افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#10094[صحيح]
HadeethEnc · 1.34.0

။ ဤဥယျာဉ်၏နောက်ဘက်တွင် သင်တွေ့ရသောသူမှန်သမျှ မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာ သက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဟု ဝမ်းမြောက်စရာသတင်းပေးလိုက်ပါ”

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ပတ်ပတ်လည်၌ ဝိုင်းရံထိုင်နေခဲ့ကြပြီး၊ (ထို)အုပ်စုထဲ၌ ကျွန်ုပ်တို့နှင့်အတူ အဗူဘကရ်နှင့် အုမရ်( ရဿွိယလ္လာဟုအန်ဟုမာ) တို့လည်း ရှိနေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့ကြားထဲမှ ထသွားတော်မူပြီး၊ ကျွန်ုပ်တို့ထံ ပြန်လာရန် ကြန့်ကြာနေတော်မူသဖြင့်၊ ကျွန်ုပ်တို့သည် (ရန်သူများက ကိုယ်တော်တစ်ဦးတည်းရှိ‌နေသည်ကိုတွေ့ပြီး) ကိုယ်တော့်အား အန္တရာယ်ပြုမည်ကို စိုးရိမ်ကြောက်လန့်ပြီး၊ ထိတ်လန့်ကာ ထရပ်လိုက်ကြသည်။ ကျွန်ုပ်သည် ပထမဦးဆုံး ထိတ်လန့်သူဖြစ်ပြီး၊ ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့သည်။ နောက်ဆုံး၌ အန်စွာရီဆွဟာဗဟ်များထဲမှ ဗနီနဂျ်ဂျာရ်မျိုးနွယ်ဝင်တို့၏ ဥယျာဉ်တစ်ခုသို့ ရောက်ရှိသွားသည်။ ထိုဥယျာဉ်၏ တံခါးကို ရှာဖွေသော်
လည်း မတွေ့ခဲ့ပေ။ ထိုအခါ အပြင်ဘက်ရေတွင်းမှ ဥယျာဉ်အတွင်းသို့ စီးဝင်နေသောမြောင်းငယ်တစ်ခုကို တွေ့လိုက်ရသည်။ ကျွန်ုပ်သည် ခန္ဓာကိုယ်ကိုကျုံ့ကာ(ထိုမြောင်းမှ တွားသွား၍) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ဝင်ရောက်ခစားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အဗူဟိုရိုင်ရဟ်”လား ဟု မိန့်တော်မူသည်။ ကျွန်ုပ်က “အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ဟုတ်ပါသည်” ဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က “သင်ဘယ်လိုဖြစ်တာလဲ” ဟု မေးတော်မူ၏။ ကျွန်ုပ်က “ကိုယ်‌ တော်သည် ကျွန်တော်မျိုးတို့ကြား၌ ရှိနေခဲ့ပါသည်။ ထို့နောက် ထသွားတော်မူ၍ ပြန်လာရန် ကြန့်ကြာတော်မူသဖြင့်၊ ကျွန်တော်မျိုးတို့သည် (ရန်သူများက ကိုယ်တော်တစ်ဦးတည်းရှိ‌နေသည်ကိုတွေ့ပြီး) ကိုယ်တော့်အား အန္တရာယ်ပြုမည်ကို စိုးရိမ်ကြောက်လန့်ပြီး၊ ထိတ်လန့်ခဲ့ကြသည်။ ကျွန်တော်မျိုးသည် ပထမဦးဆုံး ထိတ်လန့်သူဖြစ်ပြီး၊ ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့ပြီး ဤဥယျာဉ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် မြေခွေးကျုံ့ဝင်သကဲ့သို့ ကိုယ်ကိုကျုံ့ကာဝင်ရောက်ခဲ့ပါသည်။ ဤလူများ( ကျန်သည့် စွဟာဗဟ်သာဝကများ) မှာလည်း ကျွန်တော်မျိုး၏နောက်တွင် ရှိကြပါသည်” ဟု လျှောက်ထားသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- “အို - အဗူဟိုရိုင်ရဟ်” ဟု ခေါ်တော်မူ၍ မိမိ၏ဖိနပ်နှစ်ဖက်ကို ကျွန်ုပ်အား ပေးတော်မူပြီး “သင်သည် ငါကိုယ်တော်၏ ဤဖိနပ်နှစ်ဖက်ကို ယူသွားပါ။ ဤဥယျာဉ်၏နောက်ဘက်တွင် သင်တွေ့ရသောသူမှန်သမျှ မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာ သက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဟု ဝမ်းမြောက်စရာသတင်းပေးလိုက်ပါ”။ ထိုအခါ ကျွန်ုပ်တွေ့ရှိသော ပထမဆုံးလူမှာ စွဟာဗဟ်ကြီးအုမရ်သခင် ဖြစ်သည်။ သူက “အို - အဗူဟိုရိုင်ရဟ်၊ ဤဖိနပ်နှစ်ဖက်ကား အဘယ်နည်း” ဟု မေးသည်။ ကျွန်ုပ်က “ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဖိနပ်နှစ်ဖက်ဖြစ်ပါသည်။ ကျွန်ုပ်တွေ့ရသူမှန်သမျှ မည်သူမဆို"လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်၏သတင်းကောင်းပေးရန် ကိုယ်တော်က ကျွန်ုပ်အား ဤဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်တော်မူပါသည်” ဟု ဖြေကြားလိုက်သည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ - ထိုအခါ အုမရ်(ရဿွိယလ္လာဟုအန်ဟု)သည် သူ၏လက်ဖြင့် ကျွန်ုပ်၏ရင်ဘတ်ကြားတွင် ရိုက်လိုက်သဖြင့် ကျွန်ုပ်သည် ဖင်ထိုက်လျက် လဲကျသွားပါသည်။ ထို့နောက် သူက “အို - အဗူဟိုရိုင်ရဟ်၊ ပြန်သွားလော့” ဟု ဆိုသည်။ ထို့ကြောင့် ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံတော်သို့ ပြန်လာခဲ့ပြီး ရှိုက်ကြီးတငင်ငိုကြွေးလိုက်သည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)ကလည်း ကျွန်ုပ်၏နောက်မှ လိုက်ပါလာခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အို-အဗူဟိုရိုင်ရဟ်၊ သင်ဘာဖြစ်တာလည်း” ဟု မေးတော်မူ၏။ ကျွန်ုပ်က လျှောက်ထားခဲ့သည်မှာ- “ ကျွန်တော်မျိုး အုမရ်အား တွေ့ဆုံခဲ့ပြီး ကိုယ်တော် ကျွန်တော်မျိုးအား စေလွှတ်တော်မူသည့်အကြောင်းကို ၎င်းအား ပြောပြလိုက်သည်။ ထိုအခါ ၎င်းကသူ ကျွန်တော်မျိုး၏ရင်ဘတ်ကြားကို တစ်ချက်ရိုက်လိုက်ရာ ကျွန်တော်မျိုး ဖင်ထိုက်လျက် လဲကျသွားပါသည်။ ထို့နောက် ၎င်းက အသင် ‘ပြန်သွားလော့’ ဟု ပြောပါသည်” ဟု လျှောက်ထားသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အို “အုမရ်၊ အဘယ်အရာက သင့်အား ဤသို့ပြုလုပ်စေခဲ့သနည်း” ဟု မေးတော်မူ၏။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုး၏မိဘနှစ်ပါးကို ကိုယ်တော့်အတွက် စွန့်လွှတ်စတေးပါ၏။ ကိုယ်တော်သည် အဗူဟုရိုင်ရဟ်အား ကိုယ်တော်၏ ဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်၍ ၎င်းတွေ့ဆုံခဲ့သည့် မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံ၏ သတင်းကောင်းပေးလိုက်ပါ ဟု မိန့်ကြားတော်မူခဲ့ပါသလောဟု လျှောက်ထားမေးမြန်း၏။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က က “ဟုတ်တယ်” ဟု မိန့်တော်မူ၏။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “ထိုသို့ ပြုလုပ်တော်မမူပါနှင့်။ အကြောင်းမှာ လူတို့သည် ဤအပေါ်တွင်သာ အားထား၍ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းအားစွန့်လွှတ်ကြမည်ကို ကျွန်‌တော်မျိုး စိုးရိမ်မိပါသည်။ ထို့ကြောင့် ၎င်းတို့အား ကောင်းမှုကုသိုလ်များ ကျင့်ဆောင်နေကြလျက်ပင်” လွှတ်ထားတော်မူပါဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က“သို့ဆိုလျှင် အသင် သူတို့ကို လွှတ်ထားလိုက်ပါ” ဟု မိန့်တော်မူသည်။
