ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိယာမသ် တရားစီရင်မည့်နေ့၌ ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မည်သူပါနည်း ဟုမေးလျှောက်ခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လာမ်)က မိန့်ကြားတော်မူသည်။ အိုအဗူဟုရိုင်ရဟ် ဟဒီးဆ်နှင့် ပတ်သက်လျှင် သင်၏စိတ်ပြင်းပြမှုကို ငါကိုယ်တော်မြင်တွေ့ရသည့်အတွက် ဤကဲ့သို့ဟဒီးဆ်မျိုးကို သင့်အလျင် ငါကိုယ်တော်အား မည်သူမျှ မေးမြန်းလိမ့်မည် မဟုတ်ဟု ထင်ထားသည်။ ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။
Explanation
Benefits
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရှဖာအသ်သည် သောင်ဟီးဒ်သစ္စာဝါဒီများအနက်မှ ဂျဟန္နမ်ငရဲသို့ ကျရောက်မည့်သူများကို ဂျဟန္နမ်သို့ မကျရောက်စေရန်နှင့် ဂျဟန္နမ်ငရဲသို့ ကျရောက်သွားသူများကို ဂျဟန္နမ်မှ ထွက်ခွင့်ရစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံ ကြားဝင်သနားခံပေးခြင်းဖြစ်သည်။
ကလိမဟ်တော်ကို အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက်သာ ရည်ရွယ်(ရွတ်ဆို)ခြင်း၏ မွန်မြတ်မှုနှင့် ယင်း၏အကျိုးကျေးဇူးကြီးမားပုံကို တင်ပြထားသည်။
သောင်ဟီးဒ်သစ္စာတရား၏ ကလိမဟ်တော်ကို အကောင်အထည်ဖေါ်ခြင်းဟူသည် ကလိမဟ်၏ အဓိပ္ပါယ်ကို သိနားလည်ပြီး ၎င်း၏တောင်းဆိုမှုများအတိုင်း လိုက်နာကျင့်သုံးခြင်းဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)၏ ထွတ်မြတ်မှုနှင့် ပညာအတွက် သူ၏စိတ်ဓာတ်ပြင်းပြမှုကိုတင်ပြသည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

