နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။
Choose an available translation of this Hadeeth
Hadeeth text
အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။
Explanation
Benefits
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သတိပေးတားမြစ်ခဲ့သည့်ကိစ္စသည် ဤအွမ္မသ်၌ ပေါ်ပေါက်လာသည်။ အုပ်စုတစ်စုသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် ပတ်သက်၍ အစွန်းရောက်ခဲ့ကြပြီး အချို့အုပ်စုသည် ‘အဟ်လွလ်ဗိုင်းသ်’ ကိုယ်တော်၏ အိမ်တော်သူအိမ်တော်သားများနှင့်ပတ်သက်၍ အစွန်းရောက်ခဲ့ကြသည်။ အချို့အုပ်စုသည် ဝလီသူတော်စင်များနှင့်ပတ်သက်၍ အစွန်းရောက်ခဲ့ကြသည်။ ဤသို့ဖြင့် ၎င်းတို့အားလုံးသည် ရှိရ်က် ဖက်စပ်ကိုးကွယ်မှုသို့ ကျရောက်ခဲ့ကြသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိသည် အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံ ကျေးကျွန်တစ်ဦးဖြစ်သည့်အတွက် ဖန်ဆင်းရှင်နှင့်သာသက်ဆိုင်သည့် မည်သည့်အရာကိုမျှ မိမိအတွက် သုံးစွဲပိုင်ခွင့်မရှိကြောင်း ရှင်းပြရန်အလို့ငှာ မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ်၏ကျွန်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း ပြောကြားခြင်းမှာ မိမိသည် အလ္လာဟ်အရှင်မြတ်စေလွှတ်သည့် ရစူလ်တမန်တော်တစ်ပါးဖြစ်သည့်အတွက် မိမိအားထောက်ခံရန်နှင့် နောက်လိုက်မှုပြုရန် အရေးကြီးကြောင်း ရှင်းပြရန်အတွက်ဖြစ်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