02

Explanation

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏
တပည့်သာဝကများထဲမှ အုပ်စုတစ်စုနှင့်အတူ ထိုင်နေတော်မူခဲ့ပြီး၊ (ထို)အုပ်စုထဲ၌ အဗူဘကရ်နှင့် အုမရ်( ရဿွိယလ္လာဟုအန်ဟုမာ) တို့လည်း ရှိနေသည်။ ထို့နောက် ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထသွားတော်မူပြီး၊ ကျွန်ုပ်တို့ထံ ပြန်လာရန် ကြန့်ကြာနေတော်မူသဖြင့်၊ စွဟာဗဟ်သာဝကများသည် ကိုယ်တော့်အား ရန်သူတစ်ဦးဦးက ဖမ်းဆီးခြင်း သို့မဟုတ် အခြားသော ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်မည်ကို စိုးရိမ်ခဲ့ကြ၏။ စွဟာဗဟ်များသည် ထိတ်လန့်ကာ ထရပ်လိုက်ကြသည်။ အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု) သည် ပထမဦးဆုံး ထိတ်လန့်ခဲ့သူဖြစ်ပြီး၊(ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့ကာ) နောက်ဆုံးတွင် ဗနီနဂျ်ဂျာရ်မျိုးနွယ်ဝင်တို့၏ ဥယျာဉ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုဥယျာဉ်၏ တံခါးဖွင့်ထားခြင်း ရှိမရှိ တွေ့လိုတွေ့ငြား လှည့်ပတ်ရှာဖွေသော်လည်း မတွေ့ရှိခဲ့ပေ။ သို့သော် နံရံတွင်ရေစီးဝင်သည့် အပေါက်ငယ်တစ်ခုကိုတွေ့ရှိသဖြင့် ခန္ဓာကိုယ်ကို ကျုံ့ကာဝင် ရောက်ခဲ့၏။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို ရှာဖွေတွေ့ရှိခဲ့လေ၏။ ကိုယ်တော်က ၎င်းအား “ အသင် အဘူဟုရိုင်ရဟ်လား”ဟု မေးတော်မူ၏။ ၎င်းက "ဟုတ်ပါသည်" ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က “သင်ဘယ်လိုဖြစ်တာလဲ” ဟု မေးတော်မူ၏။ ကျွန်ုပ်က “ကိုယ်‌တော်သည် ကျွန်တော်မျိုးတို့ကြား၌ ရှိနေခဲ့ပါသည်။ ထို့နောက် ထသွားတော်မူ၍ ပြန်လာရန် ကြန့်ကြာတော်မူသဖြင့်၊ ကျွန်တော်မျိုးတို့သည် (ရန်သူများက ကိုယ်တော်တစ်ဦးတည်းရှိ‌နေသည်ကိုတွေ့ပြီး) ကိုယ်တော့်အား အန္တရာယ်ပြုမည်ကို စိုးရိမ်ကြောက်လန့်ပြီး၊ ထိတ်လန့်ခဲ့ကြသည်။ ကျွန်တော်မျိုးသည် ပထမဦးဆုံး ထိတ်လန့်သူဖြစ်ပြီး၊ ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့ပြီး ဤဥယျာဉ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် မြေခွေးကျုံ့ဝင်သကဲ့သို့ ကိုယ်ကိုကျုံ့ကာဝင်ရောက်ခဲ့ပါသည်။ ဤလူများ( ကျန်သည့် စွဟာဗဟ်သာဝကများ) မှာလည်း ကျွန်တော်မျိုး၏နောက်တွင် ရှိကြပါသည်” ဟု လျှောက်ထားသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ဖိနပ်နှစ်ဖက်ကို ၎င်းအား မှန်ကန်သူဖြစ်
ကြောင်း အမှတ်သင်္ကေတနှင့် အထောက်အထားအဖြစ် ပေးအပ်တော်မူပြီး မိန့်တော်မူသည်မှာ- “သင်သည် ငါကိုယ်
တော်၏ ဤဖိနပ်နှစ်ဖက်ကို ယူသွားပါ။ ဤဥယျာဉ်၏
နောက်ဘက်တွင် သင်တွေ့ရသောသူမှန်သမျှ မည်သူမဆို "လာအိလာအစ်လ္လလာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာ သက်သေခံခဲ့လျင်၊ ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှဖြစ်ကြောင်း (သတင်းကောင်းပါးလိုက်ပါ။) ထို့နောက် ၎င်းတွေ့ရှိခဲ့သော ပထမဆုံးလူမှာ စွဟာဗဟ်ကြီးအုမရ်သခင် ဖြစ်
