افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#3360[صحيح]
HadeethEnc · 1.34.0

“အကြင်သူသည် မိန်းကလေးနှစ်ဦးအား သူတို့အရွယ်‌ရောက်ကြီးပြင်းလာသည်အထိ တာဝန်ယူထိန်းကျောင်းစောင့်ရှောက်ခဲ့လျှင်၊ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် ငါကိုယ်တော်နှင့် သူသည် ဤကဲ့သို့ ရောက်ရှိလာမည်” ဟု မိန့်တော်မူပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိ၏ လက်ချောင်းများကို စုစည်းပြသတော်မူခဲ့သည်။

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “အကြင်သူသည် မိန်းကလေးနှစ်ဦးအား သူတို့အရွယ်‌ရောက်ကြီးပြင်းလာသည်အထိ တာဝန်ယူထိန်းကျောင်းစောင့်ရှောက်ခဲ့လျှင်၊ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် ငါကိုယ်တော်နှင့် သူသည် ဤကဲ့သို့ ရောက်ရှိလာမည်” ဟု မိန့်တော်မူပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိ၏
လက်ချောင်းများကို စုစည်းပြသတော်မူခဲ့သည်။
02

Explanation

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သူမဆို သမီးမိန်းကလေးနှစ်ဦးဖြစ်‌စေ၊ အမ ညီမနှစ်ဦးဖြစ်စေ ချီးမြှင့်ခြင်းခံရပြီး၊ ၎င်းတို့နှစ်ဦး အရွယ်ရောက်ကြီးပြင်းလာသည်အထိ ၎င်းတို့၏ စရိတ်စကများကို တာဝန်ယူကာ ကောင်းမွန်စွာပြုစုပျိုးထောင်၊ ကောင်းမြတ်သောအရာများကိုသင်ကြားပေးပြီး မကောင်းမှုများမှ တားမြစ်သွန်သင်ပေးခဲ့လျှင် ကိယာမတ်နေ့တွင် ထိုသူနှင့်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့သောပုံစံဖြင့် (အတူတကွ) ရောက်ရှိလာကြမည် ဖြစ်ကြောင်း မိန့်ကြားရင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏လက်ခလယ်နှင့် လက်ချောင်းကို စုစည်းပြသတော်မူခဲ့သည်။
03

