افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#4180[صحيح]
HadeethEnc · 1.34.0

- " ငါကိုယ်တော်မရှိသည့် နောက်တွင် သင်တို့အတွက် ငါကိုယ်တော်စိုးရိမ်တော်မူသည့် အရာများထဲမှတစ်ခုမှာ လောကီ၏စည်းစိမ်အလှအပတွေဟာ သင်တို့အတွက် ဖွင့်ချပေးခြင်းခံရမည်ကို ဖြစ်သည်

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ တစ်ရက်‌သော
အခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မင်န်ဗရ်‌ပေါ်တွင် ထိုင်တော်မူပြီး ကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏ပတ်ပတ်လည်တွင် ထိုင်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော်မြတ်က မိန့်တော်မူသည်- " ငါကိုယ်တော်မရှိသည့် နောက်တွင် သင်တို့အတွက် ငါကိုယ်တော်စိုးရိမ်တော်မူသည့် အရာများထဲမှတစ်ခုမှာ လောကီ၏စည်းစိမ်အလှအပတွေဟာ သင်တို့အတွက် ဖွင့်ချပေးခြင်းခံရမည်ကို ဖြစ်သည်။" ထိုအခါ လူတစ်ဦးက လျှောက်ထားသည်- "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကောင်းမှုသည် မကောင်းမှုကို ယူဆောင်လာနိုင်ပါသလား" ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တိတ်ဆိတ်စွာ နေတော်မူခဲ့သည်။ ထို့ကြောင့် (လူတို့က) ထိုလူ့အား ပြောဆိုကြသည်- " အသင် ဘာဖြစ်နေတာလဲ၊ အသင်က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို စကားပြောနေပေမယ့် ကိုယ်
တော်ကအသင့်အား စကားပြောတော်မမူဘူး (ပြန်လည်ဖြေကြားတော်မမူဘူး။) ထိုအချိန်တွင်ပင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ် ဝဟီဗျာဒိတ်တော် ကျရောက်နေသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် (နဖူးမှ) ချွေးများကို သုတ်တော်မူပြီးနောက် မိန့်တော်မူသည်- "မေးမြန်းသူသည် မည်သည့်နေရာတွင်ရှိသနည်း။ ကိုယ်တော်သည် မေးမြန်းသူအား ချီးကျူးခဲ့ဟန်တူသည်။ ထို့နောက် မိန့်တော်မူသည်- "ကောင်းမှုသည် မကောင်းမှုကို မယူဆောင်လာနိုင်ပေ။ သို့သော် နွေဦးရာသီတွင် ပေါက်ရောက်သော မြက်ပင် (ကဲ့သို့သော လောကီစည်းစိမ်) သည် (အလွန်အကျွံစားသော တရိစ္ဆာန်ကို) အသက်ဆုံးရှုံးစေသည် သို့မဟုတ် အသက်ဆုံးရှုံးလုနီးနီး ဖြစ်စေတတ်သည်။ သို့ရာတွင် စိမ်းလန်းသောမြက်ပင်များကို စားသော တိရစ္ဆာန်သည် ဝမ်းဗိုက်ပြည့်‌အောင်စားပြီးသောအခါ နေရောင်ဘက်သို့ မျက်နာမူလိုက်သည် (နေပူစာ လှုံလိုက်သည်။) ထို့နောက် ကျင်ကြီးကျင်ငယ် စွန့်လိုက်ပြီး၊ ပြန်လည်စားသည်။ (ထိုသို့သော တိရစ္ဆာန်ကိုမူ မသေစေနိုင်ပေ။) ဧကန်စင်စစ် ဤဥစ္စာဓနသည် စိမ်းလန်းစိုပြေပြီး ချိုမြိန်သောအရာ ဖြစ်သည်။
မိမိ၏ဥစ္စာဓနများထဲမှ ဆင်းရဲသား၊ မိဘမဲ့ ကလေးနှင့် ခရီးသွားတို့အား ပေးကမ်းသူသည် အလွန်ကောင်းမွန်သည့် မွတ်စ်လင်မ်ဖြစ်သည်။ (သို့မဟုတ်) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည့်အတိုင်းပင် ဖြစ်သည်။ သို့ရာတွင် ယင်းဥစ္စာဓနများကို မတရားသော နည်းလမ်းဖြင့် ရှာဖွေရယူထားသူသည် စားသောက်သော်လည်း ဗိုက်မပြည့်သည့်သူနှင့် တူပေသည်။ ထို့နောက် ယင်းဥစ္စာဓနများသည် ကိယာမတ်နေ့တွင် ၎င်းနှင့်ဆန့်ကျင်၍ သက်သေထွက်ဆိုသူဖြစ်လိမ့်မည်။"
02