သည်။ သူက “အို - အဗူဟုရိုင်ရဟ်၊ ဤဖိနပ်နှစ်ဖက်ကား အဘယ်နည်း” ဟု မေးသည်။ ကျွန်ုပ်က “ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဖိနပ်နှစ်ဖက်ဖြစ်ပါသည်။ ကျွန်ုပ်တွေ့ရသူမှန်သမျှ မည်သူ
မဆို"လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်၏သတင်းကောင်းပေးရန် ကိုယ်တော်က ကျွန်ုပ်အား ဤဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်တော်မူပါသည်” ဟု ဖြေကြားလိုက်သည်။ ထိုအခါ အုမရ်(ရဿွိယလ္လာဟုအန်ဟု)သည် မိမိ၏
လက်ဖြင့် အဘူဟုရိုင်ရဟ်၏ရင်ဘတ်ကြားတွင် ရိုက်လိုက်သဖြင့် သူသည် ဖင်ထိုက်လျက် လဲကျသွားလေသည်။ ထို့နောက် သူက “အို - အဗူဟိုရိုင်ရဟ်၊ ပြန်သွားလော့” ဟု ဆိုသည်။ ထို့ကြောင့် ကျွန်ုပ်သည် ထိတ်လန့်လျက်၊ မျက်နှာပျက်လျက်၊ ငိုတော့မည်နီးနီးဖြင့်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံတော်သို့ ပြန်လာခဲ့သည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)ကလည်း ကျွန်ုပ်၏နောက်မှ လိုက်ပါလာခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အို-အဗူဟိုရိုင်ရဟ်၊ သင်ဘာဖြစ်တာလည်း” ဟု မေးတော်မူ၏။ ကျွန်ုပ်က လျှောက်ထားခဲ့သည်မှာ- “ ကျွန်
တော်မျိုး အုမရ်အား တွေ့ဆုံခဲ့ပြီး ကိုယ်
တော် ကျွန်
တော်မျိုးအား စေလွှတ်တော်မူသည့်အကြောင်းကို ၎င်းအား ပြောပြလိုက်သည်။ ထိုအခါ ၎င်းကသူ ကျွန်တော်မျိုးအား တစ်ချက်ရိုက်လိုက်ရာ ကျွန်တော်မျိုး ဖင်ထိုက်လျက် လဲကျသွားပါသည်။ ထို့နောက် ၎င်းက အသင် ‘ပြန်သွားလော့’ ဟု ပြောပါသည်” ဟု လျှောက်ထားသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အို “အုမရ်၊ အဘယ်အရာက သင့်အား ဤသို့ပြုလုပ်စေခဲ့သနည်း” ဟု မေးတော်မူ၏။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုး၏မိဘနှစ်ပါးကို ကိုယ်တော့်အတွက် စွန့်လွှတ်စတေးပါ၏။ ကိုယ်တော်သည် အဗူဟုရိုင်ရဟ်အား ကိုယ်တော်၏ ဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်၍ ၎င်းတွေ့ဆုံခဲ့သည့် မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံ၏ သတင်းကောင်းပေးလိုက်ပါ ဟု မိန့်ကြားတော်မူခဲ့ပါသလောဟု လျှောက်ထားမေးမြန်း၏။ ကိုယ်တော်က"ဟုတ်တယ်" ဟု ဖြေကြား တော်မူခဲ့သည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “ထိုသို့ ပြုလုပ်တော်မမူပါနှင့်။ အကြောင်းမှာ လူတို့သည် ဤစကားရပ်ပေါ်တွင်သာ အားထား၍ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းအားစွန့်လွှတ်ကြမည်ကို ကျွန်‌တော်မျိုး စိုးရိမ်မိပါသည်။ ထို့ကြောင့် ၎င်းတို့အား ကောင်းမှုကုသိုလ်များ ကျင့်ဆောင်နေကြလျက်ပင်” လွှတ်ထားတော်မူပါဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က“သို့ဆိုလျှင် အသင် သူတို့ကို လွှတ်ထားလိုက်ပါ” ဟု မိန့်တော်မူသည်။
03

Benefits

စွဟာဗဟ်တို့၏ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် ပြင်းထန်သောချစ်ခြင်းနှင့် ကိုယ်တော်မြတ်၏ ဘေးအန္တ ရာယ်တိုင်းမှ လုံခြုံစိတ်ချရေးအတွက် ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှု။
