမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး ထိုနဗီတမန်တော်သည် သူတို့၏ အခြေအနေကို ပြုပြင်ပေးကာ သူတို့ပြောင်းလဲထားသော အမိန့်ပညတ်ချက်များကို ဖယ်ရှားပေးလေ့ရှိသည်။ စင်စစ် ငါကိုယ်‌တော်၏နောက်တွင် ထိုသူတို့ ပြုလုပ်ခဲ့သည့်အတိုင်း ဆောင်ရွက်ပေးမည့် မည်သည့်နဗီတမန်တော်တစ်ပါးမျှ ပွင့်ပေါ်လာတော့မည် မဟုတ်ပေ။ (သို့ရာတွင်) ငါကိုယ်‌တော်၏နောက်တွင် ခလီဖဟ်ခေါင်း‌ဆောင်များ အမြောက်အများ ပေါ်ထွန်းလာကြမည်ဖြစ်ပြီး၊ ၎င်းတို့အကြား ပဋိပက္ခများ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ ဆွဟာဗဟ်များက အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား လျှောက်ထားကြသည်မှာ - ကိုယ်တော်ကျွန်တော်မျိုးတို့အား မည်သို့ အမိန့်ပေးညွှန်ကြားတော်မူပါမည်နည်း။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ - ခလီဖဟ်တစ်ဦးပြီးတစ်ဦး ဗိုင်အသ်ကတိသစ္စာခံခြင်း ဖြစ်ပေါ်လာပါက ပထမဦးဆုံး ဗိုင်အသ်ကတိသစ္စာပြုခဲ့သော ခလီဖဟ်၏ ဗိုသ်အသ်သည် မှန်ကန်ပြီး ၎င်းကို ဖြည့်ဆည်းလိုက်နာရန် တာဝန်ရှိသည်။ ဒုတိယဗိုင်အသ်ကတိသစ္စာခံခြင်းမှာ မှားယွင်းပြီး ထိုရာထူးကို လိုလားတောင်းဆိုခြင်းသည် ၎င်းအပေါ် ဟရာမ်ဖြစ်သည်။ ၎င်းခလီဖဟ်‌များ၏ အခွင့်အရေးကို ၎င်းတို့အား အပြည့်အဝ ပေးဆောင်ကြလော့။ ၎င်းတို့၏ အမိန့်ကို နာခံကြလော့။ အပြစ်အကုသိုလ် မဟုတ်‌ သောကိစ္စရပ်တွင် အမိန့်နာခံခြင်းဖြင့် ၎င်းတို့နှင့် အတူယှဉ်တွဲနေထိုင်ကြလော့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့က သင်တို့အား မည်သို့ပြုမူဆက်ဆံခဲ့ကြသည်ကို ၎င်းတို့အား စစ်ဆေးမေးမြန်းကာ စာရင်းရှင်းတော်မူမည် ဖြစ်သည်။
03

Benefits

၁။ ပြည်သူလူထုအတွက် ၎င်းတို့၏ အရေးကိစ္စများကို စီမံခန့်ခွဲရန်နှင့် ၎င်းတို့အား ဖြောင့်မတ်သောလမ်းသို့ ပို့ဆောင်ညွှန်ပြရန် နဗီတမန်တော် သို့မဟုတ် ခလီဖဟ်တစ်ပါး ရှိရန်လိုအပ်သည်။
၂။ ကျွန်ုပ်တို့၏ တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နောက်တွင် မည်သည့်နဗီတမန်တော်တစ်ပါးမျှ ပွင့်ပေါ်လာတော့မည် မဟုတ်ပေ။
၃။ တရားတော်အရ အုပ်ချုပ်သူအဖြစ် သတ်မှတ်ခြင်းခံရသူကို ဆန့်ကျင်ပုန်ကန်ခြင်းမှ သတိပေးထားခြင်း။
၄။ တစ်ချိန်တည်းတွင် ခလီဖဟ်နှစ်ဦးအတွက် ဗိုင်အသ်ကတိသစ္စာခံခွင့် မရှိပေ။
၅။ အုပ်ချုပ်သူခေါင်းဆောင်၏ တာဝန်သည် ကြီးမားလှသည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် ၎င်း၏ လက် အောက်ငယ် သားများနှင့်ပတ်သက်၍ ၎င်းအား စစ်ဆေးမေးမြန်းတော်မူမည် ဖြစ်သောကြောင့်တည်း။
၆။ အိဗ်နုဟဂျရ်က ဆိုသည်။ (ဤဟဒီးဆ်တော်တွင်)သာသနာရေးကိစ္စကို လောကီရေးရာထက် ဦးစားပေးရန် ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အုပ်ချုပ်သူဘုရင်၏ ဝတ္တရားကို ဖြည့်ဆည်းရန် အမိန့်ပေးတော်မူခဲ့ခြင်းမှာ ၎င်းတွင် သာသနာ၏ ကလိမဟ်တော်ကို မြှင့်တင်ခြင်းနှင့် မငြိမ်မသက်မှုနှင့် မကောင်းမှုတို့ကို တားဆီးခြင်းတို့ ပါဝင်‌သောကြောင့် ဖြစ်သည်။ ဤနေရာတွင် အုပ်ချုပ်သူခေါင်းဆောင်ထံမှ မိမိတို့၏ အခွင့်အရေး တောင်းဆိုခြင်းကို ရွှေ့ဆိုင်းလိုက်ခြင်းသည် အခွင့်အရေး ပျက်ပြယ်သွားသည်ဟု မဆိုလိုကြောင်း သတိပြုရမည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ၎င်း(လက်အောက်ငယ်သားတို့) အား ၎င်း၏ အခွင့်အရေးကို အပြည့်အဝပေးအပ်ရန် ကတိပြုထားတော်မူသည်။ နောင်တမလွန်ဘဝ၌ပင်ဖြစ်စေ ၎င်း၏ အခွင့်အရေးကို အပြည့်အဝပေးအပ် တော်မူမည် ဖြစ်သည်။
၇။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ နဗီတမန်တော်ဖြစ်‌ကြောင်း သက်သေလက္ခဏာတော်များထဲမှတစ်ခုမှာ ကိုယ်တော်၏ နောက်ပိုင်းတွင်ဆက်ခံသော ခလီဖဟ်ခေါင်းဆောင်များ အများအပြား ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။ ထို့ပြင် ၎င်းတို့အနက် အစစ်အမှန်ပြုပြင်ပြောင်းလဲသူများ ပေါ်ပေါက်လာသကဲ့သို့ ဆိုးရွားသော အုပ်ချုပ်သူများလည်း အစဉ် အဆက် ပေါ်ပေါက်လာခဲ့သည်။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...