Explanation

တစ်ရက်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မင်န်ဗရ်ပေါ်ထိုင်ကာ မိမိ၏ တပည့်သာဝကများအား တရားဟောကြားလျက် ဤသို့ မိန့်ကြားတော်မူသည်-

ငါကိုယ်တော်မရှိသည့် နောက်တွင် သင်တို့အတွက် ငါကိုယ်တော်စိုးရိမ်တော်မူသည့် အရာများထဲမှတစ်ခုမှာ မြေကမ္ဘာ၏ ကောင်းချီးမင်္ဂလာများ၊ လောကီ၏‌စည်းစိမ်အလှအပအဆင်တန်ဆာ၊ စိတ်လိုဖွယ် သာယာမှုများ၊ ထို့ပြင် အဝတ်အထည်၊ စိုက်ပျိုးရေး ကောက်ပဲသီးနှံနှင့် အခြားသော အရာများ အပါအဝင် အမျိုးစုံသော ပစ္စည်းဥစ္စာများသင်တို့အတွက် ဖွင့်ချပေးခြင်းခံရမည်ကို ဖြစ်သည်။ ထိုအရာများသည် တည်တံ့မှု နည်း
ပါးသော်လည်း လူတို့သည် ၎င်း၏ လှပမှုကို ဂုဏ်ယူဝင့်ကြွားလေ့ရှိကြသည်။"

ထိုအခါ လူတစ်ဦးက လျှောက်ထားမေးမြန်းသည်မှာ- "လောကီ၏ စည်းစိမ်အလှအပတန်ဆာမှာ အလ္လာဟ်အရှင်မြတ်ဘက်‌တော်မှ ချီးမြှင့်သည့် နိအ်မသ်ကျေးဇူးတော်ပင် မဟုတ်ပါသလော။ ဤကျေးဇူးတော်သည် ဘေးဒုက္ခ၊ အပြစ်ဒဏ်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပါသလော။

ထိုအခါ လူများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) သည် တိတ်ဆိတ်ငြိမ်သက်စွာ နေတော်မူသည်ကို တွေ့ရသဖြင့် မေးသူအား ပြစ်တင်‌ ပြောဆိုကြသည်။ ထိုလူသည် တမန်တော်မြတ်အား အမျက်ဒေါသထွက်အောင် ပြုလုပ်ခဲ့သည်ဟု ယူဆခဲ့ကြသည်။

သို့သော် နောက်ပိုင်းတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ်၌ ဝဟီအမိန့်တော် ကျရောက်နေခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားလာသည်။ ထို့နောက် ကိုယ်တော်သည် မိမိ၏နဖူးမှ ချွေးများကို သုတ်တော်မူကာ မိန့်ကြားတော်မူသည်- "မေးသူ အဘယ်မှာနည်း။

ထိုသူက"ကျွန်တော်မျိုးပါ" ဟု ဖြေကြားလေသည်။

ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုပြီးနောက် ဤသို့ မိန့်ကြားတော်မူသည်-
"စစ်မှန်သောကောင်းမှုသည် ကောင်းမှုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မဖြစ်စေပါ။ သို့ရာတွင် ဤလောကီစည်းစိမ်သည် စမ်းသပ်မှု၊ ပြိုင်ဆိုင်မှုနှင့် တမလွန်အတွက် စိတ်စွဲမြဲစွာ အာရုံစူးစိုက်မှု မရှိခြင်းသို့ ဦးတည်စေသောကြောင့် ကောင်းမှုသတ်သတ် မဟုတ်ပေ။"