ဝမ်းမြောက်ဖွယ်သတင်းကောင်းပေးခြင်း၏ တရားတော်လာခွင့်ပြုချက်။
အီမာန်ဟူသည် စကား၊ လုပ်ရပ်နှင့် ယုံကြည်ချက် တို့ဖြစ်သည်။
ကာဿွီအိယာဿ်ွနှင့် အခြားသောပညာရှင်များက မိန့်ဆိုသည်မှာ- အုမရ်(ရဿွိယလ္လာဟုအန်ဟု) ၏ ဤလုပ်ရပ်နှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ပြန်လည်မေးမြန်းခြင်းသည် တမန်တော်မြတ်အား ကန့်ကွက်ခြင်း သို့မဟုတ် ၎င်း၏အမိန့်ကို ပယ်ချလိုသည့်အနေဖြင့် မဟုတ်ပေ။ အကြောင်းမှာ အဗူဟုရိုင်ရဟ်အား စေလွှတ်ခြင်း၏ ရည်ရွယ်ချက်မှာ အွမ်မသ်၏ နှလုံးသားများကို ကျေနပ်စေရန်နှင့် ၎င်းတို့အား ဝမ်းမြောက်ဖွယ်သတင်း ပေးအပ်ရန်သာ ဖြစ်သည်။ သို့သော် အုမရ်(ရဿွိယလ္လာဟုအန်ဟု)က ဤဝမ်းမြောက်ဖွယ်သတင်းကို ဖုံးကွယ်ထားခြင်းသည် လူများအတွက် ပိုမိုကောင်းမွန်ပြီး ၎င်းတို့သည် (ကောင်းမှုကုသိုလ်များအပေါ်သာ) အားမကိုးမိစေရန် ပိုမိုသင့်‌လျော်ကြောင်း သိမြင်နားလည်ခဲ့သည်။ ဤသည် ၎င်းတို့အား ချက်ချင်းသတင်းပေးခြင်းထက် ပိုမိုကောင်းမွန်ပြီး ကောင်းကျိုးဖြစ်စေပါသည်။ အဆိုပါအကြောင်းကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တင်ပြသောအခါ ကိုယ်တော်က ထိုအချက်နှင့်ပတ်သတ်၍ ၎င်းအား မှန်ကန်သည်ဟု အတည်ပြုခဲ့သည်။
အိမာမ်နဝဝီက မိန့်ဆိုသည်မှာ – ဤဟဒီးစ်တွင် ခေါင်း ဆောင် သို့မဟုတ် အကြီးအကဲတစ်ဦးသည် အရာတစ်ခုကို မြင်ပြီး ၎င်း၏ နောက်လိုက်အချို့က ထိုအမြင်နှင့် ဆန့်ကျင်ဘက်အမြင်ရှိပါက၊ နောက်လိုက်အနေဖြင့် ၎င်းအမြင်ကို မိမိနောက်လိုက်သူ(ခေါင်းဆောင်အိမာမ်)ထံ တင်ပြသင့်သည်။ အကယ်၍ နောက်လိုက်၏ အဆိုသည် မှန်ကန်ကြောင်း ထင်ရှားပါက ယင်းအဆိုအား လိုက်နာသင့်သည်။ သို့မဟုတ်ပါက နောက်လိုက်အား သံသယဖြစ်ဖွယ်ရာကိစ္စအတွက် အဖြေကို ရှင်းပြသင့်သည်။
အချို့သောပညာရပ်များကို (လူများအတွက်)လိုအပ်ချက်မရှိပါက အကျိုးရှိစေရန် သို့မဟုတ် ပျက်စီးခြင်းကို စိုးရိမ်ကြောက်ရွံ့ရသောကြောင့် ဖြန့်ဝေခြင်းမပြုခွင့်ရှိသည်။
တစ်ဆူတည်းသောအရှင်ကို ယုံကြည်သူများအတွက် ကြီးကျယ်သော ဝမ်းမြောက်ဖွယ်သတင်းရှိပြီး၊ မည်သူမဆို "လာအိလာဟအိလ်လလ္လာဟ်" (အလ္လာဟ်အရှင်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်မရှိ) ဟု စိတ်နှလုံးအတွင်းမှ စင်ကြယ်စွာသက်သေခံလျက် သေဆုံးပါက ထိုသူအတွက် ဂျန္နသ်သုခဘုံ ရှိသည်။
အုမရ်(ရဿွိယလ္လာဟုအန်ဟု) ၏ (အီမာန်) ခွန်အား၊ ပညာဉာဏ်နှင့် ဖိက်ဟ်ပညာရပ်အား ကျယ်ကျယ်ပြန့်ပြန့်နားလည်မှု။
အိမာမ်နဝဝီက မိန့်ဆိုသည်မှာ – ဤဟဒီးစ်တွင် လူတစ်ဦးသည် အခြားသူပိုင်သည့်နေရာသို့ ၎င်း၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့်ရှိသည်။ (စည်းကမ်းချက်မှာ) ထိုသူအနေဖြင့် အခြားသူသည် မိမိတို့ကြားရှိ ချစ်ခင်ရင်းနှီးမှုကြောင့် သို့မဟုတ် အခြားအကြောင်းတစ်ခုခုဖြင့် ယင်းကို ကျေနပ်သည်ဟု သိရှိပါက ပြုခွင့်ရှိသည်။

Attribution

[رواه مسلم]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...