အသင်တို့သည် ကျင်ငယ်ရေ(ပေကျံခြင်း) မှ ရှောင်ကြဉ်ကြပါ။ ကဗရ်၌ အဇာဗ်ပေးခြင်းခံရသည့် (အကြောင်းအရင်းများအနက်) အများစုသည် ဤကိစ္စကြောင့်ဖြစ်သည်။
Choose an available translation of this Hadeeth
Hadeeth text
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ အသင်တို့သည် ကျင်ငယ်ရေ(ပေကျံခြင်း) မှ ရှောင်ကြဉ်ကြပါ။ ကဗရ်၌ အဇာဗ်ပေးခြင်းခံရသည့် (အကြောင်းအရင်းများအနက်) အများစုသည် ဤကိစ္စကြောင့်ဖြစ်သည်။
Explanation
Benefits
အညစ်အကြေးများ လူးပေနေခြင်းမျိုး မဖြစ်စေရန်အတွက် ဆီးစက်များပေကျံခဲ့ပါက ချက်ချင်းဆေးကြော သန့်စင်လိုက်ခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ဆွလာသ် ဆောက်တည်မည်ဆိုပါက ယင်းအား သန့်ရှင်းအောင်ပြုလုပ်ခြင်းသည် အရေးကြီးတာဝန်ပင်ဖြစ်သည်။
ကျင်ငယ်ရေသည် (နဂျာစသ်) အညစ်အကြေးဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်၊ အဝတ်အစား၊ နေရာတစ်ခုခုတွင် ထိသွားပါက ထိုအရာကို မသန့်ဖြစ်စေသည်။ ၎င်းရှိနေလျှင် ဆွလာသ်ဆောက်တည်ခြင်း မပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အညစ်အကြေးများမှ သန့်ရှင်းစင်ကြယ်ခြင်းသည် ဆွလာသ်၏(ဖရ်ဿ်ွ) စည်းကမ်းချက်များအနက်မှတစ်ခုဖြစ်သည်။
ဆီးစက်များမှ သေချာသန့်ရှင်းအောင် မပြုခြင်းသည် ပြစ်မှုကြီးများထဲတွင် ပါဝင်သည်။
ကဗရ်အဇာဗ်ရှိကြောင်း အတည်ပြုတင်ပြထားသည်။ ကုရ်အာန်ကျမ်းမြတ်၊ ဟဒီးဆ်တော် နှင့် (အိဂ်ျမာအ်) သာသနာ့ပညာရှင်များ အားလုံး တစ်စုတစ်စည်းတည်း ဆုံးဖြတ်ချက်အရ ကဗရ်အဇာဗ် ရှိကြောင်း အတည်ဖြစ်သည်။
နောင်တမလွန် အာခိရသ်တွင် အစားပြန်လည်ရရှိခြင်းကို အတည်ပြုတင်ပြထားသည်။ အာခိရသ်၏ စခန်းများအနက် ကဗရ်သင်္ချိုင်းသည် ပထမဦးဆုံးစခန်းပင်ဖြစ်သည်။ ကဗရ်သင်္ချိုင်းသည် ဂျန္နသ်သုခဘုံ၏ ဥယျာဉ်များအနက်မှ ဥယျာဉ်တစ်ခု ဖြစ်နိုင်သလို၊ ဂျဟန္နမ် ငရဲဘုံ၏ မီးတွင်းများအနက်မှ မီးတွင်းတစ်ခုလည်း ဖြစ်နိုင်သည်။
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