ထို့နောက် ထိုအကြောင်းကို ဥပမာတစ်ခုဖြင့် ရှင်းလင်းတော်မူသည်-
"နွေဦးရာသီ၏ ပေါက်ပင်များနှင့် စိမ်းလန်းစိုပြည်သောမြက်ပင်များမှာ ကောက်ပဲသီးနှံတစ်မျိုးဖြစ်ပြီး တိရစ္ဆာန်များအား နှစ်သက်စေကာ အလွန်အကျွံစားသုံးမိသောကြောင့် အစာအိမ်ပွကာ အသက်ဆုံးရှုံးစေသည် သို့မဟုတ် သေလုမျောပါးဖြစ်စေသည်အထိ ဖြစ်တတ်သည်။ သို့ရာတွင် စိမ်းလန်းသောမြက်ပင်များကို စားသောတိရစ္ဆာန်သည် ဝမ်းဗိုက်ပြည့်‌အောင်စားပြီးသောအခါ နေရောင်ဘက်သို့ မျက်နာမူလိုက်သည် (နေပူစာ လှုံလိုက်သည်။) ထို့နောက် ဝမ်းဗိုက်အတွင်းမှ အညစ်အကြေးများကို ပျော့ပြောင်းစွာ သို့မဟုတ်ချည့်နဲ့စွာ စွန့်ထုတ်ပစ်လိုက်သည်။ ထို့နောက် အစာအိမ်အတွင်းရှိ အစာများကို ပြန်ထုတ်၍ ဝါးပြီး မျိုချကာ ပြန်လည်စားသုံးပြန်သည်။ (ထိုသို့သော တိရစ္ဆာန်ကိုမူ မသေစေနိုင်ပေ။)

ဧကန်စင်စစ် ဤဥစ္စာဓနသည် စိမ်းလန်းစိုပြေပြီး ချိုမြိန်သော အသီးအနှံနှင့် တူညီသည်။ ၎င်း၏ ပေါများလွန်းမှုကြောင့် သေစေနိုင်သည် (သို့မဟုတ်) သေလုမျောပါးဖြစ်စေနိုင်သည်။ သို့ရာတွင် လိုအပ်ချက်နှင့် လုံလောက်မှုရှိစေရန် ဟလာလ်နည်းလမ်းဖြင့် အနည်းငယ်သာ ကန့်သတ်ရယူပါက ဘေးအန္တရာယ် မရှိပေ။ မိမိ၏
ဥစ္စာဓနများထဲမှ ဆင်းရဲသား၊ မိဘမဲ့ ကလေးနှင့် ခရီးသွားတို့အား ပေးကမ်းသူသည် အလွန်ကောင်းမွန်သည့် မွတ်စ်လင်မ်ဖြစ်သည်။ မည်သူမဆို ထိုဥစ္စာပစ္စည်းကို မှန်ကန်သောနည်းလမ်းအတိုင်း ရှာဖွေရယူပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ထိုဥစ္စာပစ္စည်းတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာကို ချီးမြှင့်ပေးသနားတော်မူမည်။ သို့ရာတွင် ယင်းဥစ္စာပစ္စည်းများကို မတရားသော နည်းလမ်းဖြင့် ရှာဖွေရယူထားသူသည် စားသောက်သော်လည်း ဗိုက်မပြည့်သည့်သူနှင့် တူပေသည်။ထို့နောက် ယင်းဥစ္စာပစ္စည်းများသည် ကိယာမတ်နေ့တွင် ၎င်းနှင့်ဆန့်ကျင်၍ သက်သေထွက်ဆိုသူဖြစ်လိမ့်မည်။
03