Benefits

သမီးမိန်းကလေးများအား လက်ထပ်သည်အထိ (သို့မဟုတ်) အရွယ်ရောက်သည်အထိ ၎င်းတို့၏ စရိတ်စကများကို တာဝန်ယူခြင်း၊ ပညာသင်ကြားပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းတို့ကို ပြုလုပ်သူအဖို့ အလွန်ကြီးမားသော အကျိုးဆုလာဘ်ရှိသည်။ အမညီမများအတွက်လည်း ထိုနည်းတူပင်ဖြစ်သည်။
မိန်းကလေးများကိုပြုစုပျိုးထောင်ခြင်း၏ အကျိုးဆုလာဘ်သည် ယောက်ျားလေးများကို ပြုစုပျိုးထောင်ခြင်းထက် ပိုမိုများပြားသည်။ အဘယ်ကြောင့်ဆိုသော် ဤဟဒီးစ်တော်တွင် မိန်းကလေးများနှင့်ပတ်သက်၍ ဖော်ပြထားသည့်အကြောင်းအရာမျိုးကို ယောက်ျားလေးများနှင့်ပတ်သက်၍ ဖော်ပြထားခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ယောက်ျားလေးများနှင့် နှိုင်းယှဉ်ပါက မိန်းကလေးများ၏ ပြုစုပျိုးထောင်မှုတွင် ကုန်ကျစရိတ်ပိုမိုများပြားပြီး ၎င်းတို့အား ပိုမိုဂရုစိုက်ရသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးတို့သည် ဖုံးကွယ်အပ်သောအရာများဖြစ်ပြီး (ဟိဂျာဗ်ဆိုင်ရာ စည်းမျဉ်းများကြောင့်) မိမိကိစ္စရပ်များကို မိမိတို့ကိုယ်တိုင်လုပ်ဆောင်နိုင်ခြင်း မရှိသလို သား ယောက်ျားလေးများကဲ့သို့လည်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ခြင်းမရှိပေ။ ထို့အပြင် သားယောက်ျားလေးများမှ ရရှိနိုင်သည့် ရန်သူကိုရင်ဆိုင်နိုင်သည့် အင်အား၊ မိဘ၏အမည်ကို ဆက်လက်ကျန်ရှိစေခြင်း၊ ဆွေစဉ်မျိုးဆက်ကို ဆက်လက်တည်တံ့စေခြင်း စသည့်မျှော်လင့်ချက်များကိုလည်း မိန်းကလေးများထံမှ မျှော်လင့်ထားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သမီးမိန်းက‌လေးများအား ပြုစုပျိုး ထောင်ရာတွင် သည်းခံခြင်း၊ စိတ်ရင်းစင်ကြယ်ခြင်းနှင့် ကောင်းမွန်သော ရည်ရွယ်ချက်များရှိရန် လိုအပ်သဖြင့် အကျိုးဆုလည်း ပိုမိုကြီးမားပြီး ထိုသို့သောသူသည် ကိယာမသ်နေ့တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အဆွေခင်ပွန်းဖြစ်ခွင့်ရခြင်းပင် ဖြစ်သည်။
မိန်းကလေး အရွယ်ရောက်သည်ဟု သတ်မှတ်ရမည့် အချက်များမှာ - အသက် ၁၅ နှစ် ပြည့်ခြင်း၊ အသက် ၁၅ နှစ်မတိုင်မီဖြစ်စေ ရာသီသွေး စတင်ပေါ်ခြင်း၊ မအင်္ဂါတစ်ဝိုက် ကြမ်းတမ်းသော အမွေးအမှင်များ ပေါက်ခြင်း သို့မဟုတ် သုတ်လွှတ်ခြင်း (အိပ်နေစဉ် သုတ်ရည်ထွက်ခြင်း)တို့ဖြစ်သည်။
အိမာမ်ကုရ်တုဗီက ဤသို့ဆိုသည် - မိန်းကလေးနှစ်ဦး အရွယ်ရောက်ခြင်းဆိုသည်မှာ ၎င်းတို့သည် သူတို့ကိုယ်ပိုင် လွတ်လပ်စွာ ရပ်တည်နိုင်တဲ့ အခြေအနေကို ရောက်ရှိခြင်းကို ဆိုလိုပါတယ်။(တစ်နည်းမိမိကိုယ်ကို မိမိတာဝန်ယူနိုင်သည့် အခြေအနေသို့ ရောက်ရှိခြင်းကို ဆိုလိုသည်။) မိန်းကလေးများသည် လက်ထပ်ပြီးသည့်အခါမှသာ မိမိကိုယ်ကို မိမိတာဝန်ယူနိုင်သည့် အခြေအနေသို့ ရောက်ရှိသည်။ ထို့ကြောင့် ဤနေရာတွင် အရွယ်ရောက်ခြင်းဆိုသည်မှာ ရာသီသွေးပေါ်ခြင်းနှင့် တာဝန်ခံမှုရှိခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အရွယ်မရောက်မီကပင် လက်ထပ်ပြီး စောင့်ရှောက်မှုတာဝန်သည် ခင်ပွန်းသည်အပေါ်သို့ ရောက်ရှိနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ရာသီသွေးစတင်ပေါ်သော်လည်း မိမိအကျိုးစီးပွားနှင့် ပတ်သက်၍ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိသေးသည့် အခြေအနေလည်း ရှိနိုင်သည်။ ထိုသို့သောအခြေအနေတွင် သူမအား တစ်ဦးတည်း ထားရှိပါက ပျက်စီးသွားနိုင်ပြီး သူမ၏ အခြေအနေများ ဆိုးရွားသွားနိုင်သည်။ ထို့ကြောင့် ထိုသို့သောအခြေအနေတွင် သူမအား ကာကွယ်စောင့်ရှောက်မှုနှင့် သူမအတွက် တာဝန်ယူပေးမယ့်သူကို ပိုမိုလိုအပ်ပေသည်။ သို့မသာ သူမအား ပြည့်ပြည့်ဝဝစောင့်ရှောက်နိုင်မည်ဖြစ်ပြီး၊ (လူအများတွင်) သူမနှင့် လက်ထပ်လိုစိတ် ဖြစ်ပေါ်လာမည်ဖြစ်သည်။ ဤအချက်များကို ထောက်ထားသည့်အတွက် ပညာရှင်များက မိန်းကလေးတစ်ဦး၏ ဖခင်အပေါ်မှ စားနပ်ရိက္ခာနှင့် စရိတ်စကထောက်ပံ့ရေးတာဝန်သည် ၎င်း အရွယ်ရောက်ပြီးသည်နှင့် လွတ်မြောက်သွားခြင်းမဟုတ်ဘဲ၊ ၎င်း၏ဘဝထဲသို့ ခင်ပွန်းသည်ရောက်ရှိလာပြီးနောက်မှသာ လွတ်မြောက်သွားခြင်းဖြစ် ကြောင်း မိန့်ဆိုကြသည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...