Benefits

အိမာမ်နဝဝီက ဆိုသည်မှာ- ဤဟဒီးဆ်တွင် တရားတော်နှင့်အညီ ရှာဖွေရယူပြီး ကောင်း မြတ်သော နေရာများတွင် သုံးစွဲသူ၏ ဥစ္စာပစ္စည်း၏ ထူးမြတ်မှုကို ဖော်ပြထားသည်။
ဤဟဒီးဆ်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိအွမ္မသ်သားများ၏ အခြေအနေကို ရှင်းပြခဲ့ပြီး ၎င်းတို့အတွက် လောကီသက်တမ်း၏ အလှဆင်မှုများနှင့် ဖိသ်နဟ်စမ်းသပ်မှုများ၏ (တံခါးများ) ဖွင့်လှစ်ပေးခြင်းခံရမည်ကို ကြိုတင်ဟောကိန်းထုတ်တော်မူခဲ့သည်။
အဓိပ္ပာယ်များကို နားလည်လွယ်အောင် ဥပမာများဖြင့် ရှင်းလင်းခြင်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လမ်းစဉ်တစ်ရပ်ဖြစ်ခြင်း။
ကောင်းမှုကိစ္စများတွင် စွဒ်ကဟ်အလှူဒါနပြုရန်၊ ဥစ္စာဓနကို သုံးစွဲရန် အားပေးတိုက်တွန်းထားခြင်းနှင့် ဥစ္စာဓနကို သိုမှီးသိမ်းဆည်းထားခြင်းမှ သတိပေးတားမြစ်ခြင်း။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ “မုချဧကန်၊ မကောင်းမှုသည် ကောင်းမှုကို ယူဆောင်လာနိုင်သည် မဟုတ်ပေ" မိန့်ကြားချက်မှ သိနိုင်သည်မှာ ရိက္ခာသည် မည်မျှပင်များပြားစေကာမူ ကောင်းမှု၏ အမျိုးအစားတွင် ပါဝင်သည်။ သို့သော် ထိုရိက္ခာကို ထိုက်တန်သူများအပေါ် မသုံးစွဲဘဲ၊ တရားတော်နှင့်မညီသောနေရာများတွင် လွန်ကျူးသုံးစွဲခြင်းကြောင့် ယင်းရိက္ခာတွင် ဆိုးကျိုးသက်ရောက်မှု ဖြစ်ပေါ်လာနိုင်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်က ကောင်းမြတ်သောအရာအဖြစ် စီရင်တော်မူထားသည့် အရာတိုင်းသည် ဆိုးယုတ်သောအရာ မဖြစ်လာနိုင်သလို၊ ဆိုးယုတ်သောအရာအဖြစ် စီရင်သတ်မှတ်တော်မူထားသော အရာသည် ကောင်းမြတ်သောအရာ မဖြစ်လာနိုင်ပေ။ သို့ရာတွင် ကောင်းမြတ်သော ရိက္ခာချီးမြှင့်ခြင်းခံရသူအား ယင်း၏အသုံးပြုမှုတွင် ဆိုးကျိုးဆီသို့ ဦးတည်စေနိုင်သည့် အကြောင်းတစ်စုံတစ်ရာ ကြုံတွေ့နိုင်သည်ကို စိုးရိမ်ရသည်။
ဆင်ခြင်သုံးသပ်ရန် လိုအပ်သည့်အခါ ချက်ချင်းလက်ငင်း မဆိုင်းမတွအဖြေပေးခြင်းကို ရှောင်ကျဉ်ခြင်း။
အိမာမ်သွီဗီကဆိုသည်မှာ — ဤဟဒီးဆ်မှ သိရသည်မှာ လူတို့သည် ပုံစံလေးမျိုးရှိကြောင်းသိရသည် — ပထမပုဂ္ဂိုလ်မှာ အစားအစာကို အလွန်အမင်းတပ်မက်၍ ဝမ်းဗိုက်ပူလာသည်အထိ လွန်စွာစားသုံးပြီး ရပ်တန့်ခြင်းမပြုသဖြင့် သေဆုံးခြင်းသည် ၎င်းထံသို့ မြန်စွာရောက်ရှိလာသူ ဖြစ်သည်။ ဒုတိယပုဂ္ဂိုလ်မှာ ထိုနည်းတူစားသုံးပြီး ရောဂါကြီးစိုးသွားပြီးမှသာ ကာကွယ်ရန် နည်းလမ်းရှာသော်လည်း ရောဂါက ပြင်းထန်လွန်းသဖြင့် သူ့ကို အနိုင်ယူကာ သေဆုံးစေသူ ဖြစ်သည်။ တတိယပုဂ္ဂိုလ်မှာ အလားတူ စားသောက်သော်လည်း ဘေးဒုက္ခဖြစ်စေနိုင်သည့်အရာကို ဖယ်ရှားရန်နှင့် ယင်းကိုကာကွယ်ရန် အလျင်အမြန် ဆောင်ရွက်ပြီး အစာ ကြေညက်ကာ လွတ်မြောက်သွားသူ။ စတုတ္ထပုဂ္ဂိုလ်မှာ အလွန်အမင်းမစားဘဲ မိမိဆာလောင်မှုကိုသာ ဖြည့်တင်းပြီး အသက်ရှင်ရပ်တည်ရန် လိုအပ်သည့်ပမာဏသာ စားသုံးသူ ဖြစ်သည်။ တတိယပုဂ္ဂိုလ်မှာ ထိုနည်းတူစားသုံးပြီး ဘေးဖြစ်စေမည့်အရာကို မြန်မြန်ဖယ်ရှားကာ ကာကွယ်နည်းဖြင့် ချေဖျက်ပြီး ခြေရာခံစားနိုင်သည်အထိ ဖြစ်သွားသဖြင့် လွတ်မြောက်သူ ဖြစ်သည်။ စတုတ္ထပုဂ္ဂိုလ်မှာ အလွန်အမင်းမစားဘဲ မိမိဆာလောင်မှုကိုသာ ဖြည့်တင်းပြီး အသက်ရှင်ရပ်တည်ရန် လိုအပ်သည့်ပမာဏသာ စားသုံးသူ ဖြစ်သည်။ ပထမဥပမာမှာ မယုံကြည်သူကာဖိရ်၏ ဥပမာဖြစ်သည်။ ဒုတိယဥပမာမှာ အပြစ်ကျူးလွန်သူ၊ မှားယွင်းမှုမှ ရပ်တန့်ခြင်းနှင့် နောင်တရခြင်းကို လျစ်လျူရှုထားပြီး သင့်တော်သောအချိန်ကုန်ဆုံးသွားမှသာ (နောင်တရဖို့) ကြိုးစားသူ၏ ဥပမာဖြစ်သည်။ တတိယဥပမာမှာ အမှားကျူးလွန်မိသူ၊ သောင်ဗဟ်အမှားဝန်ခံခြင်းကို လက်ခံနိုင်သောအချိန်တွင် အမြန်သောင်ဗဟ်အမှားဝန်ခံသူ၏ ဥပမာဖြစ်သည်။ စတုတ္ထဥပမာမှာ လောကီစည်းစိမ်များကို စွန့်လွတ်ပြီး အာခိရသ်နောင်တမလွန်ကို မျှော်လင့်သူ (ဇာဟိဒ်) ၏ ဥပမာဖြစ်သည်။
အိဗ်နုလ်မုနီးရ်ကဆိုသည်မှာ- ဤဟဒီးဆ်တွင် ပြောင်မြောက်လှသော ဥပမာခိုင်းနှိုင်းချက်များစွာရှိသည်။ ပထမဥပမာ- ဥစ္စာဓနနှင့် ၎င်း၏တိုးပွားမှုကို အပင်နှင့်၎င်း၏ပေါက်ရောက်မှုဖြင့် ပမာပေးခိုင်းနှိုင်းထားခြင်း၊ ဒုတိယဥပမာ - ရှာဖွေမှုနှင့် အကြောင်းတရားများတွင် နစ်မြုပ်နေသူကို မြက်စားမှုတွင်သာ စိတ်နှစ်မြုပ်နေသောသတ္တဝါများဖြင့် ပမာပေးခိုင်းနှိုင်းထားခြင်း၊ တတိယဥပမာ - ဥစ္စာဓနကို များများစုဆောင်းခြင်း၊ သိမ်းဆည်းသို‌လှောင်ခြင်းကို စားခြင်းနှင့် ဝမ်းဗိုက်ပြည့်အောင်လုပ်ခြင်း၏ လောဘဖြင့် ပမာပေးခိုင်းနှိုင်းထားခြင်း၊ စတုတ္ထဥပမာ - ဥစ္စာပစ္စည်းမှ ထွက်ခွာရမည့် (ဇကာသ်) သည် လူတို့၏ စိတ်တွင် အလွန်ကြီးမားလေးနက်သော်လည်း၊ ထိုဇကာသ်ကို ပေးဆောင်ရာတွင် အလွန်အမင်း စည်းကြပ်စွာဆောင်ရွက်ခြင်းကြောင့် ၎င်းကို တိရစ္ဆာန်များ စွန့်ပစ်လိုက်သော မစင်ဖြင့် ပမာပေးခိုင်းနှိုင်းထားသည်။ ဤပမာပေးခိုင်းနှိုင်းမှုတွင် တရားတော်၏ရှုထောင့်အရ ထိုသို့သော အပြုအမူကို အလွန်ရွံစရာကောင်းသည်ဟု ညွှန်းဆိုထားသော လှပကောင်းမွန်သည့် အနက်အဓိပ္ပါယ် တစ်ခု ပါဝင်သည်။ ပဉ္စမဥပမာ - ဥစ္စာဓနကို ရှာဖွေစုဆောင်းခြင်းမှ ရှောင်ဖယ်သူအား အနားယူနေချိန်တွင် နေဘက်သို့ မျက်နှာမူကာ ဘေးတစ်ဖက်ကို မြေပေါ်တွင် ထိထားလေ့ရှိသော သိုးဖြင့် ပမာပေးခိုင်းနှိုင်းထားသည်။ ဤသည် ယင်းသိုး၏ အေးချမ်းမှုအရှိဆုံးနှင့် အဆင်ပြေဆုံးသော အခြေအနေဖြစ်ပြီး၊ ဤဥပမာတွင် ၎င်းအတွက် အကျိုးရှိသည်များကို သဘော ပေါက်နားလည်ခြင်းကို ညွှန်းဆိုထားသည်။ ဆဌမဥပမာ- ဥစ္စာဓနကို ရှာဖွေစုဆောင်းပြီး ယင်းကို မသုံးစွဲဘဲ‌နေခဲ့သူ၏ သေဆုံးခြင်းကို မိမိအား ထိခိုက်နာကျင်စေမည့်အရာမှ ကာကွယ်ရန် မေ့လျော့နေသော တိရစ္ဆာန်၏ သေဆုံးခြင်းဖြင့် ပမာပေးခိုင်းနှိုင်းထားခြင်း၊ သတ္တမဥပမာ-ဥစ္စာဓနကို ယုံကြည်စိတ်ချရန်မဖြစ်နိုင်ဘဲ ရန်သူအဖြစ်သို့ ပြောင်းလဲနိုင်သော မိတ်ဆွေဖြင့် ပမာပေးခိုင်းနှိုင်းထားခြင်း၊ အဘယ်ကြောင့်ဆိုသော် ဥစ္စာဓန၏ သဘောသဘာဝမှာ ချစ်ခင်မှုကြောင့် သိမ်းဆည်း၍ ခိုင်မြဲစွာ ချည်နှောင်ထားရခြင်း ဖြစ်ပြီး၊ ဤသည် ထိုဥစ္စာဓနကို ၎င်း၏အခွင့်အရေးရှိသူများအား ပေးဆောင်ခြင်းမှ အဟန့်အတားဖြစ်‌စေပြီး၊ ၎င်းကိုပိုင်ဆိုင်သူအတွက် ပြစ်ဒဏ်၏ အကြောင်းရင်းဖြစ်စေသည်။ အဋ္ဌမဥပမာ- ယင်းဥစ္စာဓနကို မတရားသောနည်းဖြင့် ရှာဖွေရယူသူကို စားသော်လည်း ဗိုက်မပြည့်သူနှင့် ပမာပေးခိုင်းနှိုင်းထားသည်။
အိမာမ်ဆင်န်ဒီက ဤဟဒီးဆ်တွင် အရေးကြီးသော အချက် နှစ်ချက်ရှိသည်ဟု ဆိုသည်။ ပထမတစ်ချက်မှာ မှန်ကန်သောနည်းလမ်းဖြင့် ရယူခြင်း၊ ဒုတိယအချက်မှာ ထိုက်တန်သော နေရာများတွင် သုံးစွဲခြင်း၊ ဤနှစ်ချက်အနက် တစ်ချက်ချို့တဲ့ပါက ဥစ္စာဓနသည် ဘေးအန္တရာယ်ဖြစ်လာနိုင်သည်။ ထို့ပြင် ဤနှစ်ချက် ( မှန်ကန်သောနည်းလမ်းဖြင့်ရယူခြင်းနှင့် ထိုက်တန်သော နေရာများတွင် သုံးစွဲခြင်း) သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ဟုလည်း ဆိုနိုင်သည်၊ လူသားသည် ဥစ္စာဓနကို မှန်ကန်သောနည်းလမ်းဖြင့် ရယူခြင်းမရှိဘဲ ထိုက်တန်သော နေရာများတွင် သုံးစွဲရန် အောင်မြင်နိုင်မည် မဟုတ်ပေ။

